Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကာလကြာမြင့်ပါက ကုန်ဈေးနှုန်းမြင့်တက်မှုများ တွေ့ကြုံနိုင်

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတချို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး  မြစ်ရေမြင့်တက်ကာ ကားလမ်းများပေါ်သို့  ရေကျော်ခြင်းများကြောင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများ   နှောင့်နှေးမှုဖြစ်ပေါ်နေရာ  

ကာလကြာမြင့်လာပါက   ကုန်ဈေးနှုန်းများ မြင့်တက်သည့်  အခြေအနေမျိုး တွေ့ကြုံလာနိုင်ကြောင်း  မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်း၏ ပြောပြချက်အရ သိရပါတယ်။

 

''လောလောဆယ်  သြဂုတ် ၁၂ ရက်အထိ ရန်ကုန်ကနေ  ဘားအံ၊   မြဝတီလမ်းပိုင်းမှာ   သွားလာပို့ဆောင် နေတာတွေရှိလို့ ကုန်စည်စီးဆင်းမှု   ပြတ်တောက်တာမျိုးမရှိဘူး။   တနင်္သာရီတိုင်းဒေသကြီးဘက်မှာတော့   ပြတ်တောက်တာရှိပါတယ်။

 

မော်လမြိုင်အထိလည်း ကုန်စည်စီးဆင်းမှု အဆင်ပြေနေပါသေးတယ်။ အရင်ထက်တော့ နည်းနည်းလေး နှောင့်နှေးတာမျိုးဖြစ်တာပေါ့။  ဒီလိုအခြေအနေတွေက အချိန်ကြာလာရင် ကုန်စည်ဈေးနှုန်းတွေအပေါ် ထိခိုက်လာနိုင်တယ်လို့ မြင်ပါတယ်'' ဟု ဦးကျင်သိန်းကပြောကြားခဲ့ပါတယ်။

 

ပြည်တွင်းအဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများတွင် ရန်ကုန်မြို့မှ မြန်မာနိုင်ငံ အထက်ပိုင်း နှင့် အောက်ပိုင်းဒေသတို့သို့ ကုန်စည်များ ပို့ဆောင်ရသော်လည်း မိုးဦးကျကာလကတည်းက ကုန်စည်ပို့ဆောင်ရေး အခြေအနေမှာ ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းလာပြီး မူဆယ်ဘက်မှ တင်ပို့လုပ်ဆောင်ရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်လာသောကြောင့် ဘားအံ၊ မော်လမြိုင်နှင့် မြဝတီလမ်းကြောင်းဘက်သို့   ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြခြင်း ဖြစ်ပါတယ်။

 

Read More >>>>>    ရန်ကုန်ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီးထွက် ပေါ်ဆန်းဆန်အဝင်များပြီး ဈေးနှုန်းမြင့်တက်

 

လက်ရှိတွင် ကုန်သည်အများစုမှာ ရေကြီးခြင်းကြောင့် ကုန်စည်သိုလှောင်ရန် နေရာအခက်အခဲများဖြစ်ပေါ်နေပြီး ကုန်များကို ကြိုတင်သိုလှောင်ထားခြင်းမျိုး လုပ်ဆောင်ခြင်း မရှိတော့သည့်အတွက် ကုန်စည်ပို့ဆောင်ရေးယာဉ်များဖြင့်  သယ်ယူပို့ဆောင်ရသော အခြေအနေလည်း လျော့နည်းလာကြောင်း သိရပါတယ်။

 

ရန်ကုန်မြို့ရှိ   ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း  ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသည့် ဂိတ်ပေါင်း ၄ဝဝ ခန့်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုသို့ ကုန်စည်များ  အပြန်အလှန်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Friday, 16 August 2019 12:41
Rate this item
(0 votes)