Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်က စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ၅ မျိုးအတွက် အကောက်ခွန်နှုန်းထား ဆက်လက်ပြဌာန်းထားမည်

သွင်းကုန်များအပေါ် ကောက်ခံသည့် အကောက်ခွန် နှုန်းထားများ နိမ့်ကျစေရန် အဓိကထားသော ပစိဖိတ်-အာရှ ၁၅ နိုင်ငံ သဘောတူညီချက်ဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) ကို နိုဝင်ဘာလ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ပြီးပြီ ဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များဖြစ်သော ဆန်၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ သကြား၊ အမဲသားနှင့် ဝက်သားတို့ တင်သွင်းခြင်းအပေါ် စည်းကြပ်လျက် ရှိသည့် အကောက်ခွန်နှုန်းထားများကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ပြောကြားသည်။

 

ထို ငါးမျိုးသည် ပြည်တွင်းရှိ စိုက်ပျိုးမွေးမြူရေးသမားများကို ကာကွယ်ပေးရန် ဖြစ်သည်။ ဈေးချိုသည့် သွင်းကုန်များ ပြည်တွင်းဈေးကွက်ထဲ အလုံးအရင်းဖြင့် ရောက်မလာအောင် အကောက်ခွန်နှုန်းထားဖြင့် ထိန်းကျောင်းပေးထားခြင်း ဖြစ်သည်။

 

RCEP အကြောင်း ဆက်စပ်ဖတ်ရှုရန် ထိပါ

မြန်မာအပါဝင် ၁၅ နိုင်ငံ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးသဘောတူညီချက် ရရှိ

 

RCEP ကုန်သွယ်ရေး သဘောတူညီချက်တွင် သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထား လျှောချရေးအပြင် e-commerce ၊ ကုန်သွယ်ရေး၊ ဉာဏ်ရည်ဆိုင်ရာ ပိုင်ဆိုင်မှု တို့အတွက် တစ်ပြေးညီ ဖြစ်သော စည်းမျဉ်းများ ချမှတ်ရန်လည်း ပါဝင်သည်။

 

ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားတို့ ပါဝင်သည့် လွတ်လပ်ကုန်သွယ်‌ရေးသဘောတူညီချက်ကို ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

 

ဂျပန်သည် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တင်သွင်းခြင်းအပေါ် စည်းကြပ်သည့် အကောက်ခွန်ကို တရုတ်နိုင်ငံအတွက် ၅၆%၊ တောင်ကိုရီးယားအတွက် ၄၉% ရုပ်သိမ်းပေးရလိမ့်မည်ဖြစ်သည်။ သဘောတူညီချက်တွင် ပါဝင်သော အခြားနိုင်ငံများ ဖြစ်သည့် အာဆီယံ နိုင်ငံများ၊ ဩစတေးလျမှင့် နယူးဇီလန်တို့အတွက် ၆၁ % ဖျက်သိမ်းပေးရမည် ဖြစ်သည်။

 

RCEP နိုင်ငံစုတွင် ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ နယူးဇီလန်၊ တောင်ကိုရီးယား နှင့် အာဆီယံ ၁၀ နိုင်ငံ စုစုပေါင်း ၁၆ နိုင်ငံ ပါဝင်သော်လည်း RCEP သဘောတူညီချက်တွင် အိန္ဒိယ မပါဝင်တော့သဖြင့် ၁၅ နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။

 

Myanmar Food Industry Guide

Read times
Rate this item
(0 votes)