Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ ကြက်ပေါက်ကောင်ရေ ၁၉ သိန်းကျော် တင်သွင်းမည်

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ယာယီရပ်နားထားသည့် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှ ကြက်သားပေါက်ကောင်ရေ ၁၉ သိန်းကျော် တင်သွင်းခွင့်ပြုထားကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ထံမှ သိရသည်။

 

ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကန့်သတ်မှုလုပ်ငန်းများ၊ အပါအဝင် ကြက်သားစားသုံးသူချေးကွက် ကျဆင်းလာမှုကြောင့် အသားတိုး ကြက်မွေးမြူသူ ၄၀ ရာခိုင်နှုန်းခန့်မှာ ကြက်သားပေါက်အသစ်မွေးမြူမှု ရပ်နား ထားကြသည်။ မွေးမြူထုတ်လုပ်မှုရပ်နားခဲ့ခြင်းကြောင့် ကြက်သားထုတ် လုပ်မှုလျော့ကျ၍ ဈေးနှုန်းမြင့်တက်မှုဖြစ်ပေါ်ခဲ့သည်။

 

ယခုအခါကြက်သား ဈေးနှုန်းပုံမှန်ရောက်ရှိစေရန် မွေးမြူရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက် လျက်ရှိသည်။ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ လည်ပတ်နိုင်ရေးနှင့် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှ ကြက်သားပေါက်ကောင်ရေ ၁၉ သိန်းကျော် တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။

 

ပြည်တွင်းရှိ ကြက်သားပေါက်ထုတ်လုပ်သည့်ကုမ္ပဏီများ၊ လုပ်ငန်း ရပ်နားမှုရှိခဲ့ရာ လုပ်ငန်းပြန်လည်စတင်ရာတွင် ကြက်သားပေါက်ကောင်ရေ လိုအပ်ချက်ရှိနိုင်သည့်အတွက် တင်သွင်းရခြင်းဖြစ်သည်။ ပုံမှန်လုပ်ငန်း လည်ပတ်စဉ်ပြည်တွင်း၌ ကြက်သားပေါက်ကောင်ရေ လုံလောက်စွာထုတ်ပေးနိုင်ကြောင်း သိရသည်။

 

မေ ၁၅ ရက်မှ ဇွန် ၁၅ ရက်ထိ ကြက်သားပေါက်ကောင်ရေ ကိုသိန်း နှစ်သောင်းနှင့် ဇွန် ၁၆ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ကောင်ရေ ၁၀ သိန်းကို လိုအပ်ချက်အရ တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။ အသားတိုးကြက်များကို ၄၅ ရက်ကြာ မွေးမြူရပြီး ကြက်တစ်ကောင်၏ မွေးမြူရေးစရိတ်မှာ ငွေကျပ် သုံးထောင်ဝန်းကျင်ရှိကြောင်း သိရသည်။

 

The Mirror Daily

Read times
Rate this item
(0 votes)