Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လုံးတီးဆန်နှင့် ဖွဲနုများ တရုတ်နိုင်ငံသို့ တရားမဝင် ရောင်းချနေမှု အစိုးရထံ တင်ပြမည်

လုံးတီးဆန် (စပါးခွံ ကျွတ်ရုံ ကြိတ်ထားသည့် ဆန်) နှင့် ဖွဲနုများကို တရုတ်နိုင်ငံသို့ တရားမဝင် ရောင်းချမှုများ ရှိနေ

၍ ပြည်ထောင်စုအစိုးရထံ အ ချက်အလက်များ စုဆောင်းတင် ပြမည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်း ကြိုင်က ပြောသည်။

 

လက်ရှိတွင် အစိုးရက ဆန် နှင့် ဆန်ကွဲကိုသာ တရားဝင်တင် ပို့ရောင်းချခွင့် ပြုထားပြီး ဖွဲနုနှင့် လုံးတီးဆန်များကို တရားမဝင် တင်ပို့ ရောင်းချနေမှုကြောင့် မွေး မြူရေးလုပ်ငန်း လုပ်ကိုင်နေသူ များ တိရစ္ဆာန်စာအတွက် အခက် အခဲဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

 

‘‘တိရစ္ဆာန် အစားအစာရှား ပါးလာရင် ဈေးတက်လာမယ်။ အဲဒီလိုဆို မွေးမြူရေးသမားတွေ တွက်ခြေမကိုက်တော့ဘူး။ အရှုံး ပေါ်မယ်။ မလုပ်ကြတော့ဘူးဆို ရင် သားငါးတွေလည်း ရှားပါးလာ မယ်။ သားငါးတွေ ရှားပါးလာတာ နဲ့ အမျှ ဈေးတွေ တက်လာရင် ဝယ်ယူစားသုံးသူတွေ အတွက် လည်း အခက်အခဲတွေဖြစ်လာ မယ်’’ ဟု ဦးဝင်းကြိုင်က ပြော သည်။

 

အဆိုပါအခြေအနေနှင့် သ တင်းအချက်အလက်များကို ဇွန် လ ၂၁ ရက် နောက်ဆုံးထားပေး ပို့ရန် ပြည်နယ်နှင့် တိုင်းများရှိ ငါးလုပ်ငန်း အဖွဲ့ခွဲများသို့ ညွှန် ကြားထားပြီး ယင်းအချက်အ လက်များကို စုစည်းကာ ပြည် နယ်အစိုးရထံ တင်ပြမည်ဟုဆို သည်။

 

တရုတ်နိုင်ငံတွင်လည်း ဖွဲနု ကို တိရစ္ဆာန်အစာအဖြစ် အသုံး ပြုပြီး ဈေးကွက်ကြီးသဖြင့် မြန်မာ နိုင်ငံမှ တရားမဝင် တင်ပို့မှုများ ရှိနေကြောင်း ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အ သင်း ဥက္ကဋ္ဌဒေါက်တာသက်မှူး ကပြောသည်။

 

‘‘ဖွဲနုတွေက ဈေးတက်နေတဲ့ အပြင် ဖွဲနုစစ်စစ် ဝယ်ဖို့ကလည်း အတော်ရှားနေပါတယ်။ တရုတ် ကို တရားမဝင် ထွက်နေတယ်လို့ သတင်းတွေရနေပါတယ်။ ဆန် အောက်ကဖွဲနုတွေကို ခင်းပြီး ပို့ တယ်လို့ သိရပါတယ်။ ဘယ် လောက်ပမာဏ  အတိအကျ တရုတ်ကို ပို့နေတာလဲဆိုတာ တော့ ပြောရခက်ပါတယ်’’ ဟု ဒေါက်တာသက်မှူးကဆိုသည်။

 

ဖွဲနုကို တရုတ်ဝယ်လိုအားရှိ ၍ စပါးခွံများကို ကြိတ်ကာ ဖွဲနု နှင့် ရောကာတင်ပို့ရောင်းချနေပြီး လက်ရှိတွင် ဖွဲနုတစ်ပိဿာလျှင် ၃၈၅ ကျပ်ရှိကာ လုံးတီးဆန် ၂၄ ပြည် (တစ်အိတ်လျှင်) ကျပ် ၁၈,၀၀၀ ဈေးရှိသည်။

 

Source: 7 days new

 

Read times Last modified on Tuesday, 18 September 2018 13:13
Rate this item
(2 votes)