Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ်အတွင်း မြိတ်မျှင်ငါးပိများ ရောင်းအားကျပြီး ဈေးနှုန်းထက်ဝက်ခန့် ကျဆင်းနေ

ယခုနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ရန်ကုန်မြို့သို့ တင်ပို့နေသည့်    မျှင်ငါးပိများ ရောင်းအားကျပြီး ဈေးနှုန်း ထက်ဝက်ခန့် ကျဆင်းနေကြောင်း တနင်္သာရီ တိုင်းဒေသကြီး  ပန်းဇင်ကျေးရွာမှ ကျေးရွာ အခြေပြု ငါးလုပ်ငန်းဆိုင်ရာ ပူးတွဲစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ ဦးဇင်မိုးသူ ၏ပြောဆိုချက်အရ သိရပါတယ်။

 

''ဒီနှစ်က ရောင်းအားမကောင်းဘူး။ ပြီးခဲ့တဲ့  သီတင်းကျွတ်လောက်ကတည်းက ဖြစ်နေတာပါ။

 

အရင်တုန်းက  မြိတ်ငါးပိရဲ့ ပေါက်ဈေးက တစ်ပိဿာကို ငွေကျပ် ၁၉ဝဝ လောက်ရှိတယ်။ အခု တစ်ပိဿာကို  ငွေကျပ်   ၁ဝဝဝ  လောက်ပဲ ရှိတော့တယ်။

 

ရန်ကုန်မှာဆိုရင် ဈေးကြီးတယ်။ ရန်ကုန်မှာ အရောင်းအဝယ်အေးလို့     မြိတ်မြို့မှာ ဈေးလျှော့ပြီး ရောင်းရတယ်'' ဟု ဦးဇင်မိုးသူ ကပြောကြားခဲ့ပါတယ်။

 

မြိတ်မျှင်ငါးပိကို   မျှင်ကောင်လေးများဖြင့်   ပြုလုပ်ခြင်းဖြစ်သည်။  အဆိုပါငါးပိများကို  ရန်ကုန်မြို့သို့ ပို့ဆောင်ပြီး ရန်ကုန်မြို့မှတစ်ဆင့်    အနယ်နယ် အရပ်ရပ်ရှိ ဈေးကွက်သို့  တင်ပို့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  ပြည်တွင်းထွက် လက်ဖက်စိုနှင့် လက်ဖက်ခြောက်ကို ဂျာမနီနိုင်ငံသို့တင်ပို့ရန်စီစဉ်

 

လက်ရှိတွင် ရန်ကုန်မြို့သို့ ဧရာဝတီတိုင်း ဒေသကြီးမှလည်း မျှင်ငါးပိများ တင်ပို့လျက် ရှိပြီး ယင်းမျှင်ငါးပိသည်  မြိတ်ဒေသထွက် မျှင်ငါးပိထက်    ဈေးနှုန်း လျော့နည်းသည့်အတွက် ဧရာဝတီတိုင်း ဒေသကြီးမှ ငါးပိကို  အဝယ်များသဖြင့် မြိတ်ဒေသထွက် ငါးပိမှာရောင်းအား ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Monday, 05 August 2019 09:43
Rate this item
(3 votes)