Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယူကရိန်းဆိပ်ကမ်းက နှံစားသီးနှံတွေ ပထမဆုံးအကြိမ် ပြန်လည် တင်ပို့

ယူကရိန်းနိုင်ငံက ပြောင်းတွေကိုတင်ပြီး အိုဒက်ဆာဆိပ်ကမ်းကနေ ပထမဆုံး ပြည်ပပို့ကုန်တင်ဆောင်ပြီး ပြန်လည်ထွက်ခွါလာတဲ့ ဆီယာရာလီယွန်အလံတင် ကုန်တင်သင်္ဘော Razoni ယူကရိန်းနိုင်ငံက ပြောင်းတွေကိုတင်ပြီး အိုဒက်ဆာဆိပ်ကမ်းကနေ ပထမဆုံး ပြည်ပပို့ကုန်တင်ဆောင်ပြီး ပြန်လည်ထွက်ခွါလာတဲ့ ဆီယာရာလီယွန်အလံတင် ကုန်တင်သင်္ဘော Razoni

ယူကရိန်းဆိပ်ကမ်းက နှံစားသီးနှံတွေ ပထမဆုံးအကြိမ် ပြန်လည် တင်ပို့

 

ဒီကနေ့ တနင်္လာနေ့စပြီး ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းကနေ နှံစား သီးနှံတွေကို ပြန်တင်ပို့ပါတယ်။ ဆီယာရာ လီယွန် အလံတင် ကုန်တင်သင်္ဘော Razoni ဟာ လက်ဘနွန်ကိုတင်ပို့မယ့် ပြောင်းတွေကို တင်ဆောင်ပြီး ဆိပ်ကမ်းကနေ ပထမဆုံးအဖြစ် ထွက်ခွာသွားတာပါ။ နောက်ထပ် ကုန်သင်္ဘောတွေ ဆက်ပြီးထွက်ခွါဖို့ရှိတယ်လို့လည်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

 

ယူကရိန်းကို ရုရှားကျူးကျော်ချိန်ကစပြီး ပိုဆိုးလာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကြောင့် ယူကရိန်းကသီးနှံတွေ တင်ပို့နိုင်ဖို့ သဘောတူညီချက်ကို တူရကီနဲ့ ကုလသမဂ္ဂတို့က ကြားဝင်ညှိုနှိုင်းခဲ့ပြီး ဇူလိုင်လနှောင်းပိုင်းတုန်းက သဘောတူညီချက်ရခဲ့တာပါ။ ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစကတည်းက ရုရှားထိန်းချုပ်ထားတဲ့ ပင်လယ်နက်ထဲက ရေပြင်မှာ ကုန်တင်သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းသွားလာခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။

 

Odesa ဆိပ်ကမ်းကနေ အခုလို ပို့ကုန်တွေ ပြန်ပြီးတင်ပို့နိုင်တာကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ကြိုဆိုလိုက်ပါတယ်။

 

လူသားချင်း စာနာထောက်ထားမှုအရ ယူကရိန်းကသီးနှံတွေ ကမ္ဘာ့ဈေးကွက်ကို ပြန်တင်ပို့ခွင့်ရဖို့ မရှိမဖြစ်လိုအပ်သလို နောက်ထပ်လည်း ကုန်တင်သင်္ဘောတွေ ယူကရိန်းကနေ ဆက်တိုက်ထွက်ခွါခွင့်ရဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က မျှော်လင့်ထားကြောင်း ပြောခွင့်ရ Stephane Dujarric က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ယူကရိန်းကနေ ဂျုံမက်ထရစ်တန် သုံးသောင်းဝယ်ယူဖို့ စီစဉ်ထားတယ်လို့လည်း ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။

 

ဒီ အချိန်မှာပဲ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘဒေသက ရုရှားတပ်တချို့ကို ယူကရိန်းတောင်ပိုင်းကိုရွှေ့ဖို့အနေအထားမှာ ရှိနေတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

#MyanmarFoodIndustryGuide
Telegram Channel  https://t.me/Guid4U

Source: VOA

Read times
Rate this item
(0 votes)