Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆိပ်ဖြူကြက်သွန်နီ စျေးနှုန်းနှင့် စျေးကွက်အခြေအနေ

ဆိပ်ဖြူကြက်သွန်နီ စျေးနှုန်းနှင့် စျေးကွက်အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်တွင် ဩဂုတ်လ ရွာသွန်းမိုးဖြင့် စက်တင်ဘာလတွင် စိုက်ပျိုးသော (မိုးစိုက်) (ဥစိုက်) ကြက်သွန်နီများ ဒီဇင်ဘာလဆန်းတွင် တူးဖော်၍ တစ်ရက်လျှင် ကုန်ချိန်ပိဿာ ၃၀၀၀ မှ ၁၀၀၀၀ အထိ ကြက်သွန်နီပွဲရုံများနှင့် စျေးတန်းများတွင် နေ့စဉ်‌ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ မိုးကြက်သွန်နီ (အသစ်) ပေါ်စရာသီဖြစ်၍ စျေး

ကွက်အတွင်းသို့ ကုန်ချိန်အဝင် နည်းနေသေးသော်လည်း ဇန်နဝါရီလတွင် (ဥစိုက်) ကြက်သွန်နီများ လှိုင်လှိုင်တူးဖော်ရမည်ဖြစ်၍ ကုန်ချိန်အဝင်များလာမည်ဖြစ်ကြောင်း သိရသည်။

 

ကြက်သွန်နီစျေးကွက်အတွင်း ကြက်သွန်နီ (အသစ်များ) အဝင်နည်းပြီး အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသည်။

ယခင်နှစ်(မိုး) ကြက်သွန်နီ (အသစ်) ပေါ်ချိန်တွင် တစ်ပိဿာလျှင် အနိမ့်စျေး ငွေကျပ် ၅၀၀မှ အမြင့်စျေး ငွေကျပ် ၇၀၀ ထိစျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုသီးနှံပေါ်ချိန်ဒေသတွင်း စျေးကွက်တွင် တစ်ပိဿာလျှင် ထိပ်စငွေကျပ် ၂၉၅၀ မှ ၂၇၀၀၊

အလတ်စငွေကျပ် ၂၅၀၀ မှ ၂၃၀၀၊ အသေးစ ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုနှစ် ကြက်သွန်နီစျေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း စျေးကောင်းမီစေရန်အတွက် တောင်သူများမှာ စောစောစိုက်ကြပြီး မိုးအကြိမ်ကြိမ်ရွာသွန်းခြင်းကြောင့် အပင်ပေါက် မစုံလင်သည့်အပြင် အပင်ဖြစ်သန်မှုနည်းခြင်းကြောင့်

ကြက်သွန်နီ ပိဿာချိန် အထွက်နှုန်းလျော့နည်းသွားခြင်းကြောင့် သီးနှံပေါ်စတွင် ကုန်ချိန်အဝင်နည်းကြောင်း ကြက်သွန်နီစိုက်တောင်သူ ကုန်သည်ပွဲစားများထံမှတစ်ဆင့် သိရသည်။

 

ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူမြို့မှထွက်သော (မိုး) ကြက်သွန်နီ (အသစ်) များကိုစျေးကွက်အတွင်းသို့ ဒီဇင်ဘာ ၁ရက်မှ ၁၄ ရက်အတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ ၇၀၀၀၀ အိတ် ၁၈၀၀ ခန့်ကို ၁၆ဘီးယာဉ်ဖြင့် တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့သို့ တင်ပို့မှုမရှိသေးကြောင်း၊ ဒေသတွင်း ကြက်သွန်နီစိုက်တောင်သူများမှာ ဇန်နဝါရီလမှ

ဖေဖော်ဝါရီလအတွင်း (မိုးစိုက်) ကြက်သွန်နီ (အသစ်) များ လှိုင်လှိုင်တူးဖော်ချိန်တွင် ကြက်သွန်နီစျေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

Source: The Mirror

The Myanmar Food Industry Guide

Read times
Rate this item
(0 votes)