Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ ရေညှိချစ်သူများ အတွက် သူဌေးလေးရေညှိ ၏ Big Roll နှင့် Crispy Seaweed မိတ်ဆက်ခြင်း နှင့် Seaweed Cover Dance Challenge ပြိုင်ပွဲ

၂၀၁၉ ခုနှစ်၊ သြဂုတ် ၁၁ ၊ မြန်မာပလာဇာတွင်  မြန်မာ့အသဲစွဲ ရေညှိ ကုန်ပစ္စည်းအမှတ်တံဆိပ် သူဌေးလေးရေညှိမှ မြန်မာ ရေညှိချစ်သူများ အတွက် Big Roll နှင့် Crispy Seaweed ရေညှိ ၂ မျိုးကို အဓိကထား မိတ်ဆက်ပေးခဲ့ပြီး

Seaweed Cover Dance Challenge နောက်ဆုံးပြိုင်ပွဲကိုလည်း ကျင်းပခဲ့ပါသည်။ သူဌေးလေးရေညှိ၏ နိုင်ငံတကာကုန်အမှတ်တံဆိပ်သံတမန် SBFive အဖွဲ့အား မြန်မာပရိသတ်နှင့် နောက်တစ်ကြိမ် ထပ်မံခေါ်ဆောင်လာခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ ပရိသတ်များ၊ မီဒီယာမိတ်ဆွေများ နှင့် စည်းကားခဲ့ပါသည်။

 

ယင်းနေ့တွင် Seaweed Cover Dance Challenge ပြိုင်ပွဲအား ညနေ ၃နာရီမှ စတင်ကျင်းပခဲ့ပြီး စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းများ ဖြစ်သည့် သူဌေးလေးရေညှိ VIP ပရိသတ်များအတူပါဝင်ကစားနိုင်သည့် ဂိမ်းအစီအစဉ်များ၊ သူဌေးလေးရေညှိ၏ နိုင်ငံတကာ ကုန်အမှတ်တံဆိပ် သံတမန် SBFive အဖွဲ့၏ Team Big Roll နှင့် Team Crispy Seaweed ၂ဖွဲ့ခွဲ ဖျော်ဖြေတင်ဆက်မှု၊  LIVE ဖျော်ဖြေမှုများ စသည့် အစီအစဉ်ကောင်းများ ပါဝင်ပါသည်။ သူဌေးလေးရေညှိချစ်သူများအတွက် ဂိမ်းအစီအစဉ်များ နှင့် ပရိုမိုးရှင်းအစီအစဉ်များကို Seaweed Cover Dance Challenge နောက်ဆုံးယှဉ်ပြိုင်ပွဲ မတိုင်ခင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 “ဒီနေ့ပွဲကျင်းပပြုလုပ်တဲ့ပွဲကတော့ ဒုတိယမြောက်ဖြစ်ပြီး Tasy, Healthy and fun ခေါင်းစဉ်နဲ့ Cover Dance အပြင်  မြန်မာပရိသတ် နဲ့ ကျွန်တော်တို့ ကုန်အမှတ်တံဆိပ် သံတမန် SBFive အဖွဲ့ရဲ့ ပျော်စရာကောင်းပြီး အမှတ်တရဖြစ်စေမယ့် fan meeting အစီအစဉ်လည်း ပါဝင်ပါတယ်” ဟု TaoKaeNoi Food & Marketing Public Company Limited ၏ International Marketing & Brand Manager ဖြစ်သူ Mr. Chirawit Wongpitak (Cheang) မှ ပြောကြားခဲ့သည်။

DSM07638

 

Read More >>>>>   ရေလုံလောက်စွာ မရသောကြောင့် မိုးပြောင်း အထွက်နှုန်း လျော့ကျနိုင်

 

Big Roll နှင့် Crispy Seaweed ရေညှိများသည် TaoKaeNoi၏ လူကြိုက်အများဆုံးနှင့် အရောင်းရဆုံး ထုတ်ကုန်များ ဖြစ်ပါသည်။ သူဌေးလေးရေညှိမှ အရည်အသွေးပြည့် ရေညှိနှင့် အရသာသစ်များ ပေါင်းစပ်ထားသည့် ရေညှိအကင်ကို ထုတ်လုပ်ထားပါသည်။ Big Roll ရေညှိကို အထုပ်ငယ်လေးများဖြင့် ထုတ်လုပ်ထားသောကြောင့် အချိန်မရွေး၊ နေရာမရွေး လွယ်ကူစွာ သုံးဆောင်နိုင်ပါသည်။ သူဌေးလေးရေညှိမှ Original၊ Hot & Spic၊ Tom Yum Gong နှင့် ပင်လယ်စာ အစရှိသည့် အရသာစုံလင်သည့် Crispy Seaweed ရေညှိများကိုလည်း တစ်ခါစားအရွယ် အထုပ်ငယ်လေးများဖြင့် ထုတ်လုပ်ထားပါသည်။

 

“ဒီတစ်ခေါက်မှာတော့ Big Roll နဲ့ Crispy Seaweed ရေညှိတွေကို အဓိကထားပြီး ပရိုမိုးရှင်းအစီအစဉ်ပြုလုပ်တာဖြစ်ပါတယ်” ဟု Mr. Chirawit Wongpitak (Cheang) မှ ဖြည့်စွတ်ပြောကြားပါသည်။

 

“အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ TaoKaeNoi Seaweed Cover Dance Challenge ပြိုင်ပွဲကနေပြီး တကယ်ကို မြန်မာပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ကျွမ်းကျင်မှုကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တဲ့ TaoKaeNoi Seaweed Cover Dance Challenge နောက်ဆုံးပြိုင်ပွဲမှာလည်း အကဲဖြတ်ဒိုင်အနေနဲ့ ပါဝင်ရပြီး အနိုင်ရရှိသူကို ကြေညာခွင့်ရတဲ့အတွက်လည်း အလွန်ကို ရင်ခုန်ခဲ့ရပါတယ်။ မြန်မာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ Hifive လေးတွေအတွက် ဒုတိယအကြိမ်အဖြစ် ပြန်လည်ဆုံတွေ့ရတာ အလွန်ဝမ်းသာမိပါတယ် ခင်ဗျာ။” ဟု သူဌေးလေးရေညှိ၏ ကုန်အမှတ်တံဆိပ် သံတမန် တစ်ဦးဖြစ်သည့် SBFIVE အဖွဲ့ဝင် Kimmon မှ ပြောကြားပါသည်။

DSM07674

စားသုံးသူများအနေဖြင့် အရည်အသွေး အကောင်းဆုံးရေညှိကို အရသာခံစားနိုင်ရန်အတွက် သူဌေးလေးရေညှိမှ ယနေ့ကဲ့သို့ ပျော်စရာအစီအစဉ်များကို ပြုလုပ်ခြင်းလည်း ဖြစ်ပါသည်။ စားသုံးသူများသည် သူဌေးလေးရေညှိ၏ Big Roll နှင့် Crispy Seaweed ရေညှိ ပရိုမိုးရှင်း အစီအစဉ်များကို TaoKaeNoi Seaweed Cover Dance Challenge အစီအစဉ် မတိုင်ခင် အချိန်တွင် ပါဝင် ဆင်နွှဲနိုင်ပါသည်။

 

“ပွဲအစီအစဉ်အတွင်းမှာ Tasty, Healthy and Fun ခေါင်းစဉ်နဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်များနဲ့အတူ ဂိမ်းကစားကြမှာ ဖြစ်ပါတယ်။ Bas နဲ့ Tee တို့က Team Crispy Seaweed ကို ကိုယ်စားပြုပြီးတော့၊ Tae၊ Kimmon နဲ့ ကျွန်တော်တို့ကတော့ Team Big Roll ကို ကိုယ်စားပြုပြီး အထူးဧည့်သည်တော် ပိုင်တံခွန်ရယ်၊ မြန်မာပရိသတ်တို့နဲ့အတူ ပျော်စရာဂိမ်းတွေ ကစားကြမှာပါ။ ကျွန်တော်တို့ချစ်တဲ့ ပရိသတ်တွေနဲ့ ထပ်မံဆုံတွေ့ရအောင်စီစဉ်ပေးတဲ့ သူဌေးလေးရေညှိကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ထပ်မံပြောကြားချင်ပါတယ်” ဟု သူဌေးလေးရေညှိ၏ ကုန်အမှတ်တံဆိပ် သံတမန် တစ်ဦးဖြစ်သည့် SBFIVE အဖွဲ့ဝင် Copter မှ ပြောကြားပါသည်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Thursday, 29 August 2019 18:52
Rate this item
(1 Vote)