Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စပါးစိုက်ခင်းများ၌ ခရုအန္တရာယ် ကာကွယ်ရန် စိုက်မွေးက အချက်ရှစ်ချက် ထုတ်ပြန်

စပါးစိုက်ခင်းများ၌ ခရုအန္တရာယ် ကာကွယ်ရန် စိုက်မွေးက အချက်ရှစ်ချက် ထုတ်ပြန် google.com

စပါးစိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးသည့် ခရုများ ကို ကာကွယ်နှိမ်နင်းနိုင်ရန် လိုက်နာဆောင်ရွက်ရမည့်

အချက်ရှစ်ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဇူလိုင် ၅ ရက်၌ ထုတ်ပြန်သည်။

 

ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ခရုဖျက်ဆီးမှုမရှိစေရေး စိုက်ခင်းများကို အမြဲမပြတ်ကွင်းဆင်း စစ်ဆေးရန် တိုက်တွန်းထားပြီး လိုက်နာဆောင်ရွက်ရန် အချက်များ ထုတ်ပြန်ပေးခဲ့သည်။

 

ယခုမိုးစပါးစိုက်ရာသီတွင် ဧရာဝတီတိုင်း၌ ရွှေခရုကျရောက် မှုများရှိနေပြီး ဇွန်လ ၂၅ ရက်အ ထိ ရရှိသည့် စာရင်းအရ မြို့နယ် ရှစ်ခုတွင် ဧက ၁,၂၀၀ ခန် ရှိ ကြောင်း သိရသည်။ ရွှေခရုများ ကြောင့် စိုက်ခင်းများ ထိခိုက်ခြင်း၊ ပျက်စီးခြင်းများ ကြုံတွေ့နေရ ကြောင်း ဧရာဝတီတိုင်း သီးနှံကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးက ပြောသည်။

 

ပြီးခဲ့သည့်နှစ် မိုးစပါးစိုက် ပျိုးရာသီက ဧရာဝတီတိုင်းတွင် စပါးခင်းဧက ၅,၀၀၀ ကျော် ရွှေ ခရုကျရောက်ခဲ့၍ ဧက ၅၀၀ ခန့် ပျက်စီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

 

‘‘တချို့နေရာတွေမှာတော့ နည်းနည်းများတယ်လို့ ပြောတယ် ဗျ’’ ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။

 

စပါး ပျိုးထောင်ချိန်တွင် ကုန်းမြင့်ပိုင်း၌ ပျိုးပေါင်များဖြင့် ပျိုးထောင်ရန်၊ ခရုဖျက်ဆီးမှုကို ခံနိုင်ရည်ရှိစေရန် ပျိုးသက်ရင့်ချိန် မှ ရွှေ့ပြောင်းစိုက်ပျိုးရန် ဝန်ကြီး ဌာနက အကြံပြုသည်။ ခရုကျ ရောက်မှုများသော ဒေသဖြစ်ပါ က သက်ငယ်စပါးမျိုးများကို ပျိုး သက် ၂၅ ရက်မှ တစ်လနှင့် သက်ကြီး စပါးမျိုးအတွက် ပျိုး သက်တစ်လမှ ၃၅ ရက်ခန့်တွင် ရွှေ့ပြောင်းစိုက်ပျိုးရန် အကြံပြုသည်။

 

စပါးရွှေ့ပြောင်းစိုက်ပျိုးပြီး ၁၀ ရက်အတွင်း ရေထုတ်ကာတစ် ဧကလျှင် ထုံးပိဿာ ၁၅၀ နှုန်း ကြဲပက်ပေးရန်လည်း လိုက်နာရ မည့်အချက်များတွင် ပါဝင်သည်။ စပါးခင်းအတွင်း အတန်သင့် ကျယ်သော ရေဝပ်ကျင်းပြုလုပ် ပြီး ခရုများ တစုတဝေးတည်ရှိနေ ချိန်၌ ရေထုတ်၍ ကောက်ယူဖျက်ဆီးသင့်သည်ဟု ဖော်ပြထားသည်။

 

ခရုများ ဥဥစေရန် ဝါးတိုင်ငယ်များစိုက်ပေးပြီး ဥအတွဲများကို ကောက်ယူဖျက်ဆီးရန်၊ ခရုအကောင်ငယ်နှင့် အကောင်ကြီးများကို လိုက်လံကောက်ပြီး အိတ်တွင် လေအလုံပိတ်ချည် နှောင်ထားရန်  အကြံပြုထားသည်။ စိုက်ခင်းရေကတွတ်ပေါက်၊ ရေ သွင်းရေထုတ်မြောင်းပေါက်များ တွင် ဆန်ခါ၊ ပိုက်ကွန် စိပ်စိပ် တပ်ဆင်ပြီး ဖမ်းယူဖျက်ဆီးရန် ပါဝင်သည်။

 

 စပါးခင်းများအတွင်း ဘဲ လွှတ်ကျောင်းခြင်း၊ ငါးမွေးမြူ ခြင်းဖြင့် ခရုဥနှင့် အကောင်ငယ် များကို နှိမ်နင်းရန် အကြံပြုထား သည်။ ရေဝပ်ကျင်းများတွင် ပိန္နဲခွံ၊ နာနတ်ခွံ၊ ဒူးရင်းခွံ စသည့်အနံ့မွှေးသော မျှားစာများချထားပြီး စုဝေးစားသောက်ချိန်တွင် အလွယ်တကူ ကောက်ယူဖျက်ဆီးနိုင်ကြောင်း ဖော်ပြထားသည်။

 

စပါးများရိတ်သိမ်းပြီးချိန်တွင် စပါးခင်းအတွင်း ဘဲများလွှတ်ကျောင်းခြင်း၊ မြေအခြောက်ထွန်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အကြံပြုထားသည်။ ဈေးကွက်တွင် ဝယ်ယူရရှိနိုင်သော နီကလိုစာမိုက်နှင့် မက်တာလ်ဒီ ဟိုက်တို့ကို ခရုနှင့် တိုက်ရိုက်ထိ အောင်ထည့်ရန်၊ ဆေးထည့်ပြီး နှစ်ရက်၊ သုံးရက်အကြာတွင် ဆေး၏ ထိရောက်မှုကို တွေ့ရှိရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ခရုသတ် ဆေးများသည် ဆောင်းခိုပြီး စပါးခင်းထဲသို့ ပြန်လည်ဝင်ရောက်လာသည့် ခရုများကို မသေစေနိုင်ခြင်းကြောင့် နီကလိုစာမိုက် ၂၅၀ အီးစီကို တစ်ဧကလျှင် ၂၀၀ မီလီလီတာနှုန်း ပက်ဖျန်းခြင်းဖြင့် ခရု ၈၀ ရာခိုင်နှုန်း သေစေနိုင်ကြောင်း ဝန်ကြီးဌာနက နှိုးဆော်ထားသည်။

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:36
Rate this item
(1 Vote)