Food & Livestock
ကန်ထရိုက် လယ်ယာစနစ် ဧက နှစ်သိန်း ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင်အကောင်အထည်ဖော်ဆောင်ရွက်မည်
COVID-19 ရောဂါ ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေး နှင့် တုံ့ပြန်မှုအစီအစဉ်များအနက်
တစ်ခုအဖြစ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် ကန်ထရိုက် လယ်ယာစနစ် ဧက နှစ်သိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ယနေ့ မေ ၂၈ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “ကန်ထရိုက်လယ်ယာစနစ် အရင်တုန်းက လုပ်တာ က ကုမ္ပဏီတွေ ကတစ်ဖက်၊ တောင်သူလယ်သမား က တစ်ဖက်၊ ရောင်းသူနဲ့ ဝယ်သူ နဲ့ ၂ ဖက် စာချုပ်ချုပ် ပြီး လုပ်ကြတယ်။ ဒီနှစ် မှာတော့ ၂ ဖက်တည်း လုပ်တာ ထက်စာရင် နိုင်ငံတော်အစိုးရပါ ပါဝင်ပြီးတော့ ၃ ဖွဲ့ ဆိုင် ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး အစိုးရ ကိုတင်ပြခဲ့တယ်။ နည်းပညာပိုင်း ကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကူညီပေးမယ်။တောင်သူနဲ့ ကုမ္ပဏီ ကြားမှာ အငြင်းပွားမှုရှိရင် ဒီကိစ္စတွေက ပိုထိရောက်ကောင်းမွန်မယ် ဆိုပြီး နိုင်ငံတော်အစိုးရ ကို ညှိနှိုင်းတော့ ကန်ထရိုက်လယ်ယာစနစ်နဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ကို ဇန်နဝါရီ ၃၀ရက် မှာ အစိုးရက ထုတ်ပြန်ကြေညာတယ်။ဒီနှစ်က အစိုးရပါပါဝင်တဲ့ ပထဆုံး နှစ်တစ်နှစ်ဖြစ်ပါတယ်’’ ဟု ဆိုသည်။
COVID-19ရောဂါကြောင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ လျော့ကျမသွားစေရေးအတွက် ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်မှုကို ယခင်ကထက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာရဲတင့်ထွန်းက “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာလိုက်နာဆောင်ရွက်ရမယ့်လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ချက်အတိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။’’ ဟုပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် ယနေ့အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၉ သန်း မက်ထရစ်တန် တင်ပို့ ရောင်းချပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
(Xinhua)
ကန္ထ႐ိုက္ လယ္ယာစနစ္ ဧက ႏွစ္သိန္း ၂၀၂၀ ျပည့္ႏွစ္ မိုးစပါးရာသီတြင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္
COVID-19 ေရာဂါ ေၾကာင့္ လယ္ယာ က႑အေပၚ ထိခိုက္မႈေလွ်ာ့ခ်ေရး ႏွင့္ တုံ႔ျပန္မႈအစီအစဥ္မ်ားအနက္ တစ္ခုအျဖစ္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF)မွ ၂၀၂၀ ျပည့္ႏွစ္ မိုးစပါးရာသီတြင္ ကန္ထ႐ိုက္ လယ္ယာစနစ္ ဧက ႏွစ္သိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာရဲတင့္ထြန္းက ယေန႔ ေမ ၂၈ ရက္တြင္ ဆင္ဟြာသို႔ ေျပာၾကားသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF) ၊ ဥကၠ႒ ဦးရဲမင္းေအာင္က “ကန္ထ႐ိုက္လယ္ယာစနစ္ အရင္တုန္းက လုပ္တာ က ကုမၸဏီေတြ ကတစ္ဖက္၊ ေတာင္သူလယ္သမား က တစ္ဖက္၊ ေရာင္းသူနဲ႔ ဝယ္သူ နဲ႔ ၂ ဖက္ စာခ်ဳပ္ခ်ဳပ္ ၿပီး လုပ္ၾကတယ္။ ဒီႏွစ္ မွာေတာ့ ၂ ဖက္တည္း လုပ္တာ ထက္စာရင္ ႏိုင္ငံေတာ္အစိုးရပါ ပါဝင္ၿပီးေတာ့ ၃ ဖြဲ႕ ဆိုင္ ပူးေပါင္းေဆာင္႐ြက္မယ္ ဆိုၿပီး အစိုးရ ကိုတင္ျပခဲ့တယ္။ နည္းပညာပိုင္း ကို လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနက ကူညီေပးမယ္။ေတာင္သူနဲ႔ ကုမၸဏီ ၾကားမွာ အျငင္းပြားမႈရွိရင္ ဒီကိစၥေတြက ပိုထိေရာက္ေကာင္းမြန္မယ္ ဆိုၿပီး ႏိုင္ငံေတာ္အစိုးရ ကို ညႇိႏႈိင္းေတာ့ ကန္ထ႐ိုက္လယ္ယာစနစ္နဲ႔ ပတ္သက္တဲ့ လုပ္ထုံးလုပ္နည္း ကို ဇန္နဝါရီ ၃၀ရက္ မွာ အစိုးရက ထုတ္ျပန္ေၾကညာတယ္။ဒီႏွစ္က အစိုးရပါပါဝင္တဲ့ ပထဆုံး ႏွစ္တစ္ႏွစ္ျဖစ္ပါတယ္’’ ဟု ဆိုသည္။
COVID-19ေရာဂါေၾကာင့္ စိုက္ပ်ိဳးထုတ္လုပ္မႈလုပ္ငန္းမ်ား ေလ်ာ့က်မသြားေစေရးအတြက္ ဌာန ဆိုင္ရာမ်ား၊ ပုဂၢလိကလုပ္ငန္းရွင္မ်ား ႏွင့္ ေတာင္သူမ်ား ပူးေပါင္းေဆာင္႐ြက္မႈကို ယခင္ကထက္ ျမႇင့္တင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဒါက္တာရဲတင့္ထြန္းက “ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာန အေနနဲ႔ သက္ဆိုင္ရာလိုက္နာေဆာင္႐ြက္ရမယ့္လုပ္ထုံးလုပ္နည္းေတြကို ထုတ္ျပန္ခ်က္အတိုင္း ပူးေပါင္းေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။’’ ဟုေျပာသည္။
ျမန္မာႏိုင္ငံ အေနျဖင့္ ယေန႔အထိ ျပည္ပသို႔ ဆန္တန္ခ်ိန္ ၁ ဒသမ ၉ သန္း မက္ထရစ္တန္ တင္ပို႔ ေရာင္းခ်ၿပီးျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနထံမွ သိရသည္။ (Xinhua)



