Food & Livestock



အင်ဒိုနီးရှား ယခုနှစ် စပါးအထွက်နည်းမည်

အင်ဒိုနီးရှား ယခုနှစ် စပါးအထွက်နည်းမည်

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားတွင် အယ်နီညို ရာသီဥတုပုံစံနှင့် ပြင်းထန်ခြောက်သွေ့သော ရာသီဥတုကြောင့် စပါးအထွက်နှုန်း ထိခိုက်သဖြင့် ၂၀၂၃ ခုနှစ် ဆန်အထွက်နှုန်းမှာ ၂ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိကြောင်း၊ တန်ချိန် ၃၀ ဒသမ ၉၀ သန်း ထွက်မည်ဟု ခန့်မှန်းထားကြောင်း စာရင်းအင်းဗျူရိုမှ ပြောကြားသည်။

 

ခန့်မှန်းချက်သည် ဩဂုတ်လမှာ ထွက်ရှိသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် အခြေခံပြီးစက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ထွက်ရှိမည့် ပမာဏများကို ခန့်မှန်းထားကြောင်း Statistics Indonesia မှ ပြောကြားသည်။

 

“အယ်နီညိုကြောင့် ကာလရှည်ကြာ မိုးခေါင်တဲ့အတွက်ကြောင့် နေရာတော်တော်များများမှာ မစိုက်ပျိုးနိုင်ခဲ့ဘူး။ စိုက်ပျိုးတဲ့နေရာတွေမှာလည်း စပါးအထွက်နှုန်း ထိခိုက်ပါတယ်” ဟု ဗျူရိုအကြီးအကဲ Amalia Adininggar Widyasanti က ပြောကြားသည်။

 

၂၀၂၃ ခုနှစ်အတွက် စပါးရိတ်သိမ်းဧရိယာသည် ဟက်တာ ၁၀ ဒသမ ၂ သန်းရှိမည်ဟု ခန့်မှန်းထားပြီး လွန်ခဲ့သည့်နှစ်က ဟက်တာ ၁၀ ဒသမ ၄၅ သန်းထက် လျော့နည်းပါသည်။

 

အင်ဒိုနီးရှားသည် ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ဆန်တန်ချိန် ၁.၇၉ သန်း တင်သွင်းခဲ့ပါသည်။ 

 

အင်ဒိုနီးရှားသို့ ဆန် အများဆုံး တင်ပို့သည့် နိုင်ငံမှာ   ထိုင်းဖြစ်ပြီး ၎င်းနောက်တွင် ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့ အစဉ်အတိုင်း ရှိနေပါသည်။ 

ယခုအခါ ရန်ကုန်ဆိပ်ကမ်းတွင် VTC OCEAN သင်္ဘောသည် အင်ဒိုနီးရှားသို့ ပို့ဆောင်ရန် ဆန်တန်ချိန် ၂၀,၀၀၀ သင်္ဘောတင်နေပါသည်။

 

အင်ဒိုနီးရှားသို့ ပို့ဆောင်ရန် ဆန်တန်ချိန် ၂၀,၀၀၀ သင်္ဘောတင်မည့် DMC JUPITER သင်္ဘောသည် ယခုလ ၂၄ ရက်တွင် ရန်ကုန်သို့ ဆိုက်ရောက်မည် ဖြစ်ပါသည်။

 

Source BT


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 19 October 2023 22:40
Rate this item
(0 votes)