Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့် သွင်းကုန်ပစ္စည်း အများစု ဈေးနှုန်း မြင့်တက်လာ

ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် သွင်းကုန်ပစ္စည်းအများစု  ဈေးနှုန်း မြင့်တက်လာသည့်အတွက် အခက်အခဲများ ရှိလာကြောင်း 

အထည်ချုပ်လုပ်ငန်း ပိုင်ရှင်  ဦးမင်းဇော်ထံမှ သိရပါတယ်။

 

ယင်းကဲ့သို့ ဒေါ်လာဈေး  မြင့်တက်လာသဖြင့် ယခင်က တစ်ကိုက်လျှင် ငွေကျပ် ၁ဝဝဝ  ရှိသည့် အထည်အလိပ်များမှာ ငွေကျပ် ၁၂ဝဝ အထိရှိလာပြီး ချည်လုံးတစ်လုံးလျှင်  ငွေကျပ်  ၉၆ဝဝ ဖြင့် ဝယ်ယူနေရာမှငွေကျပ်  ၁၁ဝဝဝ  အထိ ဈေးနှုန်းမြင့်တက်လာပါတယ်။

 

''အထည်ချုပ်လုပ်ငန်းမှာ အပ်ချည်တွေ၊  အထည်အလိပ်တွေက  မသုံးလို့မဖြစ်တော့ ဝယ်နေရတယ်။  ပြည်တွင်းမှာ ရောင်းတာတွေကတော့ ဈေးတက်လို့မရတော့ အခက်အခဲရှိနေပါတယ်'' ဟု  ဦးမင်းဇော် ကပြောကြားခဲ့ပါတယ်။

 

 လတ်တလော ဒေါ်လာဈေးမြင့်တက်နေသည့်အတွက် သွင်းကုန်ပစ္စည်း အများစုမှာ ၁ဝ  ရာခိုင်နှုန်းကျော်  ဈေးနှုန်းမြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံသည် သွင်းကုန်များသည့်    နိုင်ငံဖြစ်သောကြောင့် ဒေါ်လာဈေးမြင့်တက်လာပါက သွင်းကုန်လုပ်ငန်းရှင်များ  အခက်အခဲ ဖြစ်သကဲ့သို့ ဝယ်ယူသည့်ပြည်သူများ အနေဖြင့်လည်း တိုက်ရိုက် ထိခိုက်နိုင်ကြောင်း သိရပါတယ်။

 

ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့်  ကုန်ကြမ်းပစ္စည်းများ ဝယ်ယူချိန်ဈေးနှုန်းနှင့် ငွေပြန်လည် ပေးသွင်းချိန်  ဈေးနှုန်းကွာဟမှုများ ဖြစ်နေသည့်အတွက်  လုပ်ငန်းအခက်အခဲများ ရှိနေခြင်းဖြစ်ကာ အထည်ချုပ်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊    စက်သုံးဆီလုပ်ငန်း၊ မော်တော်ယာဉ်ပစ္စည်း တင်သွင်းမှုလုပ်ငန်း  စသည့် လုပ်ငန်းများတွင် အခက်အခဲတွေ့နေရခြင်းဖြစ်ပါတယ်။


''စက်သုံးဆီတွေက ပြည်ပကနေ စဝယ်ပြီးနှစ်ပတ်ကြာမှရှင်း၊ သုံးပတ်ကြာမှရှင်းရလေ့ ရှိတယ်။ အဲဒီတော့ ဝယ်တုန်းက တစ်ဈေးနဲ့ ငွေပြန်ရှင်းတော့ တစ်ဈေးဆိုတော့ နစ်နာတာပေါ့။ သွင်းကုန်လုပ်ငန်းတွေကတော့  ပိုအထိနာတယ်''ဟု  မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်ကပြောကြားခဲ့ပါတယ်။

 

ထိုသို့  အထိနာသူများတွင်  သွင်းကုန်လုပ်ငန်းများမှာ ပိုမိုထိခိုက်မှု ရှိနေကြောင်း၊ သြဂုတ်  ၁၆  ရက်က   နိုင်ငံခြားငွေ လဲလှယ်နှုန်း  အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ်  ၁၅၆၁  ကျပ်အထိ  စံချိန်တင် မြင့်တက်ခဲ့ပြီး သြဂုတ် ၂ဝ ရက်တွင် ငွေကျပ် ၁၄၈ဝ အထိ    ပြန်လည်ကျဆင်းခဲ့သော်လည်း သြဂုတ် ၂၁ ရက်တွင် ဗဟိုဘဏ် ပေါက်ဈေး  ငွေကျပ်  ၁၄၉၅ ကျပ်  အထိရှိကြောင်း သိရပါတယ်။


Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:18
Rate this item
(0 votes)