Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Heineken ဟာ အရက်မဲ့ဘီယာအမျိုးအစားအတွက် ဘောပွဲစပွန်ဆာပေး

Heineken ဟာ အရက်မဲ့ဘီယာအမျိုးအစားအတွက် ဘောပွဲစပွန်ဆာပေး Google

ဘီယာမှာ အရက်လုံးဝမပါတာမို့ အရက်ပါဝင်မှု  သုည ဖြစ်တာကြောင့် 0.0 brand လို့ ခေါ်ကြတဲ့ အရက်မဲ့ဘီယာအတွက် ဥရောပမှာ ကျင်းပတဲ့ ဘောလုံးပွဲတွေမှာ စပွန်ဆာပေးဖို့ Heineken က ယူရို ၁၀ သန်း သုံးစွဲလိုက်ပါတယ်။ 

 

Heineken ရဲ့  global sponsorship director  Hans Erick Tuijt က ကိုဗစ်ကြောင့် လူတွေက ကျန်းမာရေးကောင်းဖို့ ပိုအာရုံစိုက်လာကြတာ တွေ့ရပြီး ဘီယာသောက်သုံးမှု ပုံစံလည်း ပြောင်းလဲသွားတယ်။

 

0.0 brand လို့ ခေါ်ကြတဲ့ အရက်မဲ့ဘီယာအမှတ်တံဆိပ် အမျိုးမျိုး ရောင်းအားက မနှစ်ကထက် ၄၀% မြင့်တက်သွားတယ်လို့ ပြောပါတယ်၊ အထူးသဖြင့် ရုရှားနဲ့ ဥရောပ ဈေးကွက်တွေမှာ ရောင်းအား တက်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

 

“အရသာ ကောင်းအောင် လုပ်ပေးနိုင်ခဲ့တာမို့ ဒီဘီယာအမျိုးအစားက အဲဒီဈေးကွက်တွေမှာ ရောင်းအား ဆက်လက်မြင့်တက်နေမယ်လို့ ယုံကြည်ပါတယ်"

 

ဘီယာတော့ သောက်ချင်တယ်။ ဒါပေမဲ့ အရက်မူးတာကို မလိုချင်တဲ့သူတွေအတွက် ဘီယာအရသာ အပြည့်အဝဖြင့် အရက်မဲ့ဘီယာကို သောက်နိုင်မှာ ဖြစ်တယ်။ နည်းနည်းသောက် များများမူးတတ်တဲ့သူတွေ၊ မူးတတ်တဲ့အရ ဖြစ်လို့ မသောက်ချင်တဲ့သူတွေကို ပစ်မှတ်ထားရှိတယ်လို့ သူက ပြောပြတယ်။

 

"အခု ဘောပွဲတွေ ကန်နေကြပြီ။ ကွင်းမှ သွားကြည့်ခွင့် မရှိဘူး။ အိမ်မှာပဲ တီဗီမှာ ကြည့်ကြရတယ်။ ရေခဲသေတ္တာထဲမှ အေးစက်စက် Heineken ဘီယာကို ယူသောက်ရင်း ဘောပွဲကြည့်လို့ ရမယ်။ ဘီယာသောက်နေတဲ့အတိုင်း ဖြစ်နေပေမဲ့ မူးမယ့်အရေး မရှိဘူး" လို့ သူက ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အံကိုက်ဖြစ်နေတဲ့ အရက်မဲ့ဘီယာအကြောင်းကို ရှင်းပြတယ်။

 

အဲဒီလို ရောင်းအားတက်လာနေတဲ့ အခွင့်အလမ်းမှာ ဈေးကွက်ဝေစု ပိုရဖို့ ဥရောပဘောလုံးပွဲစဉ်တွေကို စပွန်ဆာ ပေးနေတာ ဖြစ်ပါတယ်။ 

 

Heineken ရဲ့ 0.0% ဘီယာကို ကမ္ဘာတစ်လွှား ဈေးကွက် ၅၈ ခုမှာ ရောင်းချလျက် ရှိပြီး ဈေးကွက်ထက်ဝက်ကျော်ဟာ  0.0 brand  ရောင်းအားတက်နေတဲ့ ဥရောပမှာ ဖြစ်တာမို့ ယခုလို ဥရောပကို စူးစိုက်တာ ဖြစ်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဘောပွဲအစီအစဉ်တစ်လျှောက်လုံး ကြည့်ရှုသူ သန်း ၅၅၀ ရှိပြီး ဘောပွဲတစ်ပွဲမှာ ပျမ်းမျှ ကြည့်ရှုသူ ၃၇ သန်း ရှိပါတယ်။

 

တီဗီမှာ ဘောပွဲကြည့်ရင်း ဘီယာသောက်တဲ့ ဓလေ့မှာ မိသားစုတို့အနေဖြင့် အရက်မဲ့ဘီယာကို စိတ်လက်အေးဆေးစွာ သောက်နိုင်ကြတာမို့ သောက်သုံးမှု မြင့်တက်လာနေတာ ဖြစ်ပါတယ်။

 

Heineken က The Wait ဟူသော TVC ကင်ပိန်းအသစ်နဲ့အတူ တွဲလွှတ်ပြီး စပွန်ဆာပေးတာကို အားဖြည့်ထားပါတယ်။ 

 

 

By Myanmar Food Industry Guide

 

Ref:The Drum

Read times Last modified on Tuesday, 18 August 2020 13:27
Rate this item
(0 votes)