Food & Livestock
ဆန်တင်ပို့သည့် အာဆီယံနိုင်ငံများကို အဖွဲ့ဝင် နိုင်ငံများ ဦးစားပေးရန် မလေးရှား တောင်းဆို
ဆန်တင်ပို့သည့် အာဆီယံနိုင်ငံများကို အဖွဲ့ဝင် နိုင်ငံများ ဦးစားပေးရန် မလေးရှား တောင်းဆို
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
မလေးရှားနိုင်ငံတွင် ဆန်စျေးနှုန်းမြင့်တက်မှုနှင့် ပြတ်လပ်မှုအပေါ် စိုးရိမ်မှုများကြားတွင် မလေးရှားနိုင်ငံက အာဆီယံနိုင်ငံများမှ အဓိကဆန်တင်ပို့နေသည့် နိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံများကို ဦးစားပေးရန် တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Bernama က သတင်းဖော်ပြသည်။
မလေးရှားသည် ထိုင်း၊ ဗီယက်နမ်တို့နှင့် ဆွေးနွေးမည်ဟု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဒုတိယဝန်ကြီး Chan Foong Hin က ပြောကြားသည်။
ကမ္ဘာ့ဆန်တင်ပို့မှုတွင် အိန္ဒိယ တန်ချိန်အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး ထိုင်းသည် ဒုတိယ အများဆုံးနှင့် ဗီယက်နမ်သည် တတိယအများဆုံး ဖြစ်ပါသည်။
မလေးရှားသည် ပြည်တွင်းဆန်လိုအပ်ချက်၏ ၃၈ ရာခိုင်နှုန်းခန့် တင်သွင်းသည်။
အိန္ဒိယ ပို့ကုန်ဆန် ကန့်သတ်ပိတ်ပင်မှုများကြောင့် ထိခိုက်သည့် နိုင်ငံများးတွင် မလေးရှား ပါဝင်ပါသည်။
၀န်ကြီးချုပ် အန်ဝါအီဘရာဟင်က ဆန်များ သိုလှောင်ထားသည်ကို တွေ့ရှိပါက မည်သူမဆို တရားဥပဒေအရ အရေးယူမည်ဟု သတိပေးထားသည်။
ဆန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ပြတ်လတ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် စားသုံးသူများသည် ပြည်တွင်းထွက် ဆန်ဖြူကို လိုသည်ထက် ပိုဝယ်ပြီး သိမ်းထားကြသဖြင့်လည်း အခြေအနေ ပိုဆိုးဝါးသွားသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် မလေးရှားသို့ ဆန် ၁၀,၁၄၆ မက်ထရစ်တန် တင်ပို့ခဲ့ပြီး မလေးရှားသည် အင်ဒိုနီးရှားပြီးလျှင် ဆန်ဒုတိယအများဆုံး တင်ပို့ခဲ့သည့် နိုင်ငံဖြစ်သည်။
Source Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL