Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက အ၀ယ်လျော့သော်လည်း မတ်ပဲဈေးတက်

အိန္ဒိယက ၀ယ်လိုအား လျော့နည်းသော်လည်း ပြည် တွင်းဈေးကွက်တွင် မတ်ပဲဈေး ဆက်လက်မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး

ဦးမင်းကိုဦးက ပြောသည်။အိန္ဒိယသို့ မတ်ပဲတင်သွင်းလို  သည့် တန်ချိန်ပမာဏနှင့် အချိန် သတ်မှတ်ချက်သည် သြဂုတ် ၃၁ ရက်တွင် ပြည့်သွားသော်လည်း အခြားနိုင်ငံ ဈေးကွက်ဝယ်လို အားရှိနေခြင်းကြောင့် ဈေးပြန် လည်မြင့်တက်လာကြောင်း ၎င်း ကပြောသည်။

 

‘‘အိန္ဒိယအ၀ယ်မရှိလို့ မတ် ပဲဈေးကျမယ်ထင်ပေမယ့် ပြန် တက်လာတယ်။ တခြားနိုင်ငံတွေ က ၀ယ်နေတော့ ပြည်တွင်းဈေး ပြန်မာလာတယ်’’ဟု ဦးမင်းကိုဦး က ရှင်းပြသည်။

 

လက်ရှိတွင် မတ်ပဲသည် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသောနိုင်ငံက ၀ယ်လိုအားရှိနေခြင်း ကြောင့် ပြည်တွင်း ဈေးကွက်၌ မတ်ပဲတန် ၁၀၀ လျှင် ကျပ်သိန်း ၃၀ ခန့် ဈေးမြင့်လာကြောင်း ၎င်း ကဆိုသည်။

 

ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၄၂၀,၀၀၀ မှ ကျပ် ၄၅၀,၀၀၀ သို့ မြင့်တက်လာကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

 အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်း တန်ချိန်တစ်သိန်းခွဲ၊ ပဲ စင်းငုံ တန်ချိန် နှစ်သိန်းကို ဇွန်၊ ဇူလိုင်၊ သြဂုတ်လကုန်အထိ သုံးလအတွင်း တင်သွင်းမည်ဟု ဇွန်လဆန်းက ထုတ်ပြန်ခဲ့သည်။

 

 လက်ရှိ အိန္ဒိယနိုင်ငံက ပြည်ပမှ ပဲတင်သွင်းရန် သတ် မှတ်ထားသည့် အချိန်ကာလပြည့် ချိန်တွင် မတ်ပဲ ဈေးမြင့်တက်နေ သော်လည်း ပဲစင်းငုံဈေးအနည်း ငယ်ပြန်လည်ကျဆင်းလာသည်။ ပြီးခဲ့သည့် တစ်ပတ်က ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၄၅၀,၀၀၀ မှ၄၃၀,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း ဘုရင့်နောင် ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံက စိုက်ပျိုးထုတ် လုပ်သော မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ ရောင်းချသည့် ပဲနှစ်မျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံက အ၀ယ်မရှိချိန်တွင် မြန်မာနိုင်ငံ ပဲစိုက်တောင်သူလယ် သမားများကို အခြားဆီထွက်သီး နှံများ၊ ပြောင်းဖူးစသော သီးနှံများပြောင်းလဲစိုက်ပျိုးရန် အစိုးရနှင့်အသင်းအဖွဲ့များက တိုက်တွန်း နေသည်။

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 10:11
Rate this item
(0 votes)