Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရသာဆန်းသစ်တီထွင် ချက်ပြုတ်ထားတဲ့ စင်္ကာပူ အစားအစာပွဲတော်ကို Café Sule မှာ ကျင်းပနေ

Sule Shangri-La Hotel မှာရှိတဲ့ Café Sule မှာတော့ စင်္ကာပူအစားစာပွဲတော်

(Singaporean Food Festival’s) ကို ကျင်းပပြုလုပ်ပေးနေကြောင်း သိရပါတယ်။

 s 6

၎င်းပွဲတော်မှာဆိုရင် စင်ကာပူနိုင်ငံ၏ ထူးကဲပြီး အရသာရှိလှတဲ့ အစားအစာဟင်းပွဲတွေကို မြည်းစမ်း ခံစားနိုင်ဖို့ ဧည့်သည် Chef Dickie Ong က မူလအရသာလည်း မပျက်အောင် မြန်မာလူမျိုးတွေရဲ့ အကြိုက်နဲ့လည်း ကိုက်ညီအောင် စီမံချက်ပြုတ်ပေးထားကြောင်း သိရပါတယ်။

 s 7

Singaporean Food Festivals မှာ စာဖိုမှူး Chef Dickie Ong ရဲ့ ၂၀၁၁ ခုနှစ်က CNN World ၏ အရသာအရှိဆုံးသော ဟင်းလျာ ၅၀ စာရင်းဝင်တဲ့ Chili Crab၊ ဟင်းအားလုံးရဲ့ ဘုရင်လို့ဆိုနိုင်ပြီး အလွန်စပ်လှတဲ့ Beef Rendang၊ အရှေ့တောင်အာရှရဲ့ ဟင်းခေတ်အမွှေးအကြိုင် စုံလင်စွာနဲ့ ချက်ပြုတ်ထား သော Kapitan Chicken၊ အုန်းနို့နဲ့ပြုလုပ်ထားပြီး မီးအနေတော်နဲ့ ချက်ထားတဲ့ ခေါက်ဆွဲတစ်မျိုးဖြစ်တဲ့ Laksa Curry၊ သင်းပျံ့မွှေးကြိုင်တဲ့အနံ့နဲ့ အ၀ါရောင်ကြက်သားဟင်းချို၊ စပ်စပ်လေးနဲ့ စားသုံးသူတွေကို စိတ်ကျေနပ်မှု ရစေမယ့် Soto Ayam၊ CNN travel readers ရဲ့World’s 50 Best Foods စာရင်းမှာပါဝင်တဲ့ Hainanese Chicken စတဲ့ နာမည်ကြီး ဟင်းလျာတွေအပါအ၀င် အစားအသောက်အမျိုးအမည်ပေါင်း ၄၀ ကျော်ကို သုံးဆောင်နိုင်ကြောင်း သိရပါတယ်။

 s 9

Singaporean Food Festivals ကို Dinner buffet အနေနဲ့ ပြုလုပ်တာဖြစ်ပြီး တစ်ယောက်ကိုတော့ US$ 32 ကျသင့်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ပွဲတော်ရက်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့မှ သြဂုတ်လ ၁၈ရက်နေ့အထိ ကျင်းပမှာဖြစ်တဲ့အတွက်ကြောင့် စင်ကာပူအစားအစာ အမျိုးအစားအစုံအလင်ကို သုံးဆောင်နိုင်ဖို့ Café Sule ရဲ့ Singaporean Food Festival’s ပွဲကို သွားရောက်စားသောက်ဖို့အတွက် လမ်းညွှန်ပေးလိုက်ပါတယ်။

 s 3

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 01-242828 (Ext: 6420) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

Sule Shangri-La Hotel

Read times Last modified on Tuesday, 18 September 2018 15:14
Rate this item
(1 Vote)