Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဟိုတယ်အစားအသောက်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း အခမဲ့သင်တန်း

Unicode

 

ဟိုတယ်အစားအသောက်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း အခမဲ့သင်တန်း


ဟိုတယ်အစားအသောက်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း အခမဲ့သင်တန်း အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်ပို့ချမည် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေးအတွက်

အခြေခံပညာအထက်တန်းအဆင့်ရှိ လူငယ်များလျှောက်ထားနိုင်မည့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာအခမဲ့သင်တန်းကို နိုင်ငံတစ်ဝန်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) (၁၈) ကျောင်းတွင် လာမည့်ဘတ်ဂျက်တွင် ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ထားကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှသိရသည်။

 

“နိုင်ငံတစ်ဝန်းမှာရှိတဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း (၁၈) ကျောင်းမှာ Food & Beverages Vocational Training သင်တန်းတွေ ဖွင့်လှစ်သွားဖို့ရှိပါတယ်။

 

ဒီအတွက်လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေဝယ်ယူပြီး တိုးမြှင့်သင်ကြားပေးသွားဖို့လည်းရှိပါတယ်။

 

Foodstuffs စားေသာက္ကုန္ဆိုင္ေပါင္း ၁၁၁၈ ခုကိုရွာရန္ႏွိပ္ပါ။

 

သင်တန်းများအတွက်နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှာရှိတဲ့ ဆရာတွေ ဆရာမတွေကိုလည်း သင်တန်းဆရာတွေအဖြစ် လေ့ကျင့်သင်ကြားစေပြီး တစ်နိုင်ငံလုံးကကျောင်းတွေမှာ ပြန့်ပွားစေရန်အတွက် လေ့ကျင့်သင်ကြားပေးသွားဖို့ အစီအစဉ်ရှိပါတယ်။” ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်ကပြောသည်။

 

လက်ရှိအနေအထားအရ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီး၊ ဗိုလ်အောင်ကျော်လမ်းတွင်ရှိသော အစိုးရနည်းပညာ အထက်တန်းကျောင်း (လှိုင်သာယာ) တွင် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)၊ WITH အဖွဲ့နှင့် မေတ္တာအလင်းအသင်းတို့ ပူပေါင်း၍ သင်တန်း (၂) ကြိမ် ပို့ချပေးခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

 

Inspection Services စစ္ေဆးေရးလုပ္ငန္းေပါင္း ၃၈ ခုကိုရွာရန္ႏွိပ္ပါ။

 

လျှောက်ထားသည့်လူငယ်များတွင် အသက် (၁၆) နှစ်မှ (၂၂) နှစ်အတွင်းရှိသူများ၊ ရှစ်တန်းအောင်မြင်ပြီး (၁၀) တန်းမအောင်မြင်သူများ၊ အကျင့်စာရိတ္တနှင့် ကျန်းမာရေးကောင်းမွန်သူများကို ရွေးချယ်ကြောင်းလည်းသိရသည်။

 

လက်တွေ့(၃) လ၊ ပြင်ပလုပ်ငန်းခွင်ဝင် အနီးကပ် (၁) လသင်တန်းများပေးကာ ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း၊ အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်း၊ ကော်ဖီနှင့် ဖျော်ရည်သင်တန်းများကို သင်တန်းတစ်ခုလျှင် လူငယ် (၂၀) ခန့်ရွေးချယ်၍ အခမဲ့သင်ကြားစေပြီး သြဂုတ်လကုန်ပိုင်းအထိ လူငယ်ကျွမ်းကျင်လုပ်သား (၁၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

 


ထို့အပြင် သင်တန်းတက်ရောက်လိုသူများအနေဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (လှိုင်သာယာ) တွင် စုံစမ်းနိုင်ပြီဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှသိရသည်။

 

Read More:>>>>  ၾကက္ေၾကာ္ကို အပတ္စဥ္တိုင္း စားသံုးျခင္း သတိျပဳဖို႕လို

 

Source: Mirror Newspaper

 

 

 

ဟိုတယ္အစားအေသာက္ထုတ္လုပ္ျခင္းႏွင့္ ၀န္ေဆာင္မႈေပးျခင္း အခမဲ့သင္တန္း

 

ဟိုတယ္အစားအေသာက္ထုတ္လုပ္ျခင္းႏွင့္ ၀န္ေဆာင္မႈေပးျခင္း အခမဲ့သင္တန္း အစိုးရနည္းပညာအထက္တန္းေက်ာင္းမ်ားတြင္ ဖြင့္လွစ္ပို႔ခ်မည္ ကြ်မ္းက်င္လုပ္သားမ်ားေပၚထြက္လာေရးအတြက္

 

အေျခခံပညာအထက္တန္းအဆင့္ရွိ လူငယ္မ်ားေလွ်ာက္ထားႏိုင္မည့္ စားေသာက္ကုန္ထုတ္လုပ္ျခင္းႏွင့္ ၀န္ေဆာင္မႈေပးျခင္းဆိုင္ရာ သက္ေမြးပညာအခမဲ့သင္တန္းကို ႏိုင္ငံတစ္၀န္းရွိ အစိုးရနည္းပညာအထက္တန္းေက်ာင္း (G.T.H.S) (၁၈) ေက်ာင္းတြင္ လာမည့္ဘတ္ဂ်က္တြင္ ဖြင့္လွစ္ပို႔ခ်သြားရန္ စီစဥ္ထားေၾကာင္း နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနမွသိရသည္။

 

“ႏိုင္ငံတစ္၀န္းမွာရွိတဲ့ အစိုးရနည္းပညာအထက္တန္းေက်ာင္း (၁၈) ေက်ာင္းမွာ Food & Beverages Vocational Training သင္တန္းေတြ ဖြင့္လွစ္သြားဖို႔ရွိပါတယ္။

 

ဒီအတြက္လိုအပ္တဲ့ စက္ပစၥည္းကိရိယာေတြ၀ယ္ယူၿပီး တိုးျမွင့္သင္ၾကားေပးသြားဖို႔လည္းရွိပါတယ္။

 

Foodstuffs စားေသာက္ကုန္ဆိုင္ေပါင္း ၁၁၁၈ ခုကိုရွာရန္ႏွိပ္ပါ။

 

သင္တန္းမ်ားအတြက္နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနမွာရွိတဲ့ ဆရာေတြ ဆရာမေတြကိုလည္း သင္တန္းဆရာေတြအျဖစ္ ေလ့က်င့္သင္ၾကားေစၿပီး တစ္ႏိုင္ငံလံုးကေက်ာင္းေတြမွာ ျပန္႔ပြားေစရန္အတြက္ ေလ့က်င့္သင္ၾကားေပးသြားဖို႔ အစီအစဥ္ရွိပါတယ္။” ဟု နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေအးျမင့္ကေျပာသည္။

 

 

လက္ရွိအေနအထားအရ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနလက္ေအာက္ရွိ ရန္ကုန္တိုင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္၊ မီးခြက္ေစ်းအနီး၊ ဗိုလ္ေအာင္ေက်ာ္လမ္းတြင္ရွိေသာ အစိုးရနည္းပညာ အထက္တန္းေက်ာင္း (လိႈင္သာယာ) တြင္ စားေသာက္ကုန္ထုတ္လုပ္ျခင္းႏွင့္ ၀န္ေဆာင္မႈေပးျခင္းဆိုင္ရာ သက္ေမြးပညာသင္တန္းကို ကိုရီးယားအျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (KOICA)၊ WITH အဖဲြ႔ႏွင့္ ေမတၱာအလင္းအသင္းတို႔ ပူေပါင္း၍ သင္တန္း (၂) ႀကိမ္ ပို႔ခ်ေပးခဲ့ၿပီျဖစ္ေၾကာင္းလည္းသိရသည္။

 

Inspection Services စစ္ေဆးေရးလုပ္ငန္းေပါင္း ၃၈ ခုကိုရွာရန္ႏွိပ္ပါ။

 

 

ေလွ်ာက္ထားသည့္လူငယ္မ်ားတြင္ အသက္ (၁၆) ႏွစ္မွ (၂၂) ႏွစ္အတြင္းရွိသူမ်ား၊ ရွစ္တန္းေအာင္ျမင္ၿပီး (၁၀) တန္းမေအာင္ျမင္သူမ်ား၊ အက်င့္စာရိတၱႏွင့္ က်န္းမာေရးေကာင္းမြန္သူမ်ားကို ေရြးခ်ယ္ေၾကာင္းလည္းသိရသည္။

 

 

လက္ေတြ႕(၃) လ၊ ျပင္ပလုပ္ငန္းခြင္၀င္ အနီးကပ္ (၁) လသင္တန္းမ်ားေပးကာ ေပါင္မုန္႔ႏွင့္ ကိတ္မုန္႔ဖုတ္သင္တန္း၊ အေနာက္တိုင္းႏွင့္ အေရွ႕တိုင္းအစားအစာ အခ်က္အျပဳတ္သင္တန္း၊ ေကာ္ဖီႏွင့္ ေဖ်ာ္ရည္သင္တန္းမ်ားကို သင္တန္းတစ္ခုလွ်င္ လူငယ္ (၂၀) ခန္႔ေရြးခ်ယ္၍ အခမဲ့သင္ၾကားေစၿပီး ၾသဂုတ္လကုန္ပိုင္းအထိ လူငယ္ကြ်မ္းက်င္လုပ္သား (၁၀၀) ေက်ာ္ ေမြးထုတ္ေပးႏုိင္ခဲ့ေၾကာင္းသိရသည္။

 


ထို႔အျပင္ သင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ အစိုးရနည္းပညာ အထက္တန္းေက်ာင္း (လိႈင္သာယာ) တြင္ စံုစမ္းႏိုင္ၿပီျဖစ္ေၾကာင္း နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနမွသိရသည္။

 

 

Read More:>>>>  ၾကက္ေၾကာ္ကို အပတ္စဥ္တိုင္း စားသံုးျခင္း သတိျပဳဖို႕လို

 

 

Source: Mirror Newspaper

Read times Last modified on Tuesday, 25 February 2020 17:01
Rate this item
(0 votes)