Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းဆန်ဈေး ဆက်တိုက်မြင့်တက်

ပည်တွင်းဈေးကွက် တွင် ဆန်ချောနှင့် ဆန်ကြမ်းဈေး ဆက်တိုက်မြင့်တက်လာပြီး ပြည် တွင်း၌

အများဆုံးစားသုံးနေသည့် အလယ်အလတ် အမျိုးအစား ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ အကြား ဈေး တက်လာသည်။

 

နိုင်ငံ့ဝန်ထမ်းလစာများကို အမှုထမ်း ၂၀ ရာခိုင်နှုန်း၊ အရာ ထမ်း ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေး ပြီး နှစ်လခန့်အကြာတွင် အလယ် အလတ်အမျိုးအစား ဆန်ချော တစ်အိတ်လျှင် ၂၀ ရာခိုင်နှုန်းခန့်၊ ဆန်ကြမ်းရှယ်တစ်အိတ်လျှင် ၁၅ ရာခိုင်နှုန်းခန့် ဈေးတက်လာသည် ဟု ပြည်တွင်းဆန်ကုန်သည်များ က ပြောသည်။

 

ဇွန်လ ၂၂ ရက်တွင် ရွှေဘို ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ ဈေးရှိပြီး မြောင်းမြ၊ ဖျာပုံပေါ်ဆန်းတစ်အိတ်ဈေးနှုန်း ကျပ် ၄၀,၀၀၀ မှ ၅၀,၀၀၀ အကြား ဈေးရှိနေသည်။

 

ထို့အပြင် ဧရာဝတီတိုင်းတွင် နွေရာသီစိုက်ပျိုးသည့် စပါးမှ ကြိတ်ခွဲထုတ်လုပ်ထားသော ဆန်အမျိုးအစားသည် တစ်အိတ် ကျပ် ၂၅,၀၀၀ မှ ၂၇,၀၀၀ အကြားဈေးဖွင့်ရောင်းချသည်။

 

‘‘လစာ တိုးပြီးကတည်းက ပြည်တွင်းစားသုံးတဲ့ ဆန်ဈေးက တက်လာတယ်။ ပြည်ပပို့တဲ့ ဆန် တွေက ပို့တဲ့ပမာဏပေါ်မူတည် ပြီး ဈေးအပြောင်းအလဲ ဖြစ်နေ တယ်’’ဟု ဘုရင့်နောင် ဆန်ကုန် စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်း ဦးက ပြောသည်။

 

လက်ရှိ မိုးဦးရာသီတွင် ဆန် စပါးအများဆုံး ထုတ်လုပ်သည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန် ကုန်တိုင်းတွင် စပါး စတင်စိုက် ပျိုးချိန်ဖြစ်၍ ပြည်တွင်းစပါးဈေး သည် တင်းတစ်ရာလျှင် ကျပ် ၅၀,၀၀၀ ခန့် ဈေးမြင့်တက်ကြောင်း ၎င်းက ပြောသည်။

 

‘‘ပြည်တွင်း  ဆန်ဈေးက လှောင်သူတွေလက်ထဲမှာ ရှိနေ သလိုဖြစ်နေတယ်’’ဟု ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

မိုးစပါးစတင်စိုက်ပျိုးချိန်နှင့် ဝန်ထမ်းလစာတိုးချိန်တွင် စပါး သိုလှောင်သူများက ဈေးဆွဲတင်မှု ကြောင့် ပြည်တွင်းဆန်ဈေးမြင့် တက်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

 

‘‘ဆန်ဈေးက တစ်လတစ်ခါဝယ်လိုက်တိုင်း တစ်အိတ်ငါး ထောင်လောက် ပိုသုံးနေရတယ်’’ ဟု မရမ်းကုန်းမြို့နယ်တွင် နေ ထိုင်သော အစိုးရဝန်ထမ်းတစ်ဦး က ပြောသည်။

 

မေလကုန်တွင် လစာတိုး စတင်ခံစားရသော်လည်း တစ်လစာ ဆန်ဝယ်ယူချိန်တွင် နောင်တရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 12:49
Rate this item
(6 votes)