Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝယ်လိုအား နည်းလာသဖြင့် ဘရာဇီးလ်ဆန်ဈေးနှုန်း အားလျော့လာ

ဝယ်လိုအား နည်းလာသဖြင့် ဘရာဇီးလ်ဆန်ဈေးနှုန်း အားလျော့လာ

ဝယ်လိုအားလျော့ကျသွားသဖြင့် ဘရာဇီးဆန်ဈေးကွက်မှာ တစ်ပတ်အတွင်း စျေးပိုမို ကျဆင်းခဲ့ကြောင်း သိရပါသည်။ 

 သြဂုတ် ၁၁ ရက်၌ Rio Grande do Sul တွင် ပျမ်းမျှအားဖြင့် ၅၀ ကီလိုဂရမ်ရှိသော စပါးတစ်အိတ်၏ ဈေးနှုန်းမှာ  R$ 77.01 (အမေရိကန်ဒေါ်လာ ၄၁.၉၀ ခန့်) ဖြစ်ခဲ့ပြီး၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ၂.၁၁ ရာခိုင်နှုန်း မြင့်နေဆဲဖြစ်သော်လည်း၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀.၈၉ %  ပိုမိုလျော့နည်းခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံခြားကုန်သွယ်ရေး အတွင်းရေးမှူးရုံး (Secex) ၏ အချက်အလက်များအရ ယခုနှစ် ဇူလိုင်လတွင်  စပါး  တန်ချိန် ၁၁၁,၅၁၇ တန်ခန့် တင်ပို့ခဲ့ပြီး၊ ယခင်နှစ် ဇူလိုင်လကမူ တန် ချိန် ၁၄,၅၈၉ တန်သာ တင်ပို့ခဲ့ပါသည်။ 

ကြိတ်ခွဲပြီးဆန်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချမှုမှာ လည်း တန်ချိန် ၆၅,၀၈၃ တန်ခန့်ရှိပြီး၊ ယခင်နှစ် အလားတူကာလက တန်ချိန် ၅၇,၃၀၉ တန်သာ တင်ပို့ခဲ့ပါသည်။  

တစ်ပြိုင်နက်တည်းမှာပင်  ဇူလိုင်လအတွင်း ဘရာဇီးလ်သို့ ပြည်ပမှ ကြိတ်ခွဲပြီး ဆန်တန်ချိန်  ၈၂,၁၉၁ တန်ကို တင်သွင်းခဲ့ကာ ယခင်နှစ် အလားတူကာလက တန်ချိန် ၅၂,၅၂၅ တန်သာ တင်သွင်းခဲ့သည်ဟု သိရပါသည်။ 

စပါးတင်သွင်းမှုမှာ တန်ချိန် ၅,၅၀၀ ရှိခဲ့ပြီး၊ ယခင်နှစ်အလားတူကာလက တန်ချိန် ၇,၂၀၀ တင်သွင်းခဲ့ကြောင်း သိရပါသည်။

Source: MOALI

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)