Food & Livestock
မအူပင်မြို့တွင် ဒေသထွက်ဖူးစားပြောင်းများ ယခင်နှစ်ထက် စျေးကောင်းရရှိ
မအူပင်မြို့တွင် ဒေသထွက်ဖူးစားပြောင်းများ ယခင်နှစ်ထက် စျေးကောင်းရရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ဒေသထွက် ဖူးစားပြောင်းများ ယခင်နှစ်ထက် စျေးကောင်းရရှိနေကြောင်း မအူပင်မြို့ရှိ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ကပြောပြ၍သိရသည်။
မအူပင်မြို့နယ်တွင် မိုးကာလက စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းများ စတင်ထွက်ရှိနေကြောင်း၊ အဆိုပါဒေသထွက် ဖူးစားပြောင်းများသည် ပြီးခဲ့သည့်နှစ် ပြောင်းဖူးပေါ်ချိန်က ဖူးစားပြောင်းတစ်ဖူးလျှင် ငွေ ၄၅ ကျပ် စျေးသာရှိခဲ့ပြီး ယခုနှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖူးစားပြောင်းတစ်ဖူးလျှင် ငွေ ၁၅၅ ကျပ်ထိ စျေးကောင်းရရှိနေကြောင်း သိရသည်။
“လက်ရှိ မအူပင်မြို့နယ်မှာ မိုးကာလကစိုက်ခဲ့တဲ့ ဖူးစားပြောင်းတွေပေါ်ချိန်ဖြစ်ပါတယ်။ ဒေသထွက် ဖူးစားပြောင်းတွေကို ရန်ကုန်တိုင်းဒေသကြီးဘက်ကို တင်ပို့ရောင်းချပေးနေတာ မနှစ်ကထက် စျေးကောင်းရရှိနေပါတယ်။ ရန်ကုန်ဘက်က စျေးကွက်ကောင်းပြီး အဝယ်သွက်ပါတယ်။ လက်ရှိတစ်နေ့ကို ၁၀ ဘီးကား ငါးစီးကနေ ၁၀စီးထိ တင်ပို့ရောင်းချနေရပါတယ်။ ဒီနှစ် ဖူး
စားပြောင်းစိုက်သူနည်းလို့ ရန်ကုန်စျေးကွက်ကို အခြားဒေသတွေက ပြောင်းတွေအဝင်နည်းနေတာကြောင့် စျေးကောင်းရရှိနေတာ ဖြစ်ပါတယ်။” ဟု မအူပင်မြို့ရှိ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်က ပြောပြသည်။
မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်ဖူးစားပြောင်းများကို ဝယ်ယူကာ ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဖူးစားပြောင်းများ စျေးကောင်းရရှိနေသဖြင့် တောင်သူများ၊ ကုန်သည်များ၊ လုပ်သားများ အဆင်ပြေနေကြောင်း၊ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက မအူပင်မြို့နယ်တွင် ဖူးစားပြောင်း ၁၁၂၂ ဧကထိ
စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Source: YDNP
Myanmar Food Industry Guide



