Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖရဲသီးအထွက်နှုန်းကောင်းသော်လည်း တရုတ်မှ ၀ယ်ယူမှုမရှိသဖြင့် အရှုံးပေါ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယခုနှစ် ဖရဲသီး အထွက်နှုန်းကောင်းသော်လည်း

လာရောက်ဝယ်ယူမှုမရှိ၍ အရှုံးပေါ်ကြောင်း အရောင်းဒိုင်၏ ပြောကြားချက်အရ သိရပါတယ်။

ဖရဲသီးကို ယခင်က ကြိုတင်မှာယူမှုများရှိခဲ့သော်လည်း ယခုနှစ်တွင်မူ တရုတ်ပြည်မှ ၀ယ်ယူမှုမရှိသောကြောင့် ဖရဲသီးကုန်သည်များအနေဖြင့်လည်း ပေါင်မြို့နယ်သို့ လာရောက်ဝယ်ယူမှုနည်းသွားသဖြင့် ဖရဲစိုက်သူများနှင့် အ၀ယ်ဒိုင်များ အရှုံးပေါ်နေကြောင်း သိရပါတယ်။

ယခု တရုတ်ဈေးကွက်က ၀ယ်ယူမှုမရှိတော့ပဲ သူတို့ဆီမှာလည်း ဖရဲသီးကို ကိုယ်တိုင်စိုက်ပျိုးမှုများ ပြုလုပ်လာကြပါတယ်။

ဒီမှာထွက်တဲ့ ဖရဲသီးက သူတို့နဲ့ယှဉ်ရင် အရည်အသွေးမကောင်းဘူးလို့လည်း သိရပါတယ်။ မနှစ်က ဖရဲသီး တစ်နေ့ကို ခုနှစ်သိန်း၊ ရှစ်သိန်းလောက်ရောင်းရပြီး ဒီနှစ်မှာတော့ ဖရဲသီးတစ်နေ့ကို တစ်သိန်းကျော်ကျော် လောက်ပဲ ရောင်းရကြောင်း သိရပါတယ်။

ယခုနှစ် ဖရဲသီးအ၀ယ်မရှိသဖြင့် ယခင်နှစ်ကထက် အရောင်းအ၀ယ်ပါးနေပြီး အပြင်ဝယ်ယူမှုအားနည်းလာကာ ဒေသတွင်း ရောင်းချနေရသဖြင့် အမြတ်ရရှိမှုထက် မရှုံးအောင် လျှော့ဈေးဖြင့် ရောင်းချနေရကြောင်း သိရပါတယ်။

ပေါင်မြို့နယ်ထွက် ဖရဲသီးမှာ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းအစားစားရှိပြီး အ၀ယ်ဒိုင်များမှတစ်ဆင့် လက်လီ၊ လက်ကား ၀ယ်ရာတွင် ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိကြောင်း သိရပါတယ်။

ပေါင်မြို့နယ်ထွက် ဖရဲသီးများအား ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ၊ မူဆယ်တို့အပြင် တရုတ်နိုင်ငံဘက်သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

Source: Farmer

Read times Last modified on Wednesday, 19 September 2018 13:49
Rate this item
(0 votes)