Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ကော်ဖီများ ထိုင်းနိုင်ငံက ဝယ်ယူမှုမြင့်တက်နေခြင်းကြောင့် စျေးကောင်းရရှိနေ

ယခုနှစ် ကော်ဖီရာသီအစတွင် ထိုင်းနိုင်ငံက ကော်ဖီဝယ်ယူမှု မြင့်တက်နေခြင်း‌ကြောင့် မြန်မာ့ကော်ဖီများ

စျေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း (ရှမ်းပြည်နယ်) မှ ဗဟိုအလုပ်အမှုဆောင်ထံမှ သိရသည်။

 

ယခုနှစ် ကော်ဖီရာသီအစတွင် ထိုင်းဝယ်လက်များ ကော်ဖီစိုက်ခင်းများအရောက် ကွင်းဆင်းဝယ်ယူနေခြင်း ကြောင့် ယခင်နှစ်ထက် ကော်ဖီစျေးနှုန်း သုံးဆခန့်ထိတက်ကာ စျေးကောင်းရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

 

“ပြီးခဲ့တဲ့နှစ်က ကော်ဖီစေ့ တစ်ပိဿာကို ငွေကျပ် ၈၀၀ လောက်သာရရှိခဲ့ပေမယ့် အခုနှစ် ကော်ဖီစတင်ထွက်ရှိ ချိန် ကော်ဖီစေ့ တစ်ပိဿာကို ငွေကျပ် ၂၅၀၀ ကျော်ထိ စျေးကောင်းရနေပါတယ်။

 

ပြည်တွင်းမှာ ကော်ဖီကို နိုဝင်ဘာလမှ မတ်လထိ ခူးဆွတ်လေ့ရှိပြီး အခုနှစ် နိုင်ဝင်ဘာလ ကော်ဖီရာသီအစမှာ ထိုင်းဝယ်လက်တွေက စိုက်ခင်းအရောက် ကွင်းဆင်းဝယ်ယူကြတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း (ရှမ်းပြည်နယ်)မှ ဗဟိုအလုပ်အမှုဆောင် ကပြောပြသည်။

 

စျေးကွက်ဝင် မြန်မာ့ကော်ဖီများကို ပြည်ပသို့ ကော်ဖီတင်ပို့ရောင်းချသည့် ကာလမှာ နှစ်ကုန်ပိုင်းထိဖြစ်ပြီး မြန်မာ့ ကော်ဖီတင်ပို့မှုမှာ နှစ်စဉ်တန်ချိန် ၄၀၀ ခန့်ရှိကာ ၂၀၁၉ ခုနှစ်က တန်ချိန် ၅၀၀ ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိပြည်တွင်း ကော်ဖီစျေးကွက်တွင် ရွာငံ၊ ပင်လောင်း၊ ဟိုပုန်း၊ မိုးကုတ်နှင့် ပြင်ဦးလွင်ဒေသထွက် အထူးတန်းဝင် မြန်မာ့ကော်ဖီများကို ယခင်နှစ်များထက် ထိုင်းဝယ်လက်များက ပိုမိုစိတ်ဝင်စားလာကြောင်း သိရသည်။

 

ကော်ဖီကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အနည်းငယ်စိုက်ပျိုးကြကြောင်း သိရသည်။

 

Source: YDNP

Myanmar Industry Food Guide

Read times Last modified on Thursday, 24 November 2022 14:57
Rate this item
(0 votes)