Food & Livestock



စပါးအထွက် လျော့နည်းသဖြင့် အင်ဒိုနီးရှား ဆန် ပိုမိုတင်သွင်းရမည် ခန့်မှန်း

စပါးအထွက် လျော့နည်းသဖြင့် အင်ဒိုနီးရှား ဆန် ပိုမိုတင်သွင်းရမည် ခန့်မှန်း 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားတွင် နိုဝင်ဘာလတွင် စပါးစစိုက်နေကျ ဖြစ်သော်လည်း ပြင်းထန်သော အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိုးအရောက်နောက်ကျခဲ့ပြီး ဇန်နဝါရီလမှ စတင်စိုက်ပျိုးနိုင်ခဲ့သည်။ ထို့နောက် မိုးနည်းနေခဲ့ပြန်သည်။

 

စပါးစိုက်သည့် လယ်သမား အသက် ၅၈ နှစ်ရှိသူ Wardiyono က "ပုံမှန်က ဇန်န၀ါရီလမှာ မိုးရွာတယ်။ ဒီနှစ်က မတူဘူး"ဟု ပြောကြားသည်။

 

အင်ဒိုနီးရှားအစိုးရသည် ပုံမှန် မတ်လမှ ဧပြီလအထိ စပါးရိတ်သိမ်းမှုကို တစ်လနောက်ကျလိမ့်မည်ဟုမျှော်လင့်ထားသည်။

 

စတင်စိုက်ပျိုးချိန် နောက်ကျခဲ့သည့်ပြင် မိုးရွာသွန်းမှု နည်းပါးခဲ့သဖြင့် စပါးအထွက် လျော့ကျမည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ ယခုနှစ် ၂၀၂၄ ခုနှစ်မှာ ဆန်ကို ပိုမိုတင်သွင်းရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

 

အင်ဒိုနီးရှားသည် တနှစ်တာ ဆန်စားသုံးမှု ကမ္ဘာ့ စတုတ္ထအများဆုံး နိုင်ငံ ဖြစ်သည်။

 

အင်ဒိုနီးရှားတွင် အယ်နီညိုသည် ၂၀၂၃ ခုနှစ် စပါးထွက်ရှိသည့် ပမာဏမကို လျှော့ချပြီးနောက် ယခုနှစ် ၂၀၂၄ ခုနှစ်တွင်လည်း စပါးအထွက်နှုန်း ကျဆင်းလာနိုင်ကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ သီးနှံကောင်စီ International Grains Council IGC က ခန့်မှန်းထားကြောင်း IGC မှ လေ့လာသုံးသပ်သူ Peter Clubb က ပြောကြားသည်။

 

"အင်ဒိုနီးရှားအပေါ်  အယ်နီညိုသက်ရောက်မှု အတော်အတန် ပြင်းထန်ခဲ့လို့ မိုးရွာသွန်းမှု အများအပြား လျော့ကျသွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ အင်ဒိုနီးရှား ဆန်တင်သွင်းမှု ပျမ်းမျှထက် ပိုများပါလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

 

အင်ဒိုနီးရှားသည် ၂၀၂၄ တွင် ဆန်တန်ချိန် ၃၂ သန်း ထွက်မည်ဟု ခန့်မှန်းထားသော်လည်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီ စပါးရိတ်သိမ်းရာသီတွင် တန်ချိန် ၂.၂၅ သန်း ရှိခဲ့သည်။ ယမန်နှစ်ကထက် ၄၆% လျော့ကျသည်။ 

 

ပုံမှန်အားဖြင့် အင်ဒိုနီးရှားသည် စပါး နှစ်ကြိမ် စိုက်ပျိုးရာ၌ အဓိက စပါးရာသီတွင် အောက်တိုဘာ၊ နိုဝင်ဘာ လတို့တွင် စပါးစစိုက်သည်။ ဧပြီလတွင် ရိတ်သိမ်းမှု အဆုံးသတ်သည်။ တနှစ်တာ ထုတ်လုပ်မှု၏ ၅၅% ကို ထုတ်လုပ်သည်။ 

 

၂၀၂၃ ခုနှစ် အောက်တိုဘာ - နိုဝင်ဘာတွင် စပါး ဟက်တာ ၃.၅၃ သန်း (ဧက ၈.၇ သန်း) စိုက်ပျိုးရန် လျာထားခဲ့ပြီး ဟက်တာ ၂.၉၁ သန်း (ဧက ၇.၂) မျှသာ စိုက်ပျိုးနိုင်ခဲ့သည်။

 

စပါး အထွက်နည်းမည်ဖြစ်သဖြင့် ဆန်တင်သွင်းမှု မြင့်မားလာသည်။ အင်ဒိုနီးရှား အစုိးရသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၂ သန်း တင်သွင်းရန် ခွင့်ပြုထားပြီး ဖြစ်သည်။ 

ယမန်နှစ်က ဆန်တန်ချိန် ၃.၀၆ သန်း တင်သွင်းခဲ့သည်။ 

 

ဝင်ငွေနည်းအိမ်ထောင်စု ၂၂ သန်းကို လစဉ် ဆန် ၁၀ ကီလိုဂရမ် ထောက်ပံ့ပေးရန် ယမန်နှစ်က စတင်ဆောင်ရွက်ခဲ့သည့် အစိုးရအစီအစဉ်သည် ဆန်ဈေးနှုန်းကို ထိန်းပေးသည်။ သို့သော် လူလတ်တန်းစား အနိမ့်လွှာ အကျုံးမဝင်ချေ။

 

အင်ဒိုနီးရှား ပြည်တွင်းဆန်ဈေးသည် ဇန်နဝါရီလတွင် တကီလိုဂရမ်လျှင် ရူပီယာ ၁၄,၇၆၃ ($0.9356) ဖြစ်ပြီး ယမန်နှစ်ထက် ၁၅.၆% ပိုများပါသည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 09 February 2024 22:57
Rate this item
(0 votes)