Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးကြိုကာလ တွင် ရေလိုအပ်မှုနည်းသည့် သီးနှံများစိုက်ပျိုးသင့်

မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံအဝင်နောက်ကျခဲ့သည့်အတွက် မိုးကြိုကာလ တွင်

ရေလိုအပ်မှုနည်းသည့် သီးနှံများစိုက်ပျိုးသင့်

၂၀၂၀ပြည့်နှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံအဝင်နောက်ကျခဲ့သည့်အတွက် မိုးကြိုကာလတွင် ရာသီဥတုပေါ်မူတည်၍ ရေလိုအပ်မှုနည်းသည့် သီးနှံများ ကို တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ နည်းပညာအခက်ခဲရှိပါက စိုက်ပျိုးရေးဦးစီးဌာန သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ မေ ၂၅ ရက်တွင်ပြောသည်။

ဒေါက်တာရဲတင့်ထွန်းက “မိုးအရ နည်းရင် တောင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှု တွေလုပ်ဖို့ လိုအပ်တယ်။ ရေလိုအပ်ချက်နည်းပြီး ဒေသနဲ့ ကိုက်ညီပြီး ဈေးကွက်ရှိတဲ့ သီးနှံတွေပြောင်းလဲ စိုက်ပျိုးသင့်တယ်။ သီးနှံမပြောင်းလဲနိုင်ရင် ရေလိုအပ်ချက်နည်းပြီး ရေငတ်ဒဏ်ခံနိုင်တဲ့ မျိုးကွဲပြောင်းလဲစိုက်ပျိုးတာတွေ၊ ရေအလေအလွင့်များတဲ့ ရေပေးသွင်းမှုစနစ်အစား ရေချွေတာသုံးစွဲနိုင်တဲ့ ရေသွင်းနည်းစနစ်တွေ အသုံးပြုတာမျိုး၊ မြေဖုံးပစ္စည်းတွေ ထည့်သွင်းဆောင်ရွက်တာမျိုး၊ ရေရရှိဖို့ နည်းလမ်းအသစ်တွေရှာဖွေဖော်ထုတ် စီမံတာတွေ လုပ်သင့်တယ်’’ ဟုပြောသည်။

ရေရရှိမှုအပိုင်းတွင် ဆည်ရေသောက်ဧရိယာများမှ ရေရရှိနိုင်ကြောင်း၊ မိုးကောင်းသည့် နေရာ တွေကတော့ ကြိုတင်စဉ်းစားပြင်ဆင်ထားဖို့လိုအပ်ကြောင်းသိရသည်။ဒေါက်တာရဲတင့်ထွန်းက “ဈေးကွက် ဝယ်လိုအားရှိမယ့် သက်တမ်းတိုမယ့် မျိုးတွေ ကိုပြောင်းလဲ စိုက်ပျိုးသင့်တယ် လို့ယူဆတယ်။ နောက်တစ်ခု က စောစော စိုက်နိုင်ရင် ရေရရှိမှု အခက် အခဲ ဖြေရှင်းပေးနိုင်မယ့် အနေအထားမှာ ရှိတာပေါ့။ မိုးကြိုတင်ခံထားပြီး၊ ကျဲတဲ့ အခါ၊ အခြောက်ကျဲမလား၊ အစို ကျဲမလား၊ ရေလိုအပ်ချက် နည်းနိုင်တဲ့ နည်းစနစ်တွေ နဲ့ စိုက်ပျိုးရင် ထိခိုက်မှုနည်းနိုင်တယ်လို့ယူဆတယ်။’’ ဟုပြောသည်။

မိုးကြိုကာလ တွင် နွေစပါးလက်ကျန် (မရိတ်သိမ်းရသေးသည့်စပါးများရှိကြောင်း) မိုးကြိုသီးနှံ အနေဖြင့် နှမ်း၊ ပဲတီစိမ်း များ စိုက်ပျိုးကြကြောင်း သိရသည်။နည်းပညာနှင့် ပတ်သက်ပြီး နည်းပညာပေးစင်တာများမှ တောင်သူများကိုပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကာလ တွင် Facebbook နှင့် Viber တို့ မှ ပညာပေးမှု များ ဆောင်ရွက်လျက်ရှိကြောင်း၊ထို့ပြင် call center ဖုန်-၀၁-၂၃၉၉၅၅၅ သို့ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အကူ အညီ အကြံဉာဏ်များတောင်းခံနိုင်ကြောင်း သိရသည်။

(Xinhua)

zawgyi

ျမစ္ဝကြၽန္းေပၚေဒသတြင္ မုတ္သုံအဝင္ေနာက္က်ခဲ့သည့္အတြက္ မိုးႀကိဳကာလ တြင္ ေရလိုအပ္မႈနည္းသည့္ သီးႏွံမ်ားစိုက္ပ်ိဳးသင့္

၂၀၂၀ျပည့္ႏွစ္တြင္ ျမစ္ဝကြၽန္းေပၚေဒသတြင္ မုတ္သုံအဝင္ေနာက္က်ခဲ့သည့္အတြက္ မိုးႀကိဳကာလတြင္ ရာသီဥတုေပၚမူတည္၍ ေရလိုအပ္မႈနည္းသည့္ သီးႏွံမ်ား ကို ေတာင္သူမ်ား အေနျဖင့္ စိုက္ပ်ိဳးသင့္ေၾကာင္း၊ နည္းပညာအခက္ခဲရွိပါက စိုက္ပ်ိဳးေရးဦးစီးဌာန သို႔ ဆက္သြယ္အကူအညီေတာင္းခံႏိုင္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာရဲတင့္ထြန္းက ဆင္ဟြာသို႔ ေမ ၂၅ ရက္တြင္ေျပာသည္။

ေဒါက္တာရဲတင့္ထြန္းက “မိုးအရ နည္းရင္ ေတာင္သူေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္မႈ ေတြလုပ္ဖို႔ လိုအပ္တယ္။ ေရလိုအပ္ခ်က္နည္းၿပီး ေဒသနဲ႔ ကိုက္ညီၿပီး ေဈးကြက္ရွိတဲ့ သီးႏွံေတြေျပာင္းလဲ စိုက္ပ်ိဳးသင့္တယ္။ သီးႏွံမေျပာင္းလဲႏိုင္ရင္ ေရလိုအပ္ခ်က္နည္းၿပီး ေရငတ္ဒဏ္ခံႏိုင္တဲ့ မ်ိဳးကြဲေျပာင္းလဲစိုက္ပ်ိဳးတာေတြ၊ ေရအေလအလြင့္မ်ားတဲ့ ေရေပးသြင္းမႈစနစ္အစား ေရေခြၽတာသုံးစြဲႏိုင္တဲ့ ေရသြင္းနည္းစနစ္ေတြ အသုံးျပဳတာမ်ိဳး၊ ေျမဖုံးပစၥည္းေတြ ထည့္သြင္းေဆာင္႐ြက္တာမ်ိဳး၊ ေရရရွိဖို႔ နည္းလမ္းအသစ္ေတြရွာေဖြေဖာ္ထုတ္ စီမံတာေတြ လုပ္သင့္တယ္’’ ဟုေျပာသည္။

ေရရရွိမႈအပိုင္းတြင္ ဆည္ေရေသာက္ဧရိယာမ်ားမွ ေရရရွိႏိုင္ေၾကာင္း၊ မိုးေကာင္းသည့္ ေနရာ ေတြကေတာ့ ႀကိဳတင္စဥ္းစားျပင္ဆင္ထားဖို႔လိုအပ္ေၾကာင္းသိရသည္။ေဒါက္တာရဲတင့္ထြန္းက “ေဈးကြက္ ဝယ္လိုအားရွိမယ့္ သက္တမ္းတိုမယ့္ မ်ိဳးေတြ ကိုေျပာင္းလဲ စိုက္ပ်ိဳးသင့္တယ္ လို႔ယူဆတယ္။ ေနာက္တစ္ခု က ေစာေစာ စိုက္ႏိုင္ရင္ ေရရရွိမႈ အခက္ အခဲ ေျဖရွင္းေပးႏိုင္မယ့္ အေနအထားမွာ ရွိတာေပါ့။ မိုးႀကိဳတင္ခံထားၿပီး၊ က်ဲတဲ့ အခါ၊ အေျခာက္က်ဲမလား၊ အစို က်ဲမလား၊ ေရလိုအပ္ခ်က္ နည္းႏိုင္တဲ့ နည္းစနစ္ေတြ နဲ႔ စိုက္ပ်ိဳးရင္ ထိခိုက္မႈနည္းႏိုင္တယ္လို႔ယူဆတယ္။’’ ဟုေျပာသည္။

မိုးႀကိဳကာလ တြင္ ေႏြစပါးလက္က်န္ (မရိတ္သိမ္းရေသးသည့္စပါးမ်ားရွိေၾကာင္း) မိုးႀကိဳသီးႏွံ အေနျဖင့္ ႏွမ္း၊ ပဲတီစိမ္း မ်ား စိုက္ပ်ိဳးၾကေၾကာင္း သိရသည္။နည္းပညာႏွင့္ ပတ္သက္ၿပီး နည္းပညာေပးစင္တာမ်ားမွ ေတာင္သူမ်ားကိုပညာေပးအစီအစဥ္မ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ COVID-19 ကာလ တြင္ Facebbook ႏွင့္ Viber တို႔ မွ ပညာေပးမႈ မ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ထို႔ျပင္ call center ဖုန္-၀၁-၂၃၉၉၅၅၅ သို႔ စိုက္ပ်ိဳးေရးႏွင့္ ပတ္သက္သည့္ အကူ အညီ အႀကံဉာဏ္မ်ားေတာင္းခံႏိုင္ေၾကာင္း သိရသည္။ (Xinhua)

 

Read times
Rate this item
(0 votes)