Food & Livestock
အာဖရိကမှ တောင်အာရှသို့ ရောက်ရှိလာပြီဖြစ်သော ကျိုင်းကောင်အုပ် ကောင်ရေ သန်း ၅၀ အထိ ရှိနိုင်
အာဖရိကတွင် အကြီးအကျယ်ပျက်စီးပြီးနောက် ကျိုင်းကောင်တို့သည် တောင်အာရှသို့
၀ င်ရောက်လာပြီး ယခုအခါ ဒေသတွင်းတွင် သီးနှံများပျက်စီး ဆုံးရှုံးပြီး စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်လာမည့်အရေးကို ခြိမ်းခြောက်လျက်ရှိသည်။
ကောင်ရေ သန်း ၅၀ အထိ ရှိနိုင်သော ကျိုင်းကောင်များသည် အုပ်ဖွဲ့ပျံသန်းကာ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိလာကြသည်။ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပါကစ္စတန်၌ အဆိုးရွားဆုံးသော ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပြီး ရေရှည်အစာရှားပါးမှု ဖြစ်ပေါ်လာနိုင်သည်။
ပါကစ္စတန်သည် COVID 19 အပြင် ကျိုင်းကောင်ကျရောက်သည့်ဘေးကို ရင်ဆိုင်နေရပြီး
လာမည့်လတွင် ရေကြီးမှုများကိုလည်း ကြုံတွေ့ရဖွယ် ရှိနေသည်။
ယခုအခါ ခရိုင် ၅၀ တွင် စိုက်ပျိုးရေးဌာန၊ စားနပ်ရိက္ခာဖူလုံရေးဌာနနှင့် ပါကစ္စတန်စစ်တပ်တို့သည် ကျိုင်းကောင်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။ ပါကစ္စတန်စစ်တပ်သည် စစ်သည်အင်အား ၅၀၀၀ ကို ဒေသအသီးသီးတွင် အင်အားဖြည့်ပေးထားသည်။ ထို့ပြင် စစ်တပ်မှ ရဟတ်ယာဉ်များသည်လေကြောင်းမှ ဆေးဖြန်းပြီး ကျိုင်းကောင်များကို နှိမ်နင်းနေသည်။
တောင်အာရှသို့မရောက်ရှိမီ ဒီဇင်ဘာလ ၂၀၁၁ ခုနှစ်မှစ၍ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် ပြင်းထန်သောကျိုင်းကောင် ရောက်ရှိတိုက်ခိုက်ခြင်းကို ကြုံခဲ့ရသည်။
ကျိုင်းအုပ်သည် အကြမ်းအားဖြင့် တစ်ရက်လျှင် မိုင် ၁၀၀ နီးပါး ခရီးနှင်သည်။ မျိုးပွားနှုန်းသည် သုံးလအတွင်း ကောင်ရေ ၁၆ ဆမှ အဆ ၂၀ အထိ ပိုများသည်။
ပါကစၥတန္ႏိုင္ငံသို႔ ေရာက္ရွိလာေသာ က်ိဳင္းေကာင္အုပ္ ေကာင္ေရ သန္း ၅၀ အထိ ရွိႏိုင္
အာဖရိကတြင္ အႀကီးအက်ယ္ပ်က္စီးၿပီးေနာက္ က်ိဳင္းေကာင္တို႔သည္ ေတာင္အာရွသို႔ ၀ င္ေရာက္လာၿပီး ယခုအခါ ေဒသတြင္းတြင္ သီးႏွံမ်ားပ်က္စီး ဆုံးရႈံးၿပီး စားနပ္ရိကၡာျပတ္လပ္မႈမ်ားျဖစ္ေပၚလာမည့္အေရးကို ၿခိမ္းေျခာက္လ်က္ရွိသည္။
ေကာင္ေရ သန္း ၅၀ အထိ ရွိႏိုင္ေသာ က်ိဳင္းေကာင္မ်ားသည္ အုပ္ဖြဲ႕ပ်ံသန္းကာ ပါကစၥတန္ႏိုင္ငံသို႔ ေရာက္ရွိလာၾကသည္။ ႏွစ္ေပါင္း ၃၀ နီးပါးအတြင္း ပါကစၥတန္၌ အဆိုး႐ြားဆုံးေသာ ပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္ေပၚၿပီး ေရရွည္အစာရွားပါးမႈ ျဖစ္ေပၚလာႏိုင္သည္။
ပါကစၥတန္သည္ COVID 19 အျပင္ က်ိဳင္းေကာင္က်ေရာက္သည့္ေဘးကို ရင္ဆိုင္ေနရၿပီး
လာမည့္လတြင္ ေရႀကီးမႈမ်ားကိုလည္း ႀကဳံေတြ႕ရဖြယ္ ရွိေနသည္။
ယခုအခါ ခ႐ိုင္ ၅၀ တြင္ စိုက္ပ်ိဳးေရးဌာန၊ စားနပ္ရိကၡာဖူလုံေရးဌာနႏွင့္ ပါကစၥတန္စစ္တပ္တို႔သည္ က်ိဳင္းေကာင္ႏွိမ္နင္းေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ ရွိသည္။ ပါကစၥတန္စစ္တပ္သည္ စစ္သည္အင္အား ၅၀၀၀ ကို ေဒသအသီးသီးတြင္ အင္အားျဖည့္ေပးထားသည္။ ထို႔ျပင္ စစ္တပ္မွ ရဟတ္ယာဥ္မ်ားသည္ေလေၾကာင္းမွ ေဆးျဖန္းၿပီး က်ိဳင္းေကာင္မ်ားကို ႏွိမ္နင္းေနသည္။
ေတာင္အာရွသို႔မေရာက္ရွိမီ ဒီဇင္ဘာလ ၂၀၁၁ ခုႏွစ္မွစ၍ အာဖရိကႏွင့္ အေရွ႕အလယ္ပိုင္းေဒသမ်ားတြင္ ျပင္းထန္ေသာက်ိဳင္းေကာင္ ေရာက္ရွိတိုက္ခိုက္ျခင္းကို ႀကဳံခဲ့ရသည္။