Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းဆန် စင်ကာပူ တိုးမြှင့်ဝယ်ယူမည်

ထိုင်းဆန် စင်ကာပူ တိုးမြှင့်ဝယ်ယူမည်

 

တစ်နှစ်တာရဲ့ ကျန်ရှိတဲ့ လများမှာ စင်ကာပူက ထိုင်းဆန် တင်သွင်းမှု တိုးမြှင့်ရန် ဆွေးနွေးညှိနှိုင်းခဲ့ရာ အောင်မြင်မှု ရရှိကြောင်း ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာနက  ပြောကြားခဲ့ပါတယ်။ 

ယခုလို စင်ကာပူက ထိုင်းဆန်တိုးမြှင့် ဝယ်ယူမှာ ဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းဆန်တင်ပို့မှုသည် ရည်မှန်းထားသည့် ဆန်တန်ချိန် ၇ ဒသမ ၅ သန်းကို ပြည့်မီသွားနိုင်ပါတယ်။ 

 

 စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူအထွေထွေ ဆန်တင်သွင်းသူများအသင်း Singapore General Rice Importers Association နှင့်  ထိုင်းဆန်တင်ပို့သူများအသင်း Rice Exporters Association of Thailand တို့ မကြာသေးမီက ညှိနှိုင်းမှုများ အောင်မြင်ခဲ့ပြီး ယခုနှစ် ကျန်ရှိသည့် လများတွင် ထိုင်းနိုင်ငံမှ ဆန်ပိုမိုတင်သွင်းရန် စင်ကာပူက သဘောတူခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးချုပ် Pitak Udomwichaiwat  က ပြောသည်။

 

Asia Pacific Inspection Agency 

COVID-19 အခြေအနေ ပိုမိုကောင်းမွန်လာမှုကြောင့် စင်ကာပူနိုင်ငံ ပြန်လည်‌ေဖြ‌ေလျာ့ဖွင့်လှစ်ပြီးနောက် စင်ကာပူ၏ ဆန်ဝယ်လိုအားသည် မြင့်တက်လာနေကြောင်း Pitak မှ ပြောကြားသည်။

 

“စင်ကာပူက တခြားနိုင်ငံတွေကနေလည်း ဆန်ကို တင်သွင်းပါတယ်။  ဝယ်ဖို့ ရွေးချယ်ရာမှာ စျေးနှုန်းတွေကို ကြည့်လေ့ရှိပါတယ်” ဟု သူက ပြောသည်။

*ကံကောင်းထောက်မတာက ယခုနှစ် ထိုင်းနိုင်ငံမှာ မိုးရွာသွန်းမှု ကောင်းခဲ့သဖြင့် ဆန်အထွက်နှုန်း တိုးတာကြောင့် ဈေးနှုန်းနိမ့်ကျပါတယ်။ ကျွန်တော်တို့ရဲ ဆန်က ဈေးန‌ှုန်းအရ အခြားနိုင်ငံအချို့ထက် ‌ယှဉ်ပြိုင်မှု အားသာချက် ရရှိပါတယ်" ဟု သူက ပြောသည်။

 

"အဲဒါအပြင် စင်ကာပူစားသုံးသူများက ထိုင်းဆန်အရည်အသွေးအပေါ် နှစ်ရှည်လများယုံကြည်မှုရရှိထားပြီးဖြစ်ပါတယ်" ဟု သူက ပြောသည်။

 

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၄ ဒသမ ၉၂ သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံ (ဘတ် ၈၆ ဒသမ ၀၆ ဘီလီယံ) ဖြစ်ပါသည်။

ယခုနှစ်တွင် စုစုပေါင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇ ဒသမ ၅ သန်းရှိမည်ဟု နိုင်ငံခြားကုန်သွယ်မှုဌာနက ခန့်မှန်းထားသည်။

 

ကန်ဒေါ်လာနှင့် ဘတ် ငွေလဲနှုန်းတွင် ဘတ်ငွေ ကျဆင်းပြီးနောက် ‌ကန်ဒေါ်လာဖြင့် ဈေးခေါ်သော လက်ရှိ ထိုင်းဆန်ဈေး ကျဆင်းသွားသော်လည်း အခြားနိုင်ငံမှ ဆန်များထက် ဈေးပိုကြီးနေသေးကြောင်း အဆိုပါဌာနက ပြောသည်။

 

ဩဂုတ်လ ၃၁ ရက်နေ့တွင်   ၅ ရာခိုင်နှုန်း ဆန်ကွဲပါ ထိုင်းဆန်ဖြူ ပေါက်ဈေးမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၄၂၈ ရှိပြီး ဗီယက်နမ်မှ တူညီသော ဆန်အမျိုးအစား ဈေးနှုန်းမှာ ၃၉၇ ဒေါ်လာ၊ ပါကစ္စတန်မှ ၃၈၂ ဒေါ်လာနှင့် အိန္ဒိယမှ ၃၄၂ ဒေါ်လာတို့ ဖြစ်သည်။

ထိုင်းနိုင်ငံက ပေါင်းဆန် တစ်တန်ကို ကန်ဒေါ်လာ ၄၄၂ ဖြင့် ရောင်းချပြီး  ပါကစ္စတန်က ကန်ဒေါ်လာ ၄၀၂ နှင့် အိန္ဒိယက ကန်ဒေါ်လာ ၃၈၂ ဖြင့် ရောင်းချပါသည်။

Source Bangkokpost

#MyanmarFoodIndustryGuide 

Telegram Channel https://t.me/Guid4U

 

Read times Last modified on Friday, 16 September 2022 10:41
Rate this item
(0 votes)