Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းတွင် ဝက်သားဈေး မြင့်တက်နေသဖြင့် ဝက်သားသည်များနှင့် ဝယ်သူများ ဝန်ပိ

ထိုင်းတွင် ဝက်သားဈေး မြင့်တက်နေသဖြင့် ဝက်သားသည်များနှင့် ဝယ်သူများ ဝန်ပိ

ထိုင်းနိုင်ငံတွင် ဝက်သားဈေးနှုန်းများ မြင့်တက်နေသဖြင့် ဝက်သားသည်များနှင့် ဝက်သားဝယ်စားသူများ နှစ်မျိုးစလုံး အဆင်မပြေ ဖြစ်နေကြရသည်။ ဝက်သားဈေးနှန်းသည် ယခင်နှစ်ကထက် ၂ ဆ ဖြစ်နေပြီ ဖြစ်သဖြင့် အစိုးရမှ ဝင်ရောက်ကိုင်တွယ်ပေးရန် လိုလားနေကြသည်ဟု bangkokpost တွင် ဖော်ပြထားသည်။

အသားငါးဈေးများတွင် လက်လီရောင်းချသည့် ဝက်သားဈေးနှုန်းသည် တစ်ကီလို ဘတ် ၂၁၀ မှ ၂၅၀ အထိ ဈေးထပ်တက်ခဲ့သည်။ ပြီးခဲ့သည့် နှစ် မေလတွင် ဘတ် ၁၁၅ သာ ရှိခဲ့ပြီးသည့်နောက်တွင် ဝက်သားဈေး တရိပ်ရိပ် တက်လာခဲ့ခြင်း ဖြစ်သည်။

ဝက်သား ဈေးကြီးသဖြင့် စားစရာ ချက်ပြုတ်ရောင်းချသည့် ဆိုင်များတွင် ဝက်သားအစား ကြက်သားနှင့် ငါးတို့ကို အစားထိုး သုံးစွဲနေကြရသည်။

ဝက်သားသည်များအနေဖြင့် ဝက်သားဈေးကြီးသဖြင့် ရောင်းအား ထိုးကျနေသည်။ ပုံမှန်ဝယ်နေကျ ဖောက်သည်များသည် ဝက်သားအစား ဝက်သားထက် ဈေးပိုသက်သာသည့် ကြက်သားကို ဝယ်ယူကြသည်။

တောင်ပိုင်း ဝက်မွေးမြူရေးအသင်း ဥက္ကဋ္ဌ Preecha Kitthaworn က ဝက်သား အလုံအလောက် မပေးသွင်းနိုင်သောကြောင့် ဝက်သား ဈေးတက်နေရသည်ဟု ရှင်းပြသည်။ ၂၀၂၀ မှ စ၍ ဝက်တုပ်ကွေး Porcine Reproductive and Respiratory Syndrom (PRRS) ကူးစက်ပျံ့နှံ့လျက် ရှိသဖြင့် ဝက်သား ထုတ်လုပ်မှု ကျဆင်းလျက် ရှိသည်ဟု သူကပြောသည်။


ထိုင်းဝက်မွေးမြူရေးအသင်း Swine Raisers Association of Thailand မှ ထုတ်ပြန်သော အချက်အလက်များအရ တစ်နိုင်ငံလုံး ဝက်မွေးမြူသည့် ကောင်ရေ ကျဆင်းလျက် ရှိသည်။ ဝက်မွေးမြူသူတို့သည် ဝက်တုပ်ကွေးကြောင့်လည်းကောင်း၊ ဝက်စာဈေးနှုန်း ကြီးမားနေခြင်းကြောင့်လည်းကောင်း တွက်ခြေမကိုက်သဖြင့် ဝက်မွေးခြင်းအစား အခြားအလုပ်ကို ပြောင်းလုပ်ကြသည်။ ယခင်က တစ်နိုင်ငံလုံးတွင် မွေးမြူကောင်ရေ ၂၀၀,၀၀၀ ရှိခဲ့ပြီး ယခု ကောင်ရေ ၈၀,၀၀၀ မျှသာ ရှိတော့သည်။

Read times
Rate this item
(0 votes)