Food & Livestock
ပြည်တွင်း သရက်သီးခြမ်းများ အခြောက်ခံပြီး မလေးရှားသို့ တင်ပို့မည်
ပြည်တွင်းမှ အရည်အသွေးကောင်းမွန်သောသရက် သီးများ ပြည်ပသို့တင်ပို့နေရာမှရွေးချယ်ကျန်ရှိသည် များကို အလေအလွင့်မရှိစေရန် သရက်သီးခြမ်း များအဖြစ် အခြောက်ခံကာ မလေးရှားသို့ စမ်းသပ် တင်ပို့မည်ဟု မြန်မာနိုင်ငံသရက်သီးအစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
“သရက်သီးအခြောက်တွေ အော်ဒါအများကြီး ရှိပါတယ်။ ပို့ကုန်သရက်သီးရဖို့ အရည်အသွေး ရှိတာက ကားတစ်စီးမှာ ဆယ်ပုံတစ်ပုံလောက်ပဲ ပါတော့အကောင်းဆုံးရွေးချယ်ပြီး ကျန်တဲ့သရက် သီးတွေကို သန့်သန့်ရှင်းရှင်းနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ လုပ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ စိတ်ဝင်စား လာမယ်။ ပြည်တွင်းက အများကြီးစုဖွဲ့ပြီး တင်ပို့ရောင်းချရင် ပြည်ပဈေးကွက်တစ်ခုရလာမှာပါ။
အဲဒါကြောင့် လွှင့်ပစ်ရမယ့် သရက်သီးတွေကို ပြည်တွင်းမှာ သရက်ပြင်နဲ့ သရက်သီးခြောက် လုပ်တယ်။ အနှစ်တွေလုပ်တယ်။ အစေ့ကိုပျိုးပင် လုပ်ပြီးပြန်ရောင်းတယ်။ အခွံတွေကိုတော့မြေဩဇာ လုပ်တဲ့နေရာမှာ သုံးတယ်။ သရက်မှာ ပစ်စရာ မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
အခြားသရက်မျိုးများဖြစ်သည့် ရွှေဟင်္သာ၊ မချစ်စု၊ ပတ္တမြားငမောက် စသည့်အမျိုးအစားများ ကို ပြည်ပသို့ တင်ပို့သော်လည်း စိန်တလုံးသရက်သီးမှာ အဓိကဈေးကွက်ဖြစ်နေပြီး သရက်သီးမှ အခြား အမယ်များ ထုတ်လုပ်ကာ ပြည်ပဈေးကွက် ထိုးဖောက်ရန် လိုအပ်သည်ဟု ပြောသည်။
“သရက်သီးအနှစ်လုပ်ပြီး ပို့တာရှိတယ်။ စင်ကာပူ၊ မလေးရှား၊ ဂျပန်တို့ စတဲ့နိုင်ငံတွေမှာ ရေခဲမုန့်နဲ့ တခြားမုန့်တွေ ထုတ်လုပ်ရာမှာ သုံးကြ တယ်။ အနှစ်ကို မလေးရှားပို့ရာက သရက်ခြမ်း အခြောက်တွေ စမ်းပို့မှာဖြစ်ပါတယ်။ သရက်သီး ခြမ်းအခြောက်က နိုင်ငံခြားမှာ ခေတ်စားတယ်" op NT Star Group မှ ဒေါ်ဥမ္မကျော်က ပြောသည်။
Myanmar Alinn



