Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထူးခြားသော စာသောက်ဆိုင် Mr Beast

Mr Beast ဆိုသူဟာ Youtube မှာ ၄၈.၂ သန်း ကြည့်ရှုသူရှိပြီး အခုဆိုရင်တော့ အစပိုင်းမှာမြောက်ပိုင်းကယ်ရိုလိုင်းနားခရိုင် မှာပါဆယ်ဝယ်ယူလို့ရနိုင်တဲ့ စားသောက်ဆိုင်လေးဖွင့်ခဲ့ပါတယ်။ထိုဆိုင်စစဖွင့်ခြင့်မှာရဲ့ရှေ့ရောက်သွားပြီဆိုရင် ဆိုင်လာသူများဟာ အစားအစာ တစ်ခုမဟုတ်တစ်ခု ရယူပြီးမှသာပြန်ကျရပါတယ်။

 

နာမည်ကြီး You tube ဗီဒီယို ရိုက်ကူးသူနှင့် ပရဟိတ သမားဖြစ်သူ Jimmy MrBeast Donaldson က အစားအသောက်လုပ်ငန်းစီးပွားရေးတစ်ခုကို လုပ်ဖို့ စိတ်ကူးရပုံပါ ဒါနဲ့ပဲ MrBeast ဆိုတဲ့နာမည် အသားညှပ်ပါမုန့်အရောင်းဆိုင်လေး ဖွင့်ခဲ့ပြီးသူ့ဆိုင်ကို လူတွေ စိတ်ဝင်စားလာအောင် အစားအစာ ချဲလန့် ဗီဒီယို များနှင့် အနိုင်ရရှိသူများကို ဒေါ်လာ အမြှောက်အများပေးရုံမက ၊ အိုင်ပတ် အသစ်များ နှင့် ကားအသစ်ကြီးပါပေးခဲ့ပါတယ်။

 

အဆိုပါ ကြော်ငြာ ဗီဒီယိုကို ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ ၁၉ ရက်နေ့ ဆိုရှယ် မီဒီယာပေါ်တင်ခဲ့ပြီး အစားအစာများကို ငွေကြေးမပြည့်စုံသူများအားပေးလှ ူခဲ့ပါတယ်။ထို့အပြင် အသားညှပ်ပါမုန့်နှင့်အာလူးကြော်မှာယူသူများကို ဒေါ်လာ ၁၀၀ စီပြန်ပေးပြီးအချို့ ကံကောင်းတဲ့ သူများကို အိုင်ပပ် ၊ အပ်ပဲ နားကြပ်စတာတွေကို ပေးခဲ့ပါတယ်။ထို့အပြင် ကားနှင့်လာဝယ်တဲ့ အမျိုးသမီး တစ်ဦးမှ သူမရဲ့ကား ဆိုင်ရဲ့ပါဆယ်ဝယ်ယူတဲ့ တံခါးလေးနှင့်ထိမိခဲ့တာမို့ ထိုအမျိုးသမီးအားကားအသစ်တစ်စီးပေးအပ်ခဲ့တယ်သိရပါတယ်

 

လူတွေ အရမ်းများလွန်းတာကြောင့် သူတို့မြို့မှ ရဲများရောက်လာသဖြင့်ထိုနေ့မှ ၎င်းဆိုင်အား ပိတ်ခဲ့တယ်သိရပါတယ် ပြီးနောက် သူ့Twitter မှာတပ်လာတာက MrBeast Burger ဆိုင် ၃ ရာကျော်ထပ်ဖွင့်အုံးမှာပါတဲ့။ထိုဆိုင်မှ ဟမ်ဘာကာ ဝယ်ယူပါက အလှ ူငွေအတွက် သီးသန့် ပေးပြီးသားဖစ်ပြီး သူ့ဆိုင်ကို ဆိုင်ထိလာရောက်ဝယ်စားသူတွေ များတဲ့အပြင် အမေရိကန်ရဲ့အစားအစာ ပို့ဆောင်ရေးလုပ်ငန်းတွေ ဖြစ်တဲ့ Postmates နဲ့ UberEats တို့မှာ လူမှာ အများဆုံးဆိုင်အဖြစ် ထိပ်ရောက်နေပါတယ်တဲ့။

 

 

Ref : The Indian Express 

Read times
Rate this item
(2 votes)