Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နေကြာပန်းမှရရှိတဲ့ ဆေးဖက်ဝင် ပျားရည်ကို ပြည်ပသို့ တင်ပို့ရောင်းချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးဒေသအတွင်းရှိ ကန်ရေ၊ ဆင်ခေါင်း၊ ကုန်းသာနဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက


နေကြာစိုက်ခင်းတွေမှာ ဖူးပွင့်ချိန်ကို ရောက်ရှိလာပြီဖြစ်တာကြောင့် နေကြာပန်းတွေရဲ့ အဖူး၊ အပွင့်တို့ကနေ ထုတ်လုပ်တဲ့ ပျားရည်ကို တရုတ်နဲ့ ကိုရီးယားနိုင်ငံတို့မှ အဓိကဝယ်ယူနေပြီး ပျားရည်ထုတ်လုပ်သူတွေ ဝင်ငွေကောင်းနေကြောင်း ပျားရည်ထုတ်လုပ်သူတွေထံမှ သိရပါတယ်။  Link

 

ယနေ့ခေတ်မှာတော့ ပျားမွေးမြူရေးနဲ့ ပျားရည်ထုတ်လုပ်မှုကို နေရာအနှံ့အပြားမှာ စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်လာကြပြီး ပျားမွေးမြူရေး ဌာနကလည်း ဌာနတွေခွဲပြီးး ပျားမွေးမြူရေးနဲ့ ပျားရည်ထုတ်လုပ်မှုကို နည်းစနစ်မှန်စွာ မွေးမြူကာ အထွက်နှုန်းကောင်းစေဖို့ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

 

မင်းဘူးမြို့နယ်ကနေ ထွက်ရှိတဲ့ ပျားရည်တွေကို တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေဆီ တင်ပို့ရောင်းချနေကြောင်း မကွေးမြို့ သဖန်းဆိပ်ကျေးရွာမှ ပျားရည်ထုတ်လုပ်ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။

 

မင်းဘူးဒေသအတွင်း မင်းဘူး၊ စကု၊ လယ်ကိုင်း၊ ပွင့်ဖြူဒေသတွေမှာ ပျားရည်ထုတ်လုပ် ရောင်းချတဲ့ အဖွဲ့ပေါင်း ၃ဝ ခန့်ရှိပြီး ကုမ္ပဏီက ပျားရည်ထွက်ရှိသော ဒေသတွေဆီ ကိုယ်တိုင်ဆင်းပြီး ဝယ်ယူသဖြင့် ပျားရည် ထုတ်လုပ်ရောင်းချသူများ အဆင်ပြေ ဝင်ငွေကောင်းနေ ကြကြောင်း သိရပါတယ်။

 

Read more >>>>> ထိုင်းစတိုင် ပုလဲနို့ လက်ဖက်ရည်အေး


ပျားရည်ပုလင်းကြီး တစ်ပုလင်းကို ငွေကျပ် ၃ဝဝဝ ပေါက်ဈေးရှိပြီး ကုမ္ပဏီတွေကို ပျားရည် တစ်ပိဿာလျှင် ငွေကျပ် ၃၆ဝဝ ဈေးနဲ့ ရောင်းချနေကြောင်းသိရပါတယ်။

 

Source: Mirror

Read times Last modified on Tuesday, 18 September 2018 11:57
Rate this item
(3 votes)