Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကုန်သည်များက မြန်မာ့ဆန်ကို ဈေးတိုးမြှင့်ဝယ်ယူ

တရုတ်ကုန်သည်များက မြန်မာ့ဆန်ကို ဈေးတိုးမြှင့်ဝယ်ယူ google.com

ယူနန်ပြည်နယ်မှ တရုတ်ကုန်သည်များက ဗီယက်နမ်နယ်စပ်မှ ဆန်တင်သွင်းမှု လျှော့ချပြီး

မြန်မာနိုင်ငံမူဆယ်နယ်စပ်မှ ဆန်ကိုဈေးတိုးမြှင့်၍ ၀ယ်ယူလာကြောင်း မူဆယ်မြို့မှ ဆန်ကုန်သည်ဦးမင်းသိန်းက ပြောသည်။

 

တရုတ်ကုန်သည်များသည် ယခင်က ဗီယက်နမ်နယ်စပ်မှ ဆန်ကို ပမာဏများစွာတင်သွင်း နေသော်လည်း ယူနန်ပြည်နယ် အစိုးရ၏ တရားမ၀င်ကုန်သွယ်မှု တားဆီးရေးခေါင်းစဉ်ဖြင့် ဖမ်းဆီး မှုများကြောင့် မြန်မာနိုင်ငံမှ ဆန် ကို ယခုရက်ပိုင်းတွင် ဈေးတိုးမြှင့် ၀ယ်ယူခြင်းဖြစ်ကြောင်း မူ ဆယ်မြို့မှ ဆန်ကုန်သည်အချို့က ပြောသည်။

 

တရုတ် ကုန်သည်များက စက်တင်ဘာလဆန်းကစတင်၍ မြန်မာနိုင်ငံမှ ဆန်တစ်အိတ်လျှင် ပျမ်းမျှငါးယွမ် (ကျပ်တစ်ထောင် ခန့်)ဈေးတိုးပေး ၀ယ်ယူနေကြောင်း ဦးမင်းသိန်းကပြောသည်။

 

မူဆယ်နယ်စပ်တွင် နွေရှယ် ဆန်တစ်အိတ်လျှင် ၁၄၅ ယွမ် (ကျပ် ၃၀,၀၀၀ နီးပါး) ဈေးရှိ ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

 

လက်ရှိတွင် တ​ရုတ်ကုန် သည်များက မူဆယ်နယ်စပ်ကုန် သွယ်ရေးဇုန်မှ တစ်ရက်လျှင် ဆန်အိတ်လေးသောင်းကျော်ငါး သောင်းကြား ၀ယ်ယူနေသည်။ ပြည်တွင်းမှ မူဆယ်နယ်စပ်သို့ ဆန်တင်ပို့မှုသည်လည်း တစ်ရက် လျှင် အိတ်ရေငါးသောင်းခန့်ရှိ ကြောင်း ရန်ကုန်မှမူဆယ်သို့ ဆန်တင်ပို့နေသည့် ကုန်သည် တစ်ဦးက ပြောသည်။

 

ယခုဘဏ္ဍာနှစ်ငါးလကျော် အတွင်း ပြည်ပသို့ ဆန်တန်ချိန်၁ ဒသမ ၂ သန်းခန့် တင်ပို့ထားပြီး တစ်ဝက်ကျော်က မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံသို့ တင်ပို့ထားကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန် တင်ပို့ရာတွင် နယ်စပ်ကုန်သွယ် ရေးနှင့် ပင်လယ်ရေကြောင်းနှစ် မျိုးစလုံးဖြင့် တင်ပို့နေပြီး ပင် လယ်ရေကြောင်းမှ ဆန်တင်ပို့မှု တိုးလာခြင်းကြောင့် ယခုဘဏ္ဍာ နှစ်ငါးလကျော်အတွင်း ပြည်တွင်း ဆန်ကြမ်းတစ်အိတ် ဈေးနှုန်းက ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာ သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:23
Rate this item
(0 votes)