Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ ကြက်သွန်ဖြူများ ဝင်ရောက်မှုကြောင့် တောင်သူများ အခက်ကြုံနေရ

တရုတ်နိုင်ငံမှ ဈေးသက်သာသည့် ကြက်သွန်ဖြူများ ဝင်ရောက်လာသည့်အပြင် ပြည်တွင်း၌ ကြက်သွန်ဖြူ ထုတ်လုပ်မှုနည်းပညာ အားနည်းမှုများကြောင့် တောင်သူများ ဈေးကွက်မယှဉ်နိုင်ဘဲ အခက်ကြုံနေရကြောင်း ကြက်သွန်ဖြူစိုက် တောင်သူများထံမှ သိရပါတယ်။

 

လတ်တလောတွင် ပြည်တွင်း၌ ကြက်သွန်ဖြူဈေး ကျဆင်းလျက်ရှိပြီး ကြက်သွန်ဖြူ ရောင်းဝယ်ရာတွင် ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ ဟူ၍ အဆင့်ခွဲထားပါတယ်။

 

''မိုင်းပန်၊ လဲချားဒေသတွေကနေထွက်တဲ့ ခရမ်းစွဲကြက်သွန်ဖြူတွေကို ထိုင်းနိုင်ငံကို ပို့တယ်။ ထိုင်းနိုင်ငံက တစ်ပိဿာကို ငွေကျပ် ၃ဝဝဝ၊ ၃၅ဝဝ လောက်ရှိတဲ့ ထူး-၁၊ ထူး-၂ ကို အဝယ်များတယ်။ တရုတ်နိုင်ငံက ကြက်သွန်တွေလည်း ပြည်တွင်းကို ဝင်ရောက်နေ တာကြောင့်  ဈေးတွေကျနေတယ်။သူတို့ဆီက  ကြက်သွန်ကို အရည်အသွေးပိုင်းတင် မဟုတ်ဘူး၊ ဈေးကွက်ပိုင်းပါ မယှဉ်ပြိုင်နိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ကြက်သွန်စိုက်ရာသီမှာ အရင်နှုန်းအတိုင်း စိုက်ဖို့ဆိုတာ  အရင်းအနှီးကြီးနေတယ်'' ဟု  မိုင်းပန်မြို့နယ်ရှိ ကြက်သွန်ဖြူစိုက်တောင်သူ ဒေါ်မြတ်ခင်အုန်း ကပြောကြားခဲ့ပါတယ်။

 

ကြက်သွန်ဖြူကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး သက်တမ်းလေးလအကြာ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ထွက်ရှိသည်။စိုက်ပျိုးချိန်ပေါ် မူတည်ပြီး  ဧပြီလဆန်းပိုင်းတွင်  ကြက်သွန်ဖြူ လှိုင်လှိုင်ထွက် ရှိတတ်ပါတယ်။

 

မြန်မာနိုင်ငံ၌  ကြက်သွန်ဖြူစိုက်ဧက  ခုနစ်သိန်းကျော်ရှိပြီး ကမ္ဘာ့တတိယ အများဆုံး ကြက်သွန်ဖြူ ထွက်ရှိရာနိုင်ငံဖြစ်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ၌  ကြက်သွန်ဖြူ စိုက်ဧက ၃ဝဝဝဝ နီးပါးစိုက်ပျိုးကြပြီး တန်ချိန် ၉ဝဝဝဝ ကျော် ပိုလျှံကြောင်း သိရပါတယ်။ ကြက်သွန်ဖြူကို တောင်ကြီး၊  ပင်လောင်းနှင့် ဟိုပုံးမြို့နယ် တို့၌ အဓိကစိုက်ပျိုးကြပြီး ကျန်မြို့နယ်တို့၌လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရပါတယ်။

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 10:02
Rate this item
(1 Vote)