Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အကျပ်ရိုက်နေသည့် ထိုင်းကြံလုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံတွင် သကြားအကြမ်း ပိုလျှံမှုကြောင့် သကြားထုတ်ရန် ကုန်ကြမ်းဖြစ်သည့် ကြံဈေးကွက်ပျောက်ပြီး

ကြံစိုက်ပျိုးမှု အနည်းဆုံးနှစ် ဖြစ်နေသည်။ အိမ်နီးနားချင်း ထိုင်းနိုင်ငံတွင်လည်း ကြံလုပ်ငန်းကဏ္ဍသည် အကျပ်အတည်းနှင့် ကြုံနေရသည်။ ကြံဈေးနှုန်းသည် အနိမ့်ကျဆုံး အမှတ်သို့ ရောက်ရှိနေသဖြင့် ကြံစိုက်တောင်သူတို့သည် အစိုးရအထောက်အပံ့ကို မျှော်ကိုးနေကြရသည်။

သြကားဈေးကွက်ထဲ သကြားများ ပိုလျှံနေခြင်းသည် နောက်ထပ် လအနည်းငယ်အတွင်း ပြီးသွားမည့် ကိစ္စမဟုတ်ဟု ဈေးကွက်စောင့်ကြည့်သူတို့က ဆိုထားသည်။ အစိုးရ ကြံစိုက်သူ သုံးသိန်းအတွက် အထောက်အပံ့ ဘတ် ၁၀ ဘီလျံ ချမှတ်ပေးသည်။
ထိုအထောက်အပံ့ငွေသည် သကြားစက်သို့ ပေးသွင်းသော ကြံ တစ်တန်လျှင် ၈၅ ဘတ် ထပ်ဆောင်းပေးမည် ဖြစ်ပြီး ကြံစိုက်သူတစ်ဦးလျှင် တန်ချိန် ၅၀၀၀ အထိ ထပ်ဆောင်းငွေကို တောင်းခံနိုင်သည်ဟု သတ်မှတ်ထားသည်။ ကြံစိုက်သူများ စားဝတ်နေရေး ပြေလည်စေရန် ဖြစ်ပြီး ရေတိုအတွက်သာ ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ၁၉၉၆ ခုနှစ်တွင် တွက်ချက်ခန့်မှန်းထားသည်မှာ ထိုင်းပြည်တွင်း ဈေးကွက်သည် ထိုင်းနိုင်ငံ သကြားထုတ်လုပ်မှု ပမာဏ စုစုပေါင်း၏ ၂၅ မှ ၃၀ % ကိုသာ အသုံးပြုသည်။ သို့ဖြစ်ရာ ပြည်ပ ဈေးကွက်ကိုသာ အားကိုးသည်။
နိုင်ငံတကာ သကြားအဖွဲ့က ကြိုတင်ခန့်မှန်းထားသည်မှာ သကြားဈေး ကျဆင်းနေခြင်း၊ ကျန်းမာရေးအသိဖြင့် အချိုစားခြင်းကို ရှောင်ကြသည်မှာ ပိုများလာနေခြင်းတို့ကြောင့် ထိုင်းသကြားသည် နိုင်ငံတကာ ဈေးကွက်တွင် ရောင်းအားကျဆင်းနေမည် ဖြစ်သည်။

သို့ဖြစ်ရာ ကြံစိုက်သူများကို အစိုးရက အတိုးနှုန်း ၀.၀၁% အထူးချေးငွေများ ပေးအပ်နေသည်ကို လျစ်လျူပြုပြီး ကြံအစား အခြားအရာကို ပြောင်းစိုက်သင့်ကြောင်း အကြံပြုကြသည်။

 

အက်ပ္႐ိုက္ေနသည့္ ထိုင္းႀကံလုပ္ငန္းက႑

ျမန္မာႏိုင္ငံတြင္ သၾကားအၾကမ္း ပိုလွ်ံမႈေၾကာင့္ သၾကားထုတ္ရန္ ကုန္ၾကမ္းျဖစ္သည့္ ႀကံေဈးကြက္ေပ်ာက္ၿပီး ႀကံစိုက္ပ်ိဳးမႈ အနည္းဆုံးႏွစ္ ျဖစ္ေနသည္။ အိမ္နီးနားခ်င္း ထိုင္းႏိုင္ငံတြင္လည္း ႀကံလုပ္ငန္းက႑သည္ အက်ပ္အတည္းႏွင့္ ႀကဳံေနရသည္။ ႀကံေဈးႏႈန္းသည္ အနိမ့္က်ဆုံး အမွတ္သို႔ ေရာက္ရွိေနသျဖင့္ ႀကံစိုက္ေတာင္သူတို႔သည္ အစိုးရအေထာက္အပံ့ကို ေမွ်ာ္ကိုးေနၾကရသည္။
ၾသကားေဈးကြက္ထဲ သၾကားမ်ား ပိုလွ်ံေနျခင္းသည္ ေနာက္ထပ္ လအနည္းငယ္အတြင္း ၿပီးသြားမည့္ ကိစၥမဟုတ္ဟု ေဈးကြက္ေစာင့္ၾကည့္သူတို႔က ဆိုထားသည္။ အစိုးရ ႀကံစိုက္သူ သုံးသိန္းအတြက္ အေထာက္အပံ့ ဘတ္ ၁၀ ဘီလ်ံ ခ်မွတ္ေပးသည္။
ထိုအေထာက္အပံ့ေငြသည္ သၾကားစက္သို႔ ေပးသြင္းေသာ ႀကံ တစ္တန္လွ်င္ ၈၅ ဘတ္ ထပ္ေဆာင္းေပးမည္ ျဖစ္ၿပီး ႀကံစိုက္သူတစ္ဦးလွ်င္ တန္ခ်ိန္ ၅၀၀၀ အထိ ထပ္ေဆာင္းေငြကို ေတာင္းခံႏိုင္သည္ဟု သတ္မွတ္ထားသည္။ ႀကံစိုက္သူမ်ား စားဝတ္ေနေရး ေျပလည္ေစရန္ ျဖစ္ၿပီး ေရတိုအတြက္သာ ျဖစ္သည္။
ကမာၻ႔စားနပ္ရိကၡာအဖြဲ႕မွ ၁၉၉၆ ခုႏွစ္တြင္ တြက္ခ်က္ခန႔္မွန္းထားသည္မွာ ထိုင္းျပည္တြင္း ေဈးကြက္သည္ ထိုင္းႏိုင္ငံ သၾကားထုတ္လုပ္မႈ ပမာဏ စုစုေပါင္း၏ ၂၅ မွ ၃၀ % ကိုသာ အသုံးျပဳသည္။ သို႔ျဖစ္ရာ ျပည္ပ ေဈးကြက္ကိုသာ အားကိုးသည္။
ႏိုင္ငံတကာ သၾကားအဖြဲ႕က ႀကိဳတင္ခန႔္မွန္းထားသည္မွာ သၾကားေဈး က်ဆင္းေနျခင္း၊ က်န္းမာေရးအသိျဖင့္ အခ်ိဳစားျခင္းကို ေရွာင္ၾကသည္မွာ ပိုမ်ားလာေနျခင္းတို႔ေၾကာင့္ ထိုင္းသၾကားသည္ ႏိုင္ငံတကာ ေဈးကြက္တြင္ ေရာင္းအားက်ဆင္းေနမည္ ျဖစ္သည္။

သို႔ျဖစ္ရာ ႀကံစိုက္သူမ်ားကို အစိုးရက အတိုးႏႈန္း ၀.၀၁% အထူးေခ်းေငြမ်ား ေပးအပ္ေနသည္ကို လ်စ္လ်ဴျပဳၿပီး ႀကံအစား အျခားအရာကို ေျပာင္းစိုက္သင့္ေၾကာင္း အႀကံျပဳၾကသည္။

Read times
Rate this item
(0 votes)