Food & Livestock
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်းမြင့်တက်
Unicode
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်းမြင့်တက်
ပြည်တွင်းမှ ထွက်ရှိတဲ့ ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လိုအားများနေတဲ့အတွက် ကြက်သွန်နီဈေးနှုန်း မြင့်တက်လျက်ရှိပြီး ယခုလအတွင်း အိန္ဒိယနိုင်ငံမှထုတ်ပြန်မယ့် ကြက်သွန်နီနှင့် ပတ်သက်သော ကြေညာချက်ပေါ်မူတည်၍ ပြည်တွင်း ကြက်သွန်နီဈေးနှုန်း ပြောင်းလဲမှုဖြစ်ပေါ်နိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားဖိုဆောင်သီးနှံများစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
ယခုလဒုတိယပတ်အတွင်း အိန္ဒိယနိုင်ငံမှ ကြက်သွန်နီတင်ပို့ခွင့်နှင့်ပတ်သက်တဲ့ ကြေညာချက် ထုတ်ပြန်မည်ဖြစ်ရာ တင်ပို့ခွင့်ပြုပါက လတ်တလော ပြည်တွင်းမှ ဝယ်ယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံမှ ကြက်သွန်နီများကို ပြောင်းလဲဝယ်ယူလျှင် ပြည်တွင်းကြက်သွန်နီဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရပါတယ်။
Read More >>>>> စင်ကာပူမြို့ ကုန်ပစ္စည်းလက်လီဈေးနှုန်းများနှင့် ဈေးကွက်သတင်းအချက်အလက်များ
ပြည်တွင်းမှ ထွက်ရှိတဲ့ ကြက်သွန်နီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀၀ ခန့်ရှိပြီး အိန္ဒိယနိုင်ငံမှ ထွက်ရှိတဲ့ ကြက်သွန်နီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ သာရှိသောကြောင့် အိန္ဒိယနိုင်ငံ ကြက်သွန်နီ Export တင်ပို့ခွင့်ရှိပါက ဈေးကွက်အပြောင်းအလဲဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်က ပခုက္ကူကုန်စည်ဒိုင်သို့ ကြက်သွန်နီ ပိဿာချိန်ရှစ်သောင်းခန့်ဝင်ရောက်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၁၇၀၀ အထိ ဈေးနှုန်းရှိနေရာ ပြီးခဲ့တဲ့ တစ်ပတ်တာကာလတူထက် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ဝန်းကျင်မြင့်တက်လျက်ရှိကြောင်း ပြည်တွင်းမှ ထွက်ရှိတဲ့ ကြက်သွန်နီများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့လေ့ရှိပြီး ဗီယက်နမ်နိုင်ှုံသို့လည်း ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့လေ့ရှိကြောင်း၊ လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ အဓိကထား တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
#MFID
Read More >>>>> စင်ကာပူမြို့ ကုန်ပစ္စည်းလက်လီဈေးနှုန်းများနှင့် ဈေးကွက်သတင်းအချက်အလက်များ
ဖေဖော်ဝါရီ ၅ ရက်က ပခုက္ကူကုန်စည်ဒိုင်သို့ ကြက်သွန်နီ ပိဿာချိန်ရှစ်သောင်းခန့်ဝင်ရောက်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၁၇၀၀ အထိ ဈေးနှုန်းရှိနေရာ ပြီးခဲ့တဲ့ တစ်ပတ်တာကာလတူထက် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ဝန်းကျင်မြင့်တက်လျက်ရှိကြောင်း ပြည်တွင်းမှ ထွက်ရှိတဲ့ ကြက်သွန်နီများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့လေ့ရှိပြီး ဗီယက်နမ်နိုငှ်ုံသို့လည်း ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့လေ့ရှိကြောင်း၊ လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ အဓိကထား တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
#MFID



