Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တိုင်ဝမ်ကန်စွန်း စိုက်ပျိုးမှုများလာ

တစ်ခါစိုက်ပျိုးပြီးသည်နှင့် ပုံမှန်ဝင်ငွေ ရရှိနိုင်သည့် တိုင်ဝမ်ကန်စွန်းများကို မန္တလေး မြို့အနီးတစ်ဝိုက်တွင် စိုက်ပျိုးမှု များပြားလာကြောင်း  သိရသည်။

 

အဆိုပါတိုင်ဝမ်ကန်စွန်းကို အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်နှင့် အခြားရပ်ကွက်များ၌ စီးပွားဖြစ်စိုက်ပျိုးကြပြီး မန္တလေးမြို့  ဈေးချိုတော်အနီးရှိဈေးများ၊ မန္တလေးမြို့ ပတ်ဝန်းကျင် ရှိဈေးများသို့ တင်ပို့ ရောင်းချကြပြီး စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကန်စွန်းစေ့ အထုပ် ၂ဝ မှ ၃ဝ အထိ အပင် အစိပ်အကျဲ   မိမိစိတ်ကြိုက် စီမံစိုက်ပျိုးကြသည်။

 

မျိုးစေ့ချပြီးသည်နှင့် ရေကို ရေစက်ဖြင့် တင်ပေးကြရကာ  ကန်စွန်းပင်ပေါက်ပြီး  ၄၅ ရက်ခန့်မှစတင်၍ ကန်စွန်းရွက်ကို ခူးယူနိုင်သည်။

 

ကန်စွန်းရွက်သည် ဆောင်းရာသီထက် နွေရာသီတွင် ပိုမိုဖြစ်ထွန်းလေ့ရှိသည်။တစ်ခါ စိုက်ပျိုးပြီးသည်နှင့် ပေါင်းနုတ်၊ မြေသြဇာ ကျွေး၊ အပင်အားဆေးဖျန်းခြင်း၊ ရေသွင်းခြင်း တို့ကိုသာ ဂရုတစိုက်ပြုလုပ်ပေးရပြီး အဆက် မပြတ် ခူးယူနိုင်သည်။

 

တိုင်ဝမ်ကန်စွန်းများကို ရောင်းချရာတွင် အစည်းပြတ်ဖြင့် ရောင်းချကြသည်။ ဒေသအခေါ်တိုင်ဝမ်ကန်စွန်း တစ်တောင်း (တစ်လိပ်)လျှင် အစည်းပေါင်း ၃၃၆ စည်းပါရှိပြီး တစ်လိပ်လျှင် ငွေကျပ် ၄၅ဝဝ ဖြင့် ရောင်းချရသလို ကန်စွန်းရွက်ပွဲစားများမှာ အခင်းပြတ် ဝယ်ယူတင်ပို့ ရောင်းချမှုများလည်း ရှိသည်။   

 

တိုင်ဝမ်ကန်စွန်း စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူများကို အခြေပြုကာ ကန်စွန်းရွက်ခူးသူများလည်း အဆင်ပြေကြပြီး ကန်စွန်းရွက်ခူးသူများမှာ ကန်စွန်းတစ်လိပ်လျှင် ငွေကျပ်  ၅ဝဝ ရရှိကာ တစ်ဦးလျှင် အနည်းဆုံး   ၁၂  လိပ် အထိ ခူးဆွတ်နိုင်ကြကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Saturday, 26 January 2019 14:39
Rate this item
(1 Vote)