Food & Livestock
ဆော်ဒီသို့ ငါးတင်ပို့မှုရပ်ထားရ၍ ပြည်တွင်းဈေးကွက်တွင် ငါးမြစ်ချင်းအ၀င် နှစ်ဆမြင့်တက်
ဆော်ဒီအာရေးဗီးယား နိုင်ငံသို့ ငါးမြစ်ချင်းတင်ပို့မှုရပ် ဆိုင်းနေသဖြင့် ပြည်တွင်းဈေး
ကွက်အတွင်းသို့ ငါးမြစ်ချင်းဝင် ရောက်မှု ယခင်နှစ်များနှင့်နှိုင်း ယှဉ်ပါက နှစ်ဆမြင့်တက်နေ ကြောင်း ဟန်သစ်ငါးဒိုင်ပိုင်ရှင် ဦးဆန်းထိုက်က ပြောသည်။
ယခင်က ငါးဒိုင်များသို့ တစ်နေ့လျှင် ငါးပိဿာချိန်ငါး သောင်းခန့် ၀င်ရောက်သော် လည်း ဇွန်လ ပထမပတ်ကစ၍ ငါးပိဿာချိန်တစ်သိန်းခန့် ၀င် ရောက်နေသည်။
‘‘ငါးမြစ်ချင်းမွေးတဲ့သူတွေ က ပထမတော့ ပြည်ပကို ပြန်ပို့ လို့ရမလားဆိုပြီး ကန်မဖော်ဘဲ တင်းခံနေသေးတယ်။ ဒါပေမဲ့ ခုနစ်လပိုင်းဆို ရေတက်တော့မှာ ဆိုတော့ ကန်ကမဖော်လို့မရ တော့ဘူး။ အဲဒါကြောင့် ဈေး ကွက်ထဲကို အကုန်စုပြုံဝင်လာ တာ’’ ဟု ဦးဆန်းထိုက်ကပြော ကြားသည်။
၎င်းကိုယ်တိုင်လည်း ငါး ကန်ဧရိယာဧက ၇၀၀ တွင်ငါးများ မွေးမြူထားပြီး လက်ရှိတွင်ငါးမြစ် ချင်းကန်များကို ဖော်၍ ပြည်တွင်း ဈေးကွက်သို့ တင်ပို့ရောင်းချနေရ ကြောင်း၊ ပြည်ပဈေးကွက်မရှိ တော့၍ အမြတ်အစွန်းရရှိမှုနည်း ပါးနေကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အင်းငါးနှင့်ပင် လယ်ငါးများ ဈေးကွက်အတွင်း မ၀င်ရောက်သေးဘဲ ပြည်တွင်း ဈေးကွက်တွင် မွေးမြူရေးငါးများ ကိုသာ အဓိကထားစားသုံးနေရ ချိန်ဖြစ်၍ မွေးမြူရေးငါးလုပ်ငန်း ရှင်များ အဆင်ပြေနေသေးသည် ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်ကပြောသည်။
‘‘သီတင်းကျွတ်၊ တန်ဆောင် မုန်းဆိုရင် အင်းငါးတွေ ဈေးကွက် အတွင်းဝင်လာပြီ။ ပင်လယ်ငါးဖမ်းခွင့်အကန့်အသတ်နဲ့ ပိတ်ထား တာလည်း ပြန်ဖွင့်ချိန်ရောက်ပြီ။ အဲဒါကြောင့် ငါးမြစ်ချင်းပြည်ပဈေးကွက်အမြန်ဆုံးပြန်လည်ရရှိဖို့ အ စိုးရက ကူညီပေးဖို့လိုအပ်နေပါတယ်’’ ဟု ဦးဝင်းကြိုင်က ပြော သည်။
ငါးမြစ်ချင်းများသည် ပုံမှန် အားဖြင့် မိုးရာသီတွင်ဈေးကောင်း ရလေ့ရှိကြောင်း ယခင်ကတစ် ပိဿာလျှင် ကျပ်သုံးထောင်ခန့် ရရှိသည့်အရွယ်အစားများသည် လက်ရှိတွင် တစ်ပိဿာလျှင်ကျပ် နှစ်ထောင့်ငါးရာခန့်သာ ပေါက် ဈေးရှိတော့ကြောင်း ဦးဆန်းထိုက် က ပြောသည်။
Source: 7 days new