Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပထမဦးဆုံးအကြိမ် ဒူးရင်းသီးမုန့်လုံးရေပေါ်နဲ့ ဧည့်ခံမယ့် "သနပ်ခါးသင်္ကြန်ပွဲတော်"

Sanchaung Food Town မှ ကြီးမှုးကျင်းပသော "သနပ်ခါးသင်္ကြန်ပွဲတော်"ကို ဧပြီလ ၉ ရက်နေ့ မှ ၁၂ရက်နေ့အထိ ကျင်းပသွားမည်ဟု ဧပြီ ၆ ရက်နေ့ကပြုလုပ်တဲ့ မိတ်ဆက်ပွဲမှ သိရပါတယ်။

ယင်း ပွဲတော်ကို သင်္ကြန်တွင်း အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ဆင်နွှဲခွင့် မရရှိကြသူများနှင့် သင်္ကြန်ပွဲတော်ကြီးအား အကြိုဆင်နွှဲချင်သူများအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဧပြီလ ၉ ရက်နေ့ မနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ  Sanchaung Food Town မှာပင် ကျင်းပသွားမည်ဖြစ်ပြီး သနပ်ခါးဆိုင်တန်းများ၊ ရေကစားမဏ္ဍပ်နေရာများ၊ ညဈေးတန်းကဲ့သို့ အစားအသောက်စုံလင်စွာ ရောင်းချမယ့် ဆိုင်ခန်းများ  ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

"ထူးခြားတဲ့အနေနဲ့က ပွဲတော်လာတဲ့ ဧည့်သည်တွေကို ဒူးရင်းသီး မုန့်လုံးရေပေါ်နဲ့ တည်ခင်းဧည့်ခံ ကျွေးမွေးသွားပါမယ်။ အဝတော့ မဟုတ်ပေမယ့် တတ်နိုင်သလောက် ကျွေးမည်ဖြစ်ကြောင်း သိရပါတယ်။ ပြီးနောက် ရိုးရာ သနပ်ခါး အကြိုသင်္ကြန်ဖြစ်တဲ့အတွက် သင်္ကြန်တွင်းမှာ အချို့မကဲချင်သူတွေလည်း ကဲလို့ရမယ်။ နယ်ပြန်မယ့်သူတွေလည်း နယ်မပြန်ခင် ရန်ကုန်သနပ်ခါးအကြိုသင်္ကြန်ကို ပျော်ရွှင်စွာနဲ့ ပါဝင်ဆင်နွှဲနိုင်ပါတယ်။  ထို့အပြင် သက်ဆိုင်ရာကုမ္ပဏီတွေက ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေပြုလုပ်ပြီးတော့ လက်ဆောင်ပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်"ဟု ပွဲစီစဉ်ကျင်းပသူက ဦးအောင်မြင့်မြတ်က ပြောကြားခဲ့ပါတယ်။

 

 Read More >>>>>  ဆားစားသုံးမှုများနေပြီဆိုတာ သတိပေးနေတဲ့ ကျန်းမာရေး လက္ခဏာ ၅ ခု

 

သနပ်ခါးအကြိုသင်္ကြန်ပွဲတော်ကို ထူးခြားတဲ့အနေနဲ့ ရေလာကစားသူတိုင်း ရေဆော့ကစားနိုင်ရန် သနပ်ခါးနံ့သင်းပျံ့ နေတဲ့ရေများ စီစဉ်ပေးထားမှာဖြစ်ပြီး ဆံရစ်ဝိုင်းရွာမှ ကလေးငယ်လေးများက ပွဲတော်လာရောက်လည်ပတ်သူတိုင်းကို သနပ်ခါးလိမ်းခြယ်ပေးမည်ဖြစ်ပြီး ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဟု သိရပါတယ်။

Read times Last modified on Monday, 08 April 2019 11:34
Rate this item
(1 Vote)