Food & Livestock
မြိတ်ကျွန်းစုမှ ရေငန်ပုစွန် မွေးမြူရေး
ဗိုင်းရပ်စ် ကာကွယ်ရေးကို အထူးဂရုစိုက်ရသည်။ ဝင်လာလျှင် လူတွေကိုသာမက
ကားကိုလည်း ရေဆေးသည်။ ဗိုင်းရပ်စ် သယ်ဆောင်သူ ငှက်ကအစ တားဆီးရသည်။
ပိုးသတ်ရသည်။
Bio security အားနည်းသဖြင့် မွေးမြူရေး ရပ်ထားခဲ့ပြီး Bio security မြှင့်တင်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် လုပ်ငန်းပြန်စခဲ့သည်။
တစ်ဧကခွဲကန်ဆိုလျှင် ကောင်ရေ ခုနစ်သိန်းခန့်အထိ ထည့်မွေးသည်။
နှစ်ဧကခွဲကန်ဆိုလျှင် ကောင်ရေ ၁၀ သိန်းအထိ ထည့်မွေးသည်။
စမွေးမြူချိန်မှ ဈေးကွက်တင်ပို့သည့် အရွယ် ရောက်ရန် ရက်ပေါင်း ၉၀ ဝန်းကျင် ကြာမြင့်သည်။
ရက် ၉၀ ဆိုလျှင် အကြီးဆုံးအရွယ် ဖြစ်သည်။ ရက်ပေါင်း ၇၀ -၈၀ တွင် ဈေးကွက်တင်သည့်အရွယ် စတင်ရရှိသည်။
ကန်ထဲကို ဒီရေ အတက်အကျအရ ရေထရက်မှ ရေစုပ်သွင်းသည်။
ရေထဲပါလာသေ ငါးဥ၊ ပုဇွန်ဥ အစရှိသည်တို့သည် ဗိုင်းရပ်စ် သယ်ဆောင်လာနိုင်သဖြင့်
ပိုက်လိုင်းတွင် ဖယ်ရှားသုတ်သင်ပြီး Bio security ဆောင်ရွက်သည်။
အသေးစိတ် အပြည့်အစုံကို ဗီဒီယိုမှာ ကြည့်ရှု နားဆင် နိုင်ပါတယ်။



