Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမေရိကန် ကော်ဖီကုမ္ပဏီ Starbucks က မြန်မာတွင် ဆိုင်ခွဲဖွင့်ရန် အစီအစဉ်မရှိတော့ဟု ဆို

ကမ္ဘာကျော်အမေရိကန် ကော်ဖီကုမ္ပဏီ Starbucks က မြန်မာ နိုင်ငံ၌ ဆိုင်ခွဲများလာရောက်ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိတွင် အစီအစဉ်မရှိတော့ကြောင်း Starbucks ကုမ္ပဏီ တရုတ်နှင့် အာရှပစိဖိတ်ဒေသ ပြည်သူ့ဆက်ဆံရေးဒါရိုက်တာ မစ္စမယ်ရီယန်ဒွမ်က ပြောသည်။

 

‘‘ကျွန်မတို့အနေနဲ့ (ကမ္ဘာတစ်ဝန်း)ဈေးကွက်တွေအားလုံးမှာ လုပ်ငန်းချဲ့ထွင်နိုင်မယ့် အခွင့်အလမ်းတွေကို ပုံမှန်ရှာဖွေနေပေမဲ့ လက်ရှိအချိန်မှာတော့ မြန်မာမှာ ဖွင့်လှစ်ဖို့အစီအစဉ်မရှိပါဘူး’’ ဟု မစ္စမယ်ရီယန်ဒွမ်က ပြောသည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က Starbucks သည် မြန်မာ နိုင်ငံတွင် Coffee Concept Myanmar (CCM) ကုမ္ပဏီအဖြစ် ကန် ဒေါ်လာ ခြောက်သန်းရင်းနှီးမြှုပ်နှံပြီး ဆိုင်ခွဲ ၂၀ ဖွင့်လှစ်ရန်ရှိသည်ဟု ထုတ်ပြန်ထားသည်။

 

အဆိုပါလုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် ကော်မရှင်က ၂၀၁၈ မေလ ၁၂ ရက်တွင် ခွင့်ပြုခဲ့ပြီး Star-bucks ပထမဆုံးဆိုင်ကို ရန်ကုန်မြို့ Sule Square တွင် ဖွင့်လှစ်ရန် စီစဉ်ခဲ့သည်ဟု ကော်မရှင်က ဆိုထားသည်။

 

CCM သည် Starbucks အစားအသောက်နှင့် အဖျော်ယမ ကာများကို တည်ခင်းဧည့်ခံခြင်း နှင့် ရောင်းချခြင်း၊ Starbucks အမှတ်တံဆိပ်ပစ္စည်းများရောင်း ချခြင်းနှင့် ကော်ဖီဆိုင်များဖွင့်လှစ် မည်ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

အဆိုပါလုပ်ငန်းစဉ်အတွက် အသေးစိတ်နှင့် ဆိုင်များဖွင့်လှစ် မည့် အစီအစဉ် ရပ်ဆိုင်းသည့်အကြောင်းရင်းကို အမေရိကန် ကုမ္ပဏီက ပြန်လည်ဖြေကြားခြင်း မရှိပေ။

 

သို့သော် အခြားအနောက်နိုင်ငံမှ ကုမ္ပဏီအချို့ကဲ့သို့ပင် ဘင်္ဂါလီအရေးကြောင့် ဆိုင်ဖွင့်မည့် အစီအစဉ်ကို နောက်ဆုတ်သွားခြင်းဖြစ်နိုင်ကြောင်း  သုံးသပ်မှုအချို့ရှိသည်။

 

Starbucks နှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ် ငန်းခွင့်ပြုထားပြီး လုပ်ငန်းမလုပ် ကိုင်တော့ကြောင်း ကော်မရှင်သို့ လာရောက်ဆက်သွယ်ခြင်းမရှိ သေးဟု ကော်မရှင်မှ တာဝန်ရှိသူ က ပြောသည်။

 

‘‘ခွင့်ပြုမိန့်ပြန်အပ်တာမရှိ သေးပါဘူး။ ပြန်အပ်ဖို့ ဆက်သွယ်တာလည်း မရှိသေးပါဘူး’’ဟု ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။

 

မြန်မာနိုင်ငံတွင် Starbucks ကော်ဖီဆိုင်များ ၀င်ရောက်ရန် ၂၀၁၃ မေလကတည်းက စီစဉ်ခဲ့ဖူးသည်။

 

မြန်မာနိုင်ငံ၌ အမေရိကန်ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ မှ လက်ရှိအထိ လုပ်ငန်း ၂၀ ကျော်တွင် ဒေါ်လာသန်း ၄၃၀ ကျော်ရင်းနှီးမြှုပ်နှံ ထားသည်။

Source: 7 days new

 

Read times Last modified on Monday, 17 September 2018 16:57
Rate this item
(3 votes)