Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်စာ စားသောက်ဆိုင်က ရှားပါး လိမ္မော်ရောင် ကျောက်ပုစွန်ကို ငါးပြတိုက်သို့ လှူဒါန်း

အမေရိကန် မတ်စာချူးဆက်ပြည်နယ်မှ Eastham မြို့မှာ တည်ရှိတဲ့ Arnold’s Lobster and Clam Bar

ပင်လယ်စာ စားသောက်ဆိုင်က ရှားရှားပါးပါး လိမ္မော်ရောင် ကျောက်ပုစွန်တစ်ကောင်ကို လက်ကားအရောင်းလုပ်ငန်းမှ လာပို့တဲ့ ကျောက်ပုစွန်တွေထဲမှာ ရောပါလာတာ တွေ့ရှိပြီး ငါးပြတိုက်မှ ပြသထားဖို့ လှူဒါန်းလိုက်ပါတယ်။

 

 

အခုလို ထူးထူးခြားခြား လိမ္မော်ရောင် ဖြစ်နေရတာဟာ ဗီဇသန္ဓေပြောင်းခြင်း ဖြစ်ပွားခဲ့လို့ ဖြစ်ပြီး အခုလို ဗီဇသန္ဓေပြောင်းခြင်းဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် ဖြစ်ပါတယ်။ ကျောက်ပုစွန် အကောင် သန်းပေါင်း ၃၀ မှာမှ တစ်ကောင်လောက်ပဲ အခုလို ဖြစ်ပွားပါတယ်။

 

တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမယ်။ Arnold’s Lobster and Clam Bar က ပြီးခဲ့တဲ့နှစ်တုန်းကလည်း ထူးထူးခြားခြား အပြာလွှမ်းတဲ့ ကျောက်ပုစွန်တစ်ကောင် ရခဲ့ဖူးတယ်။ အခုလိုပဲ လက်ကားအရောင်းသမား လာပို့တဲ့ ကျောက်ပုစွန်တွေထဲမှာ အတူပါလာခဲ့တာ ဖြစ်ပါတယ်။ ချစ်စနိုးဖြင့် ဘေဘီအပြာ "Baby Blue" လို့ အမည်ပေးခဲ့ပြီး ငါးပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။

ကျောက်ပုစွန် အကောင်  ၂ သန်းမှာမှ တစ်ကောင်လောက်ပဲ အခုလို အပြာရောင် ဖြစ်ပါတယ်။

 

 

 

Read times
Rate this item
(0 votes)