Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း သတ္တမအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေး

မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း သတ္တမအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေးကို

 

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်၊ UMFCCI တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ  ၁၉ ရက်နေ့ တွင် ကျင်းပခဲ့ပါတယ်။


 UMFCCI 2

 

သတ္တမအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေး ပထမပိုင်းတွင် အထူးအစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာပြီး သဘာပတိအဖြစ် မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအေးဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။

 

စားသောက်ကုန်ထုတ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏ အထူးအရေးပါသော အင်အားတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါသည်။

 

အထူးဆုံးဖြတ်ချက်အဖြစ် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၂၀၁၇ အရ အသစ်ပြန်လည်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအား အတည်ပြုရန်အတွက် အသင်းသားများထံမှ ခွင့်ပြုချက်ရယူခဲ့ပါတယ်။

 

ပြီးနောက် အထူးအထွေထွေအစည်းအဝေးအာင်မြင်စွာ ပြီးဆုံးကြောင်းကြေညာခဲ့ပါတယ်။

 

ဒုတိယပိုင်းတွင် သတ္တမအကြိမ်အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေးစတင်ကြောင်း ကြေညာခဲ့ပါတယ်။

 

 UMFCCI 1

 

ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကား ပြောကြားခဲ့ပါတယ်။

 

၎င်းအပြင် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ၂၀၁၇-၁၈ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့ပါတယ်။

 

ပြီးနောက် ပြင်ပစာရင်းစစ် Win Group၏ စာရင်းစစ်အစီရင်ခံစာအား ဖတ်ကြားတင်သွင်းပြီး ကြိုတင်ပေးပို့ထားသော မေးခွန်းနှင့် အကြံပြုချက်များကို ဖြေကြားခဲ့ပါတယ်။ ပြီးလျှင် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကိုလည်း အတည်ပြုခဲ့ပါတယ်။

 

Read times Last modified on Wednesday, 19 December 2018 16:43
Rate this item
(1 Vote)