Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ် ခြောက်လတာ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် တစ်သိန်းကျော် လျော့နည်း

ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ခြောက်သိန်းကျော် တင်ပို့မှုမှ  အမေရိကန်ဒေါ်လာသန်းပေါင်း

၃၅ဝ ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် တစ်သိန်းကျော်   လျော့နည်းသွားကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ထံမှ သိရသည်။

 

ယခုနှစ် ဧပြီလမှ  စက်တင်ဘာ ၃ဝ ရက် အထိ ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၄ သန်းကျော်၊ နယ်စပ်လမ်းကြောင်းများမှ ပဲမျိုးစုံတန်ချိန် တစ်သိန်းကျော် တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ  သန်း ၁ဝဝ ကျော်  ရရှိထားပြီး  စုစုပေါင်း  ပြည်ပသို့  ပဲမျိုးစုံ  တန်ချိန်   ခြောက်သိန်းကျော် တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်အတွင်း အများဆုံး တင်ပို့ထားသည့် ပဲများမှာ မတ်ပဲတန်ချိန် နှစ်သိန်းကျော် တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ  သန်း ၁ဝဝ ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက်  တန်ချိန် ခြောက်သောင်းကျော် လျော့နည်းသွားကြောင်း၊ ပဲတီစိမ်းတန်ချိန် တစ်သိန်း  ခြောက်သောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၂ဝ ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် သုံးသောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁ သန်းကျော် လျော့နည်းသွားကြောင်း သိရသည်။

 

ယခုနှစ် သြဂုတ်လဆန်းပိုင်းက ရန်ကုန်ဘုရင့်နောင် ပဲဈေးကွက်၌   မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၃ဝဝ  ကျော်၊  ပဲစင်းငုံတစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၂၉၅  ဒေါ်လာနှင့်  ပဲတီစိမ်း တစ်တန်လျှင်  အမေရိကန်ဒေါ်လာ  ၆ဝဝ ကျော် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

 

''ဒီနှစ်ထဲမှာ ပဲဈေးကမကောင်းဘူး။ အိန္ဒိယ ကုန်သည်တွေက ဒေါ်လာဈေးကို ခွာပြီး ဝယ်ယူတာကြောင့်  အကျိုးအမြတ် ရရှိတာ နည်းခဲ့တယ်။နောက် တရုတ်နိုင်ငံကို  တင်ပို့နေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံအခြမ်းကလည်း အိန္ဒိယနိုင်ငံကိုပို့တဲ့  တန်ချိန်လောက် မများဘူး။  ဒီအခြေအနေတွေကြောင့်  လာမယ့် ဆောင်းသီးနှံမှာ တခြားသီးနှံ ပြောင်းစိုက်ကြဖို့  တိုက်တွန်းလိုပါတယ်''ဟု  ဘုရင့်နောင်ရှိ ဝင်းပွဲရုံပိုင်ရှင် ဦးရဲမြင့်ကပြောသည်။

 

ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၁၅ သန်း၊  ၂ဝ၁၆-၂ဝ၁၇  ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၄ဝဝ ခန့် တင်ပို့နိုင်ခဲ့ပြီး အဆိုပါနှစ်များက ပြည်ပသို့ ပဲမျိုးစုံ ပိုမိုတင်ပို့နိုင်ခဲ့သည်။

 

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင်  မြန်မာနိုင်ငံမှ ပြည်ပသို့  ပဲမျိုးစုံ တင်ပို့နိုင်မှုမှာ စုစုပေါင်းတန်ချိန်  ၁  ဒသမ  ၃၁၇ သန်းခန့်ရှိခဲ့ပြီး   ယင်းပမာဏထဲတွင် အိန္ဒိယနိုင်ငံ ဈေးကွက်သို့  တန်ချိန် ငါးသိန်းကျော် အထိ တင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

Source: Myawady

Read times
Rate this item
(1 Vote)