Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်သို့ သကြားတန်ချိန် ခြောက်သောင်းကျော်တင်ပို့မည်

ဗီယက်နမ်သို့ သကြားတန်ချိန် ခြောက်သောင်းကျော်တင်ပို့မည်


မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်ရာသီ သကြားထွက်ရှိချိန်တွင် ဗီယက်နမ်သို့ ပြည်တွင်းသကြားစက် နှစ်ခုမှတစ်ဆင့် သကြားတန်ချိန် ခြောက်သောင်းကျော်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရသည်။

 

 SWY Group

 

မြန်မာနိုင်ငံရှိ သံတောင်ဦးနှင့် ငွေရည်ပုလဲသကြားစက်နှစ်ခုကို ဗီယက်နမ်က သကြားတင်သွင်းခွင့်ပေးထားပြီး ယင်းသကြားစက်နှစ်ခုမှ ပြည်ပဈေးကွက်များသို့ သကြားတန်ချိန် ခြောက်သောင်းတင်ပို့လျက်ရှိသည်။

 

ပြီးခဲ့သည့် ကြံရာသီတွင် သံတောင်ဦး သကြားစက်မှ သကြားတန်ချိန် ငါးသောင်းကျော် ထွက်ရှိခဲ့ပြီး ငွေရည်ပုလဲသကြားစက်က တန် တစ်သိန်းလေးသောင်းဝန်းကျင် ထွက်ရှိခဲ့သည်။

 

လာမည့် ၂၀၂၃-၂၀၂၄ ရာသီတွင် သကြားစက်သစ်များ ဆက်လက်တပ်ဆင်မည်ဖြစ်ပြီး သကြားဈေးကောင်းနေသည့်အတွက် ကြံစိုက်ပျိုးရေးကို တိုးချဲ့ထားကာ သကြားတင်ပို့မှုလည်း တိုးတက်လာမည်ဖြစ်ကြောင်း သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် သကြားကို ယခင်က နယ်စပ်များမှတစ်ဆင့် တရုတ်ဘက်သို့ တင်ပို့ခဲ့ပြီး ယခုအခါ ဗီယက်နမ်သို့ အဓိကတင်ပို့လျက်ရှိသည်။

 

ပြည်တွင်း သကြားဈေး မြင့်တက်နေသည့်အတွက် ၂၀၂၂-၂၀၂၃ ကြံရာသီအတွက် ကြံတစ်တန်ကို ကျပ်ကိုးသောင်းဝန်းကျင်အထိ ဈေးပေးနေကြကာ လက်ရှိသကြား တစ်ပိဿာလျှင် ကျပ် ၂၅၅၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

 

Source: MDN

Myanmar Food Industry Guide

Read times Last modified on Tuesday, 04 October 2022 10:20
Rate this item
(1 Vote)