Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်တန့်မှုကြောင့် ကြက်သား လက်လီဈေးနှုန်း တစ်ပိဿ ကျပ် ၈၀၀၀ နှုန်း မြင့်တတ်လာ

ပြည်တွင်း ကြက်မွေးမြူသူများအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကြက်မွေးမြူရေးလုပ်ငန်းများ ယာယီ ရပ်တန့်သွားမှုကြောင့် ကြက်သား ထုတ်လုပ်မှု လျော့ကျကာ ယခုရက် ပိုင်းအတွင်း ဈေးကွက်အတွင်း၌ ကြက်သား လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်း အထိ မြင့်တက်လာကြောင်း သိရသည်။ 

 

မြင့်တက်လာ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဧပြီလဆန်းမှ မေလဆန်းအထိ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အတွက် ကန့်သတ်မှုများကြောင့် အသားတိုးကြက်မွေးမြူသည့် ကြက်ခြံ ၄၀ ရာခိုင်နှုန်းခန့် ကြက်သားပေါက် ( အသစ်များ မွေးမြူမှုရပ်တန့်ခဲ့သဖြင့် ကြက်သားတ်လုပ်မှု လျော့ကျကာ ကြက်သားဈေးနှုန်းများ မြင့်တက်လာ ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူ ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြောသည်။

 

“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် ကန့်သတ်ပိတ်ပင် မှုတွေ ရှိလာတာကြောင့် ဈေးကွက် ပျက်မှာ စိုးရိမ်ပြီး ကြက်မွေးမြူသူတွေက ကြက်သားပေါက်တွေကို ခြံတွေမှာ မမွေးနိုင်တော့ဘူး။

 

အမှန် တကယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကြောင့် အကန့်အသတ်နဲ့ ယာယီ ပိတ်ထားတဲ့ လုပ်ငန်းတွေထဲမှာ ကြက်မွေးမြူတဲ့ လုပ်ငန်းတွေမပါဘဲ ဆက်လက်လုပ်ကိုင်ခွင့် ပြုထားတာပါ။

 

ဒါပေမယ့် အချို့ နေရာဒေသတွေမှာ နားလည်မှုလွဲပြီး ပိတ်ပင်တာတွေရှိခဲ့ တယ်။ ဒါကြောင့် ခြံရှင်တွေကလည်း မွေးပြီး ဈေးကွက်ကို ပို့လို့မရမှာ စိုးရိမ် တဲ့အတွက် ကြက်သားပေါက် အသစ် မွေးတာတွေကို ရပ်ပစ်လိုက်ကြတယ်။ ဒါကြောင့် မွေးမြူမှု အဆက်ပြတ်သလို ဖြစ်သွားတဲ့အတွက် ကြက်သားဈေး နှုန်းတွေက လိုအပ်တာထက်ပိုပြီး ဈေးတက်သွားတာပါ”ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် မေလ တတိယပတ်မှ စတင်၍ ပြည်တွင်း ကြက်သားပေါက် ဖောက်စက်များလည်း ပုံမှန်ထုတ်လုပ် လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံမှလည်း ကြက်သားပေါက်ကောင်ရေ ကိုးသိန်း ကျော်တင်သွင်းကာ မွေးမြူရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လုပ်ဆောင်လျက်ရှိသည့်အတွက် ဇွန်လ တတိယပတ် အတွင်း ကြက်သားဈေးနှုန်းများ ပုံမှန်ဈေးနှုန်းများသို့ ပြန်လည် ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရ သည်။


ပြန်လည်မွေးမြူ “အရင်က အသားတိုးကြက် တစ်ကောင်ကို ခြံဖမ်းဈေးက ကျပ် ၂၄၀ဝနဲ့ ကျပ် ၂၅၀၀ ကြားပဲရှိပေမယ့် အခုအချိန်မှာ ကျပ် ၄၅၀၀ လောက် ဖြစ်သွားတယ်။ ကြက်မွေးမြူသူတွေ အနေနဲ့ ထုတ်လုပ်မှု စရိတ်အရ တစ်ပိဿာကို ကျပ် ၂၈၀၀ နဲ့ ကျပ် ၃၀၀၀ လောက်ဆိုရင် အဆင်ပြေတဲ့ ဈေးနှုန်းပါ။

 

လက်ရှိအချိန်မှာ ကြက်တွေ ကို ပုံမှန်အတိုင်း ပြန်လည်မွေးမြူ နေကြပါပြီ။ အသားတိုးကြက်မွေးမြူမှု က ရက် ၄၀ လောက်ပဲ ကြာတာဖြစ်တဲ့ အတွက် ဇွန်လ တတိယပတ်လောက် ဆိုရင် ကြက်သားဈေးက ပုံမှန်ဖြစ် သွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောသည်။

 

မန္တလေး ကြက်သားဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသည့် အသားတိုး ကြက်ခြံဖမ်းဈေးမှာ တစ်ကောင်လျှင် ကျပ် ၅၅၀၀ နှုန်း၊ ကြက်ကောင်လုံး တစ်ပိဿာလျှင် ကျပ် ၇၅၀၀ နှုန်း၊ ရင်အုပ်သား တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀ နှုန်း၊ ကြက်ပေါင် တစ်ပိဿာ လျှင် ကျပ် ၉၀၀၀ နှုန်းနှင့် တောင်ပံ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်း များဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးကြက်သားရောင်းဝယ်ရေး ဒိုင်များမှ သိရသည်။

 

The Mirror Daily

Read times
Rate this item
(1 Vote)