Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စင်ကာပူကို ဘရူနိုင်း ကြက်ဥ ရောင်းချ

စင်ကာပူကို ဘရူနိုင်း ကြက်ဥ ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဘရူနိုင်းဒါရုစလမ်သည် စင်ကာပူသို့ ကြက်ဥများ စတင် တင်ပို့ခဲ့ရာ ဘရူနိုင်းမှ ကြက်ဥများသည် မကြာမီတွင် စင်ကာပူမှ စူပါမားကတ်များရှိ စင်များပေါ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။

 .

ယခုအခါ  မလေးရှား၊ ထိုင်း၊ ဂျပန်၊ ဩစတြေးလျ၊ စပိန်၊ ပိုလန်တို့ အပါအဝင် စင်ကာပူသို့ ကြက်ဥ တင်ပို့သည့် နိုင်ငံ ၁၇ နိုင်ငံ ရှိလာပြီ ဖြစ်သည်။

 .

ဘရူနိုင်းနိုင်ငံရှိ Golden Chick Livestock Farm မှ ကြက်ဥများကို ပြည်တွင်းရောင်းချသူ Dasoon Eggs က တင်သွင်းသည်။ နိုဝင်ဘာလတွင် ကြက်ဥ နှစ်သုတ် တင်သွင်းထားသည်။ စမ်းသပ်ကာလအဖြစ် တင်သွင်းခြင်း ဖြစ်သဖြင့် အရေအတွက် မများချေ။ စင်ကာပူရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ စစ်ဆေးမှုများကို ခံယူပြီး ဘရူနိုင်းကြက်ဥများသည် သတ်မှတ်ပြဋ္ဌာန်းထားသည့် စံချိန်စံညွှန်းများ ပြည့်မီပါက အရေအတွက် တိုးမြှင့်သွားမည်ဟု Dasoon Eggs က  ပြောကြားသည်။ 

Source CNA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 13 December 2022 22:53
Rate this item
(0 votes)