Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ဆန် ပြောင်းနှင့် ဂျုံတို့ကို ကိုတာစနစ်ဖြင့်တင်ပို့လိုပါက နိုဝင်ဘာ ၁၅ ရက်မတိုင်မီ လျှောက်ထားရန် သတ်မှတ်

<<<<  unicode >>>>

 

တရုတ်နိုင်ငံသို့ ဆန် ပြောင်းနှင့် ဂျုံတို့ကို ကိုတာစနစ်ဖြင့်တင်ပို့လိုပါက နိုဝင်ဘာ ၁၅ ရက်မတိုင်မီ လျှောက်ထားရန် သတ်မှတ်

 

၂ဝ၂ဝ ပြည့်နှစ်အတွက် တရုတ်နိုင်ငံသို့ ဆန်၊ပြောင်းနှင့် ဂျုံတို့ကို ကိုတာစနစ်ဖြင့် တင်ပို့လိုပါက  နိုဝင်ဘာ  ၁၅ ရက်မတိုင်မီ   လျှောက်ထားရန် သတ်မှတ်ထားကြောင်း   ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးမျိုးသူ၏ ပြောပြချက်အရ သိရသည်။

 

''နိုဝင်ဘာ ၁၅ ရက်မတိုင်မီလျှောက် ထားဖို့ တရုတ်နိုင်ငံက ခွင့်ပြုထားပါတယ်။ အခွန်နည်းနည်းပေးပြီး တင်သွင်းလာတာကို ကိုတာစနစ်လို့ သတ်မှတ်ထားတာပါ။

 

တင်သွင်းခွင့်ကိုလည်း  တရုတ်နိုင်ငံအစိုးရကနေ သူ့နိုင်ငံအတွင်းက  နိုင်ငံပိုင် ကုမ္ပဏီတွေကို တင်သွင်းရမယ့် ခွဲတမ်းတွေ  ပြန်ခွဲပေးတာဖြစ်ပါတယ်။ ကိုတာမရဘဲ တင်သွင်းခွင့်ပေးပေမယ့် အခွန်ကတော့ အများကြီးကောက်တယ်။   အရင်က တင်သွင်းဖူးတဲ့  ကုမ္ပဏီလားဆိုတာကို စစ်ဆေးပြီး တင်သွင်းခွင့်ပေးတာဖြစ်ပါတယ်'' ဟု ဦးမျိုးသူကပြောသည်။

 

တရုတ်နိုင်ငံ အစိုးရအနေဖြင့် လျှောက်ထားလာသည့်   ဆန်၊   ပြောင်းနှင့်ဂျုံ ကိုတာတန်ချိန်များပေါ် စိစစ်ပြီး တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

 

Read More >>>>>    မိုင္လိုျမန္မာမွ ႏိုင္ငံကိုယ္စားျပဳ အားကစားသမားမ်ားကို ခ်န္ပီယံမ်ားျဖစ္ေပၚလာေစရန္ အာဟာရအင္အားျဖင့္ ပံ့ပိုးေပးျခင္း

 

သို့သော် ကုမ္ပဏီများက လျှောက်ထားလာသည့် ကိုတာပမာဏသည်  ကုမ္ပဏီ တစ်ခုကို  တင်သွင်းခွင့်ပြုမည့် ပမာဏနှင့် ကိုက်ညီပါက ထိုပမာဏအတိုင်း  ခွင့်ပြုပေးမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်ထက်    ပိုမိုလျှောက်ထားပါက ယခင်နှစ်က ရရှိခဲ့သည့် ပမာဏထက်မနည်း စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် မြန်မာ့ပြောင်းကို ကိုတာစနစ်ဖြင့်  တင်သွင်းခွင့်ပြုပေးရန် တရုတ်နိုင်ငံသို့  လျှောက်ထားမည်ဖြစ်ကြောင်းနှင့် ၂ဝ၂ဝ ပြည့်နှစ်နှင့်  ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းအထိ  တင်သွင်းခွင့် ရရှိထားသည့် ပမာဏအတိုင်း အပြည့်အဝ တင်သွင်းနိုင်ခြင်း မရှိပါက တရုတ်နိုင်ငံ အစိုးရအနေဖြင့် လယ်ယာထွက်ကုန်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Source: Myawady

 

 

ဆန္ ေျပာင္းႏွင့္ ဂ်ဳံတို႕ကို ကိုတာစနစ္ျဖင့္ တင္ပို႕လိုပါက ႏိုဝင္ဘာ ၁၅ ရက္မတုိင္မီ ေလွ်ာက္ထားရန္ သတ္မွတ္

 

၂ဝ၂ဝ ျပည့္ႏွစ္အတြက္ တ႐ုတ္ႏုိင္ငံသို႔ ဆန္၊ေျပာင္းႏွင့္ ဂ်ဳံတို႔ကို ကိုတာစနစ္ျဖင့္ တင္ပို႔လိုပါက  ႏိုဝင္ဘာ  ၁၅ ရက္မတုိင္မီ   ေလွ်ာက္ထားရန္ သတ္မွတ္ထားေၾကာင္း   ကုန္သြယ္မႈျမႇင့္တင္ေရး ဦးစီးဌာန  ၫႊန္ၾကားေရးမွဴး ဦးမ်ဳိးသူ၏ ေျပာျပခ်က္အရ သိရသည္။

 

''ႏိုဝင္ဘာ ၁၅ ရက္မတုိင္မီေလွ်ာက္ ထားဖို႔ တ႐ုတ္ႏိုင္ငံက ခြင့္ျပဳထားပါတယ္။ အခြန္နည္းနည္းေပးၿပီး တင္သြင္းလာတာကို ကိုတာစနစ္လို႔ သတ္မွတ္ထားတာပါ။

 

တင္သြင္းခြင့္ကိုလည္း  တ႐ုတ္ႏိုင္ငံအစိုးရကေန သူ႔ႏုိင္ငံအတြင္းက  ႏုိင္ငံပိုင္ ကုမၸဏီေတြကို တင္သြင္းရမယ့္ ခြဲတမ္းေတြ  ျပန္ခြဲေပးတာျဖစ္ပါတယ္။ ကိုတာမရဘဲ တင္သြင္းခြင့္ေပးေပမယ့္ အခြန္ကေတာ့ အမ်ားႀကီးေကာက္တယ္။   အရင္က တင္သြင္းဖူးတဲ့  ကုမၸဏီလားဆိုတာကို စစ္ေဆးၿပီး တင္သြင္းခြင့္ေပးတာျဖစ္ပါတယ္'' ဟု ဦးမ်ဳိးသူကေျပာသည္။

တ႐ုတ္ႏိုင္ငံ အစိုးရအေနျဖင့္ ေလွ်ာက္ထားလာသည့္   ဆန္၊   ေျပာင္းႏွင့္ဂ်ဳံ ကုိတာတန္ခ်ိန္မ်ားေပၚ စိစစ္ၿပီး တင္သြင္းခြင့္ျပဳမည္ျဖစ္သည္။

 

Read More >>>>>    မိုင္လိုျမန္မာမွ ႏိုင္ငံကိုယ္စားျပဳ အားကစားသမားမ်ားကို ခ်န္ပီယံမ်ားျဖစ္ေပၚလာေစရန္ အာဟာရအင္အားျဖင့္ ပံ့ပိုးေပးျခင္း

 

သို႔ေသာ္ ကုမၸဏီမ်ားက ေလွ်ာက္ထားလာသည့္ ကိုတာပမာဏသည္  ကုမၸဏီ တစ္ခုကို  တင္သြင္းခြင့္ျပဳမည့္ ပမာဏႏွင့္ ကိုက္ညီပါက ထိုပမာဏအတိုင္း  ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္းႏွင့္ သတ္မွတ္ခ်က္ထက္    ပိုမိုေလွ်ာက္ထားပါက ယခင္ႏွစ္က ရရွိခဲ့သည့္ ပမာဏထက္မနည္း စိစစ္ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း သိရသည္။

 

လက္ရွိတြင္ ျမန္မာ့ေျပာင္းကို ကိုတာစနစ္ျဖင့္  တင္သြင္းခြင့္ျပဳေပးရန္ တ႐ုတ္ႏိုင္ငံသို႔  ေလွ်ာက္ထားမည္ျဖစ္ေၾကာင္းႏွင့္ ၂ဝ၂ဝ ျပည့္ႏွစ္ႏွင့္  ၂ဝ၂ဝ ျပည့္ႏွစ္ ေနာက္ပိုင္းအထိ  တင္သြင္းခြင့္ ရရွိထားသည့္ ပမာဏအတိုင္း အျပည့္အဝ တင္သြင္းႏုိင္ျခင္း မရွိပါက တ႐ုတ္ႏိုင္ငံ အစိုးရအေနျဖင့္ လယ္ယာထြက္ကုန္ဆိုင္ရာ ဥပေဒႏွင့္အညီ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 

Source: Myawady

 

 

Read times Last modified on Thursday, 06 February 2020 16:56
Rate this item
(0 votes)