Food & Livestock
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲများ တင်ပို့မည့်ကုမ္ပဏီ ၄၃ ခုကို တရုတ်နိုင်ငံဘက်မှ အရည်အသွေးကြီးကြပ်စစ်ဆေးရေးဆိုင်ရာအချက်များ လက်ခံအသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာ
မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပေကျင်းမြို့ရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China - GACC) နှင့်ချိတ်ဆက်ညှိနှိုင်းမှုများကြောင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံသို့ မြန်မာ့နိုင်ငံမှ ဆန်နှင့်ဆန်ကွဲများတင်ပို့မည့် ကုမ္ပဏီ ၄၃ ခုအား တရုတ်နိုင်ငံဘက်မှ အရည်အသွေးကြီးကြပ်စစ်ဆေးရေးဆိုင်ရာအချက်များ လက်ခံအသိအမှတ်ပြုကြောင်း GACC မှ ၎င်း၏ website ဖြစ်သည့် jckspi.customs.gov.cn တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တင်ပို့ခွင့်ရရှိသည့်ကုမ္ပဏီများမှာ -
1.Adipati Agricultural Produce Trading Ltd
2.Aung Naing Thitsar Company Limited
3.Ayeyar Hinthar Trading Company Limited
4.Ayeyar Prince Trading Company Limited
5.Bhome Yaung Chi Company Limited
6.Eternal Victory General Trading Company Limited
7.Excel International Trading Company Limited
8.First Rice & Paddy Trading Company Limited
9.Gold Delta Company Limited
10.Golden Bayint Naung Rice & Paddy Company Limited
11.Golden Circle Company Limited
12.Golden Composure Company Limited
13.Golden Lace Posco International Company Limited
14.Good Brothers' Company Limited
15.Htein Lin Ayeyar Trading Company Limited
16.Htoo San Linn Let Trading Company Limited
17.Htoonk Main Hilang Company Limited
18.International Green Land Trading Company Limited
19.Ko Pya Gyi Trading Company Limited
20.Laser World Family Trading Company Limited
21.Mandalay Rice Development Company Limited
22.Mandalay Rice Millers' Development Company Limited
23.Myanmar Agribusiness Public Company Limited
24.MAPCO Golden Lace Company Limited
25.MAYLP Agriculture Company Limited
26.Min Hla Agricultural Products Trading Special Rice Paddy Company Limited
27.Myanmar Rice Mill Company Limited
28.Myanmar Rice Trading Company Limited
29.Myanmar Shwe Ayeyar Agriculture Development Company Limited
30.Nang Sein A Kar Re Family Company Limited
31.New Generation Stars Company Limited
32.Nine Seas Trading Company Limited
33.Phone Pyae Zaw Trading Company Limited
34.Shan State (Northern)Rice And Paddy Development Public Company Limited
35.Shwe Ma Naw Myay Trading CompanyLimited
36.Shwe Sin Nan Taw Trading Company Limited
37.Shwe Wah Yaung Agriculture Production Company Limited
38.Swan Htet Myat Company Limited
39.Thamadi Family Trading Company Limited
40.Thi Ha Soe San Production Company Limited
41.Top Partner Company Limited
42.Unity Mandalay Rice Trading Company Limited
43. Wahkhema Trading Company Limited
တို့ဖြစ်သည်။
မြန်မာနိုင်ငံမှထွက်ရှိသော ဆန်များကိုတရုတ်နိုင်ငံသို့တရားဝင်တင်ပို့ရောင်းချနိုင်ရန်အတွက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံကုန်ပစ္စည်းအရည်အသွေးကြီးကြပ်စစ်ဆေးရေး နှင့်ပိုးမွှားကင်းစင်ရေးအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (AQSIQ)တို့အကြား စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါကာလ၌ တရုတ်နိုင်ငံဘက်မှ အရည်အသွေးကြီးကြပ် စစ်ဆေးရေးဆိုင်ရာအချက်များ လက်ခံအသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံဘက်မှ ဆန်တင်ပို့ခွင့်ရရှိသော ကုမ္ပဏီအရေအတွက်မှာ ၁၁ ခု သာရှိခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့်နိုင်ငံတော်ကောင်စီ၏နိုင်ငံပိုင်အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှုအစီအစဉ်အရ ၂၀၁၈ ခုနှစ် ၊ မေ ၁၈ ရက်တွင် အရည်အသွေးစမ်းသပ်စစ်ဆေးရေးနှင့်ရောဂါပိုးမွှားထိန်းချုပ်စစ်ဆေးရေး အထွေထွေအုပ်ချုပ် ရေးအဖွဲ့ (General Administration of Quality Supervision, Inspection and Quarantine of the People’s Republic of China)ကို အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China - GACC)ဟု ပြင်ဆင်ဖွဲ့စည်းကာ မူရင်းအကောက်ခွန်ကိစ္စရပ်များအပြင် AQSIQ မှ တာဝန်ယူဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များကိုပါ ဆောင်ရွက်လာခဲ့သည်။ နယ်စပ်ဒေသများ၌ ကုန်သွယ်မှုဆောင်ရွက်ရာတွင် တရားမဝင်ဆောင်ရွက်နေမှုများရှိနေခြင်းအပေါ် တင်းကြပ်သည့်မူဝါဒ၊စည်းမျဉ်းစည်းကမ်းများဖြင့် ချုပ်ကိုင်ဆောင်ရွက်လာခဲ့ခြင်းကြောင့် ယခင်က မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွယ်ကူစွာတင်ပို့ခဲ့သည့် မြန်မာ့ပို့ကုန်အများစုသည် SPS ဆိုင်ရာ အခက်အခဲများ ပိုမိုတွေ့ကြုံလာခဲ့ရသည်။
တရုတ်နိုင်ငံကုန်ပစ္စည်းအရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့်ပိုးမွှားကင်းစင်ရေးအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(AQSIQ)နှင့် လက်မှတ်ရေးထိုးခဲ့သည့် စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်မှာ ဆန်တင်ပို့နိုင်ရန်အတွက်သာ ဖြစ်နေခဲ့ ခြင်းကြောင့် ဆန်အပြင် ဆန်ကွဲအား ထပ်မံဖြည့်စွက်၍ စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေအထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့်ချိတ်ဆက် ညှိနှိုင်းခဲ့ကြသည်။ ထိုသို့ညှိနှိုင်းဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သမ္မတမစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့်ခရီးစဉ်အတွင်း မြန်မာ နိုင်ငံမှ ဆန်နှင့်ဆန်ကွဲများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခွင့်ရရှိရန် စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေအထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ ဝန်ကြီးတို့က လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။
အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံဘက်မှ ဆန်တင်ပို့မည့် ကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက် ၇၉ လုံးတို့ကို တရုတ်နိုင်ငံဘက်မှ အရည်အသွေးစစ်ဆေးရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးနှင့် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေအထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်နိုင်ရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာ သံရုံးနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရန်အတွက် မှတ်ပုံတင်လျှောက်ထားသည့်ကုမ္ပဏီများ၏အချက်အလက်များအား SPS Protocol နှင့်အညီ စနစ်တကျစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် မြန်မာကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက် ၇၉ လုံးတို့အား စစ်ဆေးထားသည့် Inspection Report ကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့တွင် တရုတ်နိုင်ငံ GACC သို့ပေးပို့နိုင်ခဲ့သည်။ ထိုကဲ့သို့သက်ဆိုင်ရာဌာနများပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့်ကုမ္ပဏီ ၄၃ ခုအား မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယခင်က တရုတ်နိုင်ငံဘက်မှ ခွင့်ပြုခဲ့သည့် ကုမ္ပဏီ ၁၁ ခုသာ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်အတွင်း ကုမ္ပဏီ ၄၃ ခု အထိ တရုတ်နိုင်ငံဘက်သို့ ဆန်နှင့် ဆန်ကွဲများ တရားဝင် တိုးတက်တင်ပို့နိုင်တော့မည်ဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံဘက်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စာရင်းများအရ ဆန်တန်ချိန်မှာ ၁၈ ဒသမ ၃၆၆ သိန်းနှင့် ဆန်ကွဲတန်ချိန် ၅ ဒသမ ၁၉၃ သိန်းနီးပါး တင်ပို့နိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇူလိုင်လ ၇ ရက်အထိ) စာရင်းအရ ဆန်တန်ချိန်မှာ ၁၃ ဒသမ ၇၅၈ သိန်းနှင့် ဆန်ကွဲတန်ချိန် ၇ ဒသမ ၉၀၈ သိန်းကျော် တင်ပို့နိုင်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် လေးသောင်းကျော် လျော့နည်းတင်ပို့ခဲ့ပြီး ဆန်ကွဲတန်ချိန် လေးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆန်၊ ဆန်ကွဲအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများ၊ ရေထွက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ အခက်အခဲမရှိ ပိုမိုတိုးတက်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) နှင့် အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တို့ထံ သံတမန်လမ်းကြောင်းမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
commerce.gov.mm



