Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေလုံလောက်စွာ မရသောကြောင့် မိုးပြောင်း အထွက်နှုန်း လျော့ကျနိုင်


ယခုနှစ်အတွင်း မိုးပြောင်းစိုက်ဧက လျော့နည်းသည့်အပြင် စတင်စိုက်ပျိုးချိန်က  ရေလုံလောက်စွာ မရခဲ့သောကြောင့်  အထွက်နှုန်း လျော့ကျနိုင်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းချုပ်  ဥက္ကဋ္ဌ ဦးမင်းခိုင်၏ ပြောကြားချက်အရ သိရပါတယ်။

 


မိုးပြောင်းစတင် စိုက်ပျိုးချိန်တွင် ပြောင်းဈေးနှုန်း ကျဆင်းခဲ့သည့်အတွက် စိုက်ဧက လျှော့၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပါတယ်။

 


'ဒီနှစ် မိုးပြောင်းစိုက်ဧက နည်းတယ်။ စစိုက်တဲ့အချိန်မှာ ပြောင်းဈေးနှုန်းတွေ ကျသွားတယ်။ တောင်သူတွေက တွက်ခြေမကိုက်မှာ စိုးလို့ လျှော့ပြီးစိုက်ကြတာပါ။ စိုက်ပြီးတဲ့ အချိန်မှာလည်း  ရေလုံလောက်စွာ မရတဲ့အတွက် တချို့စိုက်ခင်းတွေ  ပျက်စီးကုန်တယ်။ ဒါကြောင့် ဒီနှစ်မိုးပြောင်း အထွက်နှုန်းက လျော့ကျနိုင်တယ်လို့ ခန့်မှန်းလို့ရပါတယ်' ဟု ဦးမင်းခိုင် ကပြောကြားခဲ့ပါတယ်။

 

Read More >>>>>  ပဲကတ္တီပါရဲ့ကောင်းကျိုးတွေကို သိသလား

 


လတ်တလောတွင် ပြောင်းဈေးနှုန်းများ ယခင်လကထက် ကျဆင်းလျက်ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၅၂ဝ သာ ရှိကြောင်း သိရပါတယ်။

 


'နောက်နှစ်ဈေးကွက် အလားအလာကတော့ ကုန်စည်ရှားပါးမှုဖြစ်မယ်။ ဈေးကွက်ကတော့  ကမ္ဘာ့ပေါက်ဈေး အတိုင်းပေါ့။ ဈေးကွက်ထဲမှာ ကုန်စည်ရှားရင် ဝယ်လိုအား တိုးလာတတ်တယ်'ဟု ဦးမင်းခိုင်က ပြောကြားခဲ့ပါတယ်။

 


မိုးပြောင်းကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့၌ မေလ လယ်ခန့်တွင် စတင်စိုက်ပျိုးလေ့ရှိပြီးတစ်နိုင်ငံလုံး ပြောင်းစိုက်ဧက၏ ၆၅ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။

 

 

#Myanmar Food Industry

Read times Last modified on Wednesday, 14 August 2019 11:09
Rate this item
(1 Vote)