Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးသူကာကွယ်ရေးဥပဒေကို လွှတ်တော်အတည်ပြု

စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်ရည်ရွယ်ပြီး ရေးဆွဲထားသော စားသုံးသူကာကွယ်ရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ဖေဖော်ဝါရီ ၂၆ရက်က အတည်ပြုလိုက်ပြီဖြစ်သည်။

ထိုဥပဒေကြမ်းကိုအတည်ပြုရာတွင် ပြည်ပမှတင်သွင်းသည့်ကုန်စည်များအား မြန်မာဘာသာဖြင့်ကုန်စည်အညွှန်း ဖော်ပြရန် အချိန်ဆိုင်းပေးထားခြင်းနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း ထောက်ခံမဲအသာဖြင့် အတည် ပြုလိုက်နိုင်ခဲ့သည်။


 ဥပဒေကြမ်းတွင် အခန်း(၁၈)ပါပြဌာန်းချက်များသည် ဥပဒေကိုထုတ်ပြန်ပြီး တစ်နှစ်ပြည့်မြောက်သည့်နေ့ မှစတင်ကာ အာဏာတည်စေရမည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း ကျန်သည့်အခန်းများတွင်ပါရှိသော ပြဌာန်းချက်များ မှာမူ ဥပဒေကိုထုတ်ပြန်သည့်နေ့မှစတင်ကာ အာဏာတည်စေရမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

 

''ဥပဒေကို အပိုင်းပိုင်းပြီး အာဏာသက်ရောက်စေတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပါတယ်။ အဓိကက စားသုံးသူကို အကာအကွယ်ပေးမှာလား၊ ကုန်သည်တွေကို ကာကွယ်မှာလားဆိုတာ အရေးကြီးပါတယ်''ဟု ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဝေဖန်ခဲ့သည်။

 

 ထို့ကြောင့် ထိုပြဌာန်းချက်ကို ပယ်ဖျက်ရန် ၎င်းက လွှတ်တော်သို့ တင်ပြခဲ့သည်။ လက်ရှိတွင်လည်း ၂၀၁၄ခုနှစ်ကပြဌာန်းထားခဲ့သော စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ကိုင်တွယ် ကျင့်သုံးလျက်ရှိသဖြင့် ယခုကဲ့သို့တစ်နှစ်ဆိုင်းငံ့စေကာ ပြဌာန်းခြင်းသည် ဝန်ကြီးဌာန၏လုပ်ငန်းများကို နောက်ပြန်ဆုတ်စေ သကဲ့သို့ဖြစ်နိုင်ကြောင်းလည်း ၎င်းကပြောကြားသွားသည်။

 

ထို့ပြင် ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကလည်း ၎င်းအချက်ကိုပယ် ဖျက်သင့်ကြောင်းထောက်ပြခဲ့သည်။

 

စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်စည်များတွင် မြန်မာဘာသာ ဖြင့်တွဲလျက် ကုန်စည်အညွှန်းဖော်ပြရန် ပြီးခဲ့သည့်၂၀၁၈ခုနှစ်၊ အောက်တိုဘာလကတည်းက ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ရာ ထိုပြဌာန်းချက်သည် လာမည့်ဧပြီ၂၆ရက်တွင် အသက်ဝင်တော့မည်ဖြစ်သည်။

 

သို့သော်လည်း အထက်ပါအမိန့်ညွှန်ကြားချက်အသက်ဝင်ရန် နီးကပ်လာသည့်အချိန်တွင် ယခုကဲ့သို့တစ်နှစ်နောက် ဆုတ်ပေးလိုက်ခြင်းသည် မဖြစ်သင့်ကြောင်း ဒေါ်အေးမြမြမျိုးကပြောသည်။

 

''ဧပြီမှာ အကောင်အထည်ဖော်တော့မယ်ဆိုမှ လုပ်ငန်းရှင်တွေအခက်အခဲဖြစ်မှာစိုးလို့ တစ်နှစ်ပြန်ဆိုင်းငံ့တယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး''ဟု ၎င်းကပြောကြားသွားခဲ့သည်။

 

ပြည်တွင်းရှိ စားသုံးသူများမှာ အဘက်ဘက်မှအခွင့်အရေးချိုးဖောက်ခံနေရသည့်အပြင် ထိုပြဌာန်းချက်ကြောင့်လည်း စီးပွားရေးလုပ်ငန်းများနှင့်ဝန်ထမ်းများအကြား အဂတိလိုက်စားမှုကိုဖြစ်ပေါ်စေကြောင်းလည်း ပြောကြားသွားခဲ့သည်။

 

သို့သော်လည်း အထက်ပါပြဌာန်းချက်သည် ပြည်တွင်းမှစီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းကြီးများက တင်ပြလာသောကြောင့်ဖြစ်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီမှ ဒေါက်တာမြတ်ဉာဏစိုးက ပြန်လည်ရှင်းလင်းပြောကြားသည်။

 

''တစ်ပြိုင်တည်းအာဏာသက်ရောက်စေမယ်ဆိုရင် အဆင့်မြင့်ထုတ်ကုန်တွေ ပြည်တွင်းမှာလည်ပတ်သုံးစွဲဖို့ အခက်အခဲရှိပါတယ်။ တကယ်လို့သာ ဒီအချက်ကိုမထည့်လိုက်ရင်၊ ဧပြီ၂၆ကစပြီး သက်ရောက်မှုရှိသွားရင် အဆင့်မြင့်၊ အဆင့်မီဆေးဝါးနဲ့ဆေးဝါးထုတ်ကုန်တွေ တော်တော်များများရပ်ဆိုင်းသွားမှာဖြစ်ပါတယ်''ဟု ၎င်း ကပြောကြားခဲ့သည်။

 

ထို့ကြောင့် အဆင့်မြင့်ကုန်စည်များနှင့် ဆေးဝါးပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်စည်အညွှန်းဖော်ပြစေခြင်းကို အချိန်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

 

ထို့ပြင် ထိုပြဌာန်းချက်ကို မထည့်ပါက နိုင်ငံ၏ကုန်သွယ်မှုပုံရိပ်ကျဆင်းစေနိုင်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုပါ လျော့နည်းစေမည်ဖြစ်ကြောင်းလည်း ပြောသွားသည်။

 

ထို ပြဌာန်းချက်ထည့်သွင်းရန်အတွက် အမေရိကန်နိုင်ငံကုန်သည်ကြီးများ(မြန်မာ) American Chambers of Commerce(Mya nmar)က ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကထံလာရောက်တင်ပြခဲ့သကဲ့သို့ ဗြိတိန်နိုင်ငံကုန်သည်များ(မြန်မာ) ကလည်း အကြောင်းကြားစာပေးပို့ထားကြောင်း ၎င်းကပြောသည်။

 

ထို့ကြောင့် အထက်ပါအချက်နှင့်ပတ်သက်ပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ထောက်ခံမဲ ၄၁၀ရရှိခဲ့ပြီး ကန့် ကွက်မဲ ၁၅၆မဲသာရရှိခဲ့သောကြောင့် အတည်ဖြစ်သွားခြင်းဖြစ်သည်။

 

အခန်း(၁၈)သည် 'ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း'ခေါင်းစဉ်ဖြစ်ပြီး ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအ စား၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ သက်တမ်း၊ တင်သွ င်းထုတ်လုပ်သူ၏အမည်နှင့်လိပ်စာ၊ ပါဝင်ပစ္စည်းများနှင့်ပမာဏ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ်ဓာတ်မတ ည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက် စသည့်အချက်များကိုဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာ သာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန်ပြဌာန်းထားခြင်းဖြစ်သည်။

 

ယနေ့အတည်ပြုလိုက်သော စားသုံးသူကာကွယ်ရေးဥပဒေကြမ်းတွင် စီးပွားရေးလုပ်ငန်းရှင်များဘက်မှ ဥပဒေချိုးဖောက်လျှင် ပြစ်မှုနှင့်ပြစ်ဒဏ်များလည်း ချမှတ်နိုင်ကြောင်းပြဌာန်းထားသည်။

 

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဆောင်ရွက် ခြင်း၊ ကြော်ငြာနှင့်အရောင်းမြှင့်တင်ခြင်းတို့တွင် ပါဝင်သောဖော်ပြချက်တို့နှင့် ကိုက်ညီမှုမရှိသောကုန်စည်နှင့်ဝန်ဆောင်မှုကို ဆောင်ရွက်ခြင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် မကိုက်ညီသောကုန်စည်နှင့်ဝန်ဆောင်မှုကိုဆောင်ရွက်ခြင်းများမပြုရန် တားမြစ်ထားသည်။

 

အထက်ပါ တားမြစ်ချက်များကိုကျူးလွန်လျှင် ကျူးလွန်သည့်ပြစ်မှုနှင့်အကြိမ်ရေပေါ်မူတည်ပြီး အနည်းဆုံးထောင်ဒ ဏ် ခြောက်လမှ အများဆုံးထောက်ဒဏ်နှစ်နှစ်အထိလည်းကောင်း၊ အနည်းဆုံးငွေဒဏ် ကျပ်သိန်း၅၀မှ အများဆုံးသိန်းနှစ်ထောင် အထိလည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်ခံရနိုင်ကြောင်းဖော်ပြထားသည်။

 

လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေတွင် စီမံခန့်ခွဲမှုနည်းလမ်းဖြင့်သာ အရေးယူနိုင်သော်လည်း မကြာမီပြဌာန်းတော့မည့်ဥပဒေတွင်မူ ငွေဒဏ်၊ ထောင်ဒဏ် များကိုပါ ထည့်သွင်းထားခြင်းဖြစ်သည်။

Source: MM Time

 

Read times Last modified on Tuesday, 26 February 2019 17:56
Rate this item
(1 Vote)