Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နေ့ရက်တိုင်းအတွက် နက်စလေ ဝက်ဝံမော့မစ် အသင့်သောက်ဘူးသစ် မိတ်ဆက်

ကျန်းမာသော လူမှုဘဝအတွက် ကြံ့ခိုင် ထက်မြက်ရန် လိုအပ်သည့်အပြင် အစာအာဟာရ ညီညွတ်မျှတမှုသည်လည်း အရေးကြီးသော အရာများထဲမှ တစ်ခု ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လာသော်လည်း အာဟာရဆိုင်ရာ အသိပညာ အားနည်းမှုကြောင့် သော်လည်းကောင်း၊ အစာစားသောက်မှုပုံစံ မမှန်ကန်မှုကြောင့် သော်လည်းကောင်း၊ မြန်မာနိုင်ငံသား အများစုသည် အာဟာရ ချို့တဲ့ နေကြပါသည်။

 

မြန်မာနိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီး သူများ နှင့် ကလေးငယ် အများစုသည် နေ့စဉ်စားသောက်သော အစားအစာများတွင် သံဓာတ်ပါဝင်မှု နည်းပါးမှုကြောင့် သံဓာတ်ကို နေ့စဉ်လုံလောက်စွာ မရရှိကြပါ။ အာဟာရ ချို့တဲ့ခြင်းကြောင့် ဖြစ်သည့် ပုညှက် သေးကွေးခြင်းနှင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရခြင်း များသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကျန်းမာရေး ပြဿနာများထဲမှ တစ်ခု ဖြစ်နေသည်။ အဆိုပါ အာဟာရဆိုင်ရာ ကိစ္စသည် လက်ရှိ စိတ်ဝင်စားနေကြသော အကြောင်းအရာများထက် ပိုမို အာရုံစိုက်သင့်သည့် ကိစ္စ ဖြစ်ပါသည်။ မြန်မာမိသားစုများ လိုအပ်သော အာဟာရများ ဖြည့်တင်းပေးရန် ရည်ရွယ်၍ နက်စလေ ၀က်ဝံမော့မစ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြည်တွင်း ဈေးကွက်အတွင်း စတင် မိတ်ဆက် ပေးခဲ့သည်။ ယခုအခါ မြန်မာ မိသားစုတိုင်း၊ နေ့ရက်တိုင်း ကြံ့ခိုင်ပြီး ထက်မြက်စေရန် ရည်ရွယ် ထုတ်လုပ်ထားသော သံဓာတ်ပိုမိုပါဝင်၍ အာဟာရ ပြည့်ဝပြီး အရသာ ပြည့်စုံသည့် နက်စလေ ဝက်ဝံမော့မစ် အသင့်သောက်ဘူးသစ်ကို ထပ်မံ၍ မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။

 

နက်စလေမြန်မာသည် မြန်မာနိုင်ငံသားများအတွက် အာဟာရ လိုအပ်ချက်များ ဖြည့်တင်းရေး ဆောင်ရွက်ရာတွင် အာဟာရဆိုင်ရာ အသိပညာများ ပိုမို နားလည်သဘောပေါက်စေရန် ပညာပေးအစီစဉ်များနှင့် ကျန်းမာရေး ဟောပြောပွဲများမှတစ်ဆင့် အသိပညာ ပေးလေ့ ရှိပါသည်။ မြန်မာနိုင်ငံသားအားလုံး နေ့ရက်တိုင်း ကြံ့ခိုင်ထက်မြက်စေသည့် နက်စလေ ၀က်ဝံမော့မစ် အသင့်သောက် ဘူးသစ် မိတ်ဆက်ပွဲအား သံဓာတ်ဆိုင်ရာ ပညာပေး၊ အသိပညာမြှင့်တင်ရေး အစီအစဉ်များနှင့်အတူ ပြုလုပ်ခြင်း ဖြစ်ပါသည်။

 

Read More >>>>>   တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ထက်ဝက်ခန့် လျော့သော်လည်း ဈေးကွက်အသစ်များသို့ တင်ပို့နိုင်မှု မြင့်တက်လာ

 

“ကျွန်တော်တို့ဟာ နက်စလေရဲ့ ရည်မှန်းချက် ပန်းတိုင်အတိုင်း မြန်မာနိုင်ငံသားများ အနေနဲ့ အကောင်းဆုံးသော အာဟာရတွေ၊ ကျန်းမာကြံ့ခိုင်မှုတွေ ရရှိစေဖို့အတွက် အသက်အရွယ် အပိုင်းအခြားအလိုက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ အာဟာရနဲ့ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်တွေကို ပေးစွမ်းနိုင်ဖို့ စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိပါတယ်။” ဟု နက်စလေမြန်မာ ၏ Managing Director ဖြစ်သူ Mr Stephen Knight မှ ပြောကြားခဲ့သည်။

 

“အသစ် ထပ်မံမိတ်ဆက်လိုက်တဲ့ နက်စလေ ၀က်ဝံမော့မစ် အသင့်သောက်ဘူးမှာ အသက် အရွယ်အပိုင်းအခြားမရွေး၊ လူတိုင်း နေ့စဉ် လိုအပ်တဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်ဓာတ် အပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေ ပါဝင်တာကြောင့် နေ့ရက်တိုင်းကို ကြံ့ခိုင်ထက်မြက်စွာနဲ့ အကောင်းဆုံး ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်” ဟု Nestlé BEAR BRAND ၏ Brand Manager ဖြစ်သူ မသန့်ဇင်အေး မှ ပြောသည်။

 

နက်စလေ ဝက်ဝံမော့မစ် အသင့်သောက် ဘူးသစ်ကို အိမ်တွင်လည်းကောင်း၊ ကျောင်းတွင်လည်းကောင်း၊ ရုံးတွင်လည်းကောင်း၊ ကားပေါ်တွင်လည်းကောင်း၊ အချိန်မရွေး၊ နေရာမရွေး လွယ်ကူစွာ သောက်သုံးနိုင်သည်။ မိသားစုဝင်တိုင်း အသက်အရွယ် အပိုင်းအခြားမရွေး ကြံ့ခိုင်ထက်မြက်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပြီး ကြံ့ခိုင်ထက်မြက်သည့် တစ်ဦးတစ်ယောက်ခြင်းစီမှသည်၊ ကြံ့ခိုင်ထက်မြက်သော မိသားစုများ အနေဖြင့် ပိုမိုကြံ့ခိုင်သော နိုင်ငံဆီသို့ လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ နက်စလေ ဝက်ဝံ မော့မစ်သည် မိသားစုဝင်တိုင်း ကြိုက်နှစ်သက်သော အရသာရှိသည့် အာဟာရပြည့် မုယောနို့ရည် ဖြစ်ပါသည်။ နက်စလေ ၀က်ဝံမော့မစ်တွင် -

 

nestle

 

·         ခန္ဓာကိုယ် ကြံ့ခိုင်ပြီး ဦးနှောက်လုပ်ဆောင်ချက်များကို အထောက်အကူပြုသည့် သံဓာတ် ကြွယ်ဝစွာပါဝင်သည်။

 

·         အရိုးများနှင့် ခန္ဓာကိုယ်ကြံ့ခိုင်စေသည့် ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်ပါသည်။

 

အသက်အရွယ်အပိုင်းအခြားမရွေး၊ မိသားစုတိုင်း သောက်သုံးရန် သင့်တော်သည့် အချိုအဆိမ့် သမမျှတပြီး အရသာရှိသည့် အာဟာရပြည့် မုယောနို့ရည်ဖြစ်ပါသည်။ နက်စလေ ဝက်ဝံမော့မစ် တစ်ခါသောက်အထုပ်များ နှင့် အသင့်သောက်ဘူးများကို စူပါမားကတ်များ၊ ကုန်စုံဆိုင်များနှင့် ဈေးများတွင် ဝယ်ယူရရှိနိုင်ပါသည်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Tuesday, 23 July 2019 13:54
Rate this item
(0 votes)